ပြည်ပဲတီစိမ်းဈေးကွက်ကျဆင်းစရာမရှိ

အိန္ဒိယက မြန်မာ့ပဲတီစိမ်းအပေါ် လွတ်လပ်စွာ တင်သွင်းခွင့် ပယ်ဖျက်ပြီး ကန့်သတ်တင်သွင်းရန် ပြင်ဆင်သတ်မှတ်သော်လည်း တရုတ်နိုင်ငံ၏ ဝယ်လိုအားကြောင့် ပြည်ပဲတီစိမ်းဈေးကွက် ကျဆင်းစရာမရှိ

ပြည်ပဲတီစိမ်းဈေးကွက်ကျဆင်းစရာမရှိ

အိန္ဒိယက မြန်မာ့ပဲတီစိမ်းအပေါ်  လွတ်လပ်စွာတင်သွင်းခွင့် ပယ်ဖျက်ပြီး ကန့်သတ်တင်သွင်းရန် ပြင်ဆင်သတ်မှတ်သော်လည်း ပြည်ပဲတီစိမ်းဈေးကွက် ကျဆင်းစရာမရှိကြောင်းသိရသည်။

အိန္ဒိယအစိုးရက မြန်မာနိုင်ငံက ထွက်ရှိသည့် ပဲတီစိမ်းကို ကန့်သတ်တင်သွင်းခွင့်ပြုတဲ့ ကုန်စည်အဖြစ် မူဝါဒပြင်ဆင်သတ်မှတ်ကြောင်း ဖေဖော်ဝါရီလ ၁၁ ရက်နေ့က အိန္ဒိယနိုင်ငံ စီးပွားရေး၊ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ပဲတီစိမ်းအပြင် မတ်ပဲနဲ့ ပဲစဉ်းငုံတို့ကို လွတ်လပ်စွာ (Free) တင်သွင်းခွင့်ပြုသည့် ကုန်စည်အဖြစ် မတ်လကုန်အထိ သတ်မှတ်ခဲ့သော်လည်း ယခုအခါ ပဲတီစိမ်းကို ကန့်သတ်ကုန်စည်အဖြစ် ပြင်ဆင်လိုက်ပြီး ကြေညာချက် ထုတ်ပြန်ခဲ့သည့် ဖေဖော်ဝါရီ ၁၁ ရက် မှ စတင်အကျိုးသက်ရောက်မှု ရှိမည်ဖြစ်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံက ပို့ကုန် မတ်ပဲ ၊ပဲစင်းငုံ များအပေါ်  ကန့်သက်ချက်မရှိသော်လည်း ပဲတီစိမ်း အပေါ် ကန့်သတ်ကုန် သတ်မှတ်လိုက်ခြင်းဖြင့် ဝယ်လိုအားနိုင်ငံများသည့် ပဲတီစိမ်းဈေးကွက်မှာ ဈေးနှုန်းကျဆင်းစရာမရှိကြောင်း၊ မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလကုန်ပိုင်းရက်များတွင် ပဲတီစိမ်း ထွက်ရှိမှု အများဆုံးဖြစ်ပြီး တရုတ်နိုင်ငံကို ပယ်လယ်ရေကြောင်းမှ ပုံမှန်တင်ပို့နိုင်မှုရှိနေခြင်း၊ အခြားနိုင်ငံများ၏ ဝယ်လိုအားရှိနေခြင်းကြောင့် ပြည်တွင်း၌ ဈေးနှုန်းကျဆင်းနိုင်ခြင်းမရှိကြောင်း တစ်နှစ်ပတ်လုံး စိုက်ပျိုး ထုတ်လုပ်နေသည့် ပဲတီစိမ်းမှာ နောင်ဘဏ္ဍာနှစ်တင်ပို့မှုများနှင့် ဆက်သွားနိုင်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှုမြင့်တင်ရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဦးမျိုးသူ ကပြောသည်။

“အိန္ဒိယနိုင်ငံက ကန့်သတ်တယ်ဆိုပေမယ့် မတ်လကုန်ထိ တင်ပို့ခွင့်ရထားပြီးသားပါ။ လက်ရှိဘဏ္ဍာနှစ်နဲ့ ဖြတ်တာပေါ့။ လာမယ့်ဘဏ္ဍာနှစ်နဲ့ ဆက်သွားမှာပါ။ မြန်မာနိုင်ငံမှာလည်း ပဲတီစိမ်းက တစ်နှစ်လုံး ထွက်နေတာဆိုတော့ လည်ပတ်သွားမှာပါ။ လက်ရှိမှာ တင်ပို့အခြေအနေအရ တရုတ်နိုင်ငံကို အများဆုံးတင်ပို့နေတာဖြစ်လို့ သိပ်စိုးရိမ်စရာ မရှိပါဘူး။ လက်ရှိမှာ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီထိ မြန်မာနိုင်ငံကနေ ပဲတီစိမ်းတန်ချိန် ၅၀၀၀၀ ကျော်လောက်ပဲ ထွက်သေးတာပါ။ ဒီအထဲမှ တန်ချိန် ၂၀၀၀၀ ကျော်က တရုတ်ကိုတင်ပို့တာပါ။ စင်ကာပူနိုင်ငံကို တန်ချိန် ၁၄၀၀၀ လောက်တင်ပို့ပါတယ်။ စင်ကာပူနိုင်ငံ တင်ပို့မှုကတဆင့် တင်ပို့မှုတော့ ဖြစ်နိုင်ပါတယ်။ အိန္ဒိယနိုင်ငံကို တိုက်ရိုက်တင်ပို့မှုကတော့ တန် ၁၀၀၀ လောက်ပဲရှိပါတယ်။ ဒါကြောင့် ပဲတီစိမ်းက ပုံမှန်ကုန်သွယ်မှုလမ်းကြောင်းသွားနေတာဖြစ်လို့ ရပ်သွားစရာ မရှိပါဘူး။ ပြည်တွင်းဈေးကွက်ကို ထိခိုက်နိုင်စရာမရှိပါဘူး။ လက်ရှိမှာ ပြည်တွင်း ဒေသအလိုက် ကုန်စည်ဒိုင်တွေမှာ ပဲတီးစိမ်းဈေး ကျဆင်းနေတာမရှိပါဘူး။ နယ်စပ်ကသာမသွားတာ ပင်လယ်ရေကြောင်းကနေ တရုတ်နိုင်ငံကို တင်ပို့နေပါတယ်။ လက်ရှိမှာ ပဲတီစိမ်းထွက်ရှိမှု၏ ၄၀ ရာခိုင်နှုန်းလောက် တင်ပို့နေပါတယ်” ဟု ၎င်းကပြောသည်။

ထို့ပြင် ပြည်တွင်းပဲတီစိမ်းဈေးနှုန်းကျဆင်းမှု မရှိစေရန် စီးပွား/ကူးသန်းက ညှိနှိုင်းအစည်း အဝေး ပြုလုပ်ခဲ့ပြီး EU ဈေးကွက်ကို တိုးမြှင့်တင်ပို့ရန် စီစဉ်နေကြောင်းသိရသည်။ လက်ရှိမှာ ဖေဖော်ဝါရီ ၁၁ ရက်နောက်ပိုင်း အိန္ဒိယဈေးကွက်ကို တင်ပို့ရောင်းချဖို့ စီစဉ်ထားသည့် ပဲတီစိမ်းတွေက ဆိပ်ကမ်းကို ရောက်ရှိနေပြီးဖြစ်ကာ တင်ပို့ဖို့ အခက်အခဲ ကြုံတွေ့နေရသည်ဟု ပဲကုန်သည်များထံမှသိရသည်။

ပို့ကုန်လမ်းကြောင်းတစ်လျှောက် ပဲတီစိမ်းတွေ အိန္ဒိယဈေးကွက်ကို ပုံမှန်တင်ပို့နိုင်ရန် ပြည်တွင်း၌ စိုက်ပျိုးထွက်ရှိလာမည့် ပဲတီစိမ်းများ ဈေးနှုန်းမကျဆင်းစေရေးအတွက် ညှိနှိုင်းအစည်းအဝေးကို စီးပွား/ကူးသန်းဝန်ကြီး ဦးဆောင်ပြီး ဖေဖော်ဝါရီ ၁၄ ရက်နေ့က ပြုလုပ်ခဲ့သည်။

ယင်းအစည်းအဝေးတွင် ဝန်ကြီးဌာနသည် အိန္ဒိယအစိုးရနှင့် ချိတ်ဆက်ပြီး မြန်မာ့ပဲတီစိမ်းကို အိန္ဒိဈေးကွက်ထံ ပုံမှန်တင်ပို့နိုင်ရေး ညှိနှိုင်းဆာင်ရွက်ပေးသွားမည်ဟု ကတိပြုခဲ့ပြီး အသင်းအဖွဲ့များကလည်း ဈေးကွက်တည်ငြိမ်မှုရှိစေရန် EU အပါအဝင် ဈေးနှုန်းပိုမိုရရှိနိုင်မည့် အခြားဈေးကွက်တွေကို တင်ပို့နိုင်ရေးအတွက်လည်း စီမံဆောင်ရွက်သွားရန် လိုအပ်ကြောင်း စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဒေါက်တာပွင့်ဆန်းက ပြောသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တိုဘာလမှ ဖေဖော်ဝါရီလ ၄ ရက်အထိ ပဲတီစိမ်း ၁၄၇,၃၂၆ တန်ကို ပြည်ပနိုင်ငံများထံ တင်ပို့နိုင်ခဲ့ပြီး ၎င်းအနက် အိန္ဒိယဈေးကွက်ကို ၁၈,၈၄၂ တန်၊ ရာခိုင်နှုန်းအားဖြင့် ၁၂ ရာခိုင်နှုန်းခန့် တင်ပို့ထားကြောင်း စီးပွား/ကူးသန်းဝန်ကြီးဌာန၏စာရင်းများအရ သိရသည်။

လက်ရှိပဲတီစိမ်းဈေးကွက်မှာ ယခင်က မြန်မာနိုင်ငံအောက်ပိုင်း ခရမ်း-သုံးခွမှ ပဲတီးစိမ်းရွှေဝါဈေးကွက်သည် မန္တလေးမြို့မှတဆင့် နယ်စပ်ကုန်သွယ်မှုဖြင့် တရုတ်နိုင်ငံသို့ တင်ပို့ခြင်းဖြစ်ရာ ပဲတီစိမ်းဈေးကွက်မှာ မန္တလေးတရုတ်ဝယ်လက်ဈေးကွက်ဖြစ်ခဲ့ရာမှ လက်ရှိ နယ်စပ်ကုန်သွယ်မှုမူဝါဒ အပြောင်းအလဲများကြောင့် ပဲတီစိမ်းဈေးကွက်မှာ ရန်ကုန်ဈေးပဲဈေးကွက်သို့ ပြောင်းရွှေ့နေပြီး တရုတ်နိုင်ငံသို့ ပင်လယ်ရေကြောင်း မှတဆင့်တင်ပို့နေကြောင်း ပဲကုန်သည်များထံမှ သိရသည်။

ရွှေနွယ်ကြိုး

  •  

 

Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/02/18/34a5ce7c44/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 1月 15, 2022 8:46 上午
下一篇 2月 23, 2022 2:34 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....