ချင်းပြည်နယ်တွင်စပါးဧက(၅၉၀၀၀)ကျော်စိုက်ပျိုး

ချင်းပြည်နယ်ခရိုင်(၃)ခရိုင်တွင် တောင်ယာစပါးနှင့် လယ်စပါး ဧက (၅၉၀၀၀)ကျော် စိုက်ပျိုး

ချင်းပြည်နယ်တွင်စပါးဧက(၅၉၀၀၀)ကျော်စိုက်ပျိုး

ချင်းပြည်နယ်ခရိုင်(၃)ခရိုင်တွင် တောင်ယာစပါးနှင့် လယ်စပါး ဧက (၅၉၀၀၀)ကျော် စိုက်ပျိုးနိုင်ခဲ့ကြောင်း ချင်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

“ချင်းပြည်နယ်မှာ စပါးစိုက်ပျိုးတဲ့အခါမှာ တောင်ယာစပါးနဲ့ လယ်စပါးဆိုပြီးတော့(၂)မျိုး စိုက်ပျိုးလေ့ရှိပြီးတော့ တောင်ယာစပါးကို အများဆုံးစိုက်ပျိုးပါတယ်၊ လက်ရှိအချိန်ထိ စိုက်ပျိုးပြီးစီးမှုအနေနဲ့ တောင်ယာစပါးဧက (၃၆၀၀၀)ကျော်နဲ့ လယ်စပါးဧက(၂၃၀၀၀) ကျော်ပေါင်း(၅၉၀၀၀) ဧကကျော် စိုက်ပျိုးနိုင်ခဲ့ပါတယ်”ဟု ချင်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မျိုးဦးက ပြောသည်။

ချင်းပြည်နယ်တွင်စပါးဧက(၅၉၀၀၀)ကျော်စိုက်ပျိုး

ချင်းပြည်နယ်တွင် ၂၀၂၁-၂၀၂၂ စိုက်ပျိုးရာသီအတွင်း ပြည်နယ်အတွင်းရှိ ဟားခါးခရိုင်၊ ဖလမ်းခရိုင် နှင့် မတူပီခရိုင်တို့တွင် တောင်ယာစပါး (၃၆၇၆၉)ဧကနှင့် လယ်စပါး(၂၃၀၆၃)ဧက စုစုပေါင်း(၅၉၈၃၂)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

ခရိုင်အလိုက်စိုက်ပျိုးပြီးစီးမှုအနေဖြင့် ဟားခါးခရိုင်တွင် တောင်ယာစပါး(၆၄၁၀)ဧကနှင့် လယ်စပါး (၇၄၄၈)ဧက၊ ဖလမ်းခရိုင်တွင် တောင်ယာစပါး(၅၅၆၀)ဧကနှင့် လယ်စပါး (၁၁၉၃၃) ဧက၊ မတူပီခရိုင်တွင် တောင်ယာစပါး (၂၄၆၉၉)ဧကနှင့် လယ်စပါး (၃၆၈၂)ဧက စိုက်ပျိုးပြီးစီးခဲ့ခြင်း ဖြစ်သည်။

ချင်းပြည်နယ်အတွင်းရှိ ခရိုင်များတွင် ၂၀၂၁-၂၀၂၂ စိုက်ပျိုးရာသီ၌ စပါးသီးနှံ(၇၈၀၃၈)ဧက စိုက်ပျိုးရန် လျာထားခဲ့ရာ ယခုအချိန်ထိ(၅၉၈၃၂)ဧက စိုက်ပျိုးခဲ့ပြီးဖြစ်သဖြင့် လျာထားချက်အပေါ် (၇၆)ရာခိုင်နှုန်းကျော် အကောင်အထည်ဖော် ဆောင်ရွက်ပြီးဖြစ်ကြောင်းသိရသည်။

စျာန်ထူးကို

  •  

 

Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/02/18/58977c6eeb/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 1月 15, 2022 8:46 上午
下一篇 2月 23, 2022 2:34 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....