မုံရွာမြို့ပထမအကြိမ် ထမနဲထိုး ပြိုင်ပွဲ

မုံရွာမြို့ စစ်ကိုင်းတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတွင် ပထမအကြိမ် ထမနဲထိုး ပြိုင်ပွဲပြုလုပ်

မုံရွာမြို့ပထမအကြိမ် ထမနဲထိုး ပြိုင်ပွဲ

မုံရွာမြို့ရှိ စစ်ကိုင်းတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတွင် ဖေဖော်ဝါရီလ(၁၄)ရက် မွန်းလွဲ(၂)နာရီက ပထမအကြိမ် ထမနဲထိုးပြိုင်ပွဲ ပြုလုပ်ခဲ့ကြကြောင်းသိရသည်။

“ထမနဲထိုးတာဟာ ရှေးမြန်မာမင်းတွေလက်ထက်ကတည်းက ကျင်းပခဲ့ကြတဲ့ (၁၂)လရာသီပွဲတော်တွေထဲက တပို့တွဲလမှာ ကျင်းပရတဲ့ပွဲတော် ဖြစ်ပါတယ်။ ထမနဲထိုးပြိုင်ပွဲကို မြန်မာလူမျိုးတို့ရဲ့ ရိုးရာဓလေ့ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်တတ်စေဖို့၊ အချင်းချင်းစည်းလုံးညီညွတ်မှုနဲ့ တစ်စိတ်တစ်ဝမ်းတည်း ပူးပေါင်းဆောင်ရွက်တတ်ကြစေဖို့ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှာ အစဥ်အလာကောင်းတွေ ထားရှိပေးနိုင်ဖို့ ရည်ရွယ်ပြီး  တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ရုံးတွေက ပြိုင်ပွဲဝင်အသင်းသား၊အသင်းသူတွေကို ဖိတ်ခေါ်ကျင်းပပေးတာ ဖြစ်ပါတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးသန်းလွင်က ပြောသည်။

မုံရွာမြို့ပထမအကြိမ် ထမနဲထိုး ပြိုင်ပွဲမုံရွာမြို့ပထမအကြိမ် ထမနဲထိုး ပြိုင်ပွဲမုံရွာမြို့ပထမအကြိမ် ထမနဲထိုး ပြိုင်ပွဲ

ပြိုင်ပွဲအမှတ်ပေးဒိုင်များက သတ်မှတ်စည်းကမ်းချက်များနှင့်အညီ  ပထမ၊ ဒုတိယ၊ တတိယဆုများ ရွေးချယ်ခဲ့ကြပြီးနောက် ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

စျာန်ထူးကို

  •  

 

Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/02/18/75eef5df64/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 1月 15, 2022 8:46 上午
下一篇 2月 23, 2022 2:34 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....