(၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ဂုဏ်ပြုအခမ်းအနား

 (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားကျင်းပ

(၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ဂုဏ်ပြုအခမ်းအနား

၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဗိုလ်ရှုခံရင်ပြင်၌ ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေ စည်သူ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြားပြီး ဂုဏ်ပြုစစ်ကြောင်းများ၏ အလေးပြုခြင်းကို ခံယူကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ကောင်စီအဖွဲ့ဝင်များ၊ တပ်မတော်မှ အငြိမ်းစား ဗိုလ်ချုပ်ကြီးနှင့် ဒုတိယ ဗိုလ်ချုပ်ကြီးများ၊ NCA စာချုပ်လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း(၇)ဖွဲ့မှ ကိုယ်စားလှယ်များနှင့် NCA စာချုပ်လက်မှတ် ရေးထိုးထားခြင်းမရှိသေးသည့် တိုင်းရင်းသားလက်ကိုင်အဖွဲ့ အစည်း(၄)ဖွဲ့မှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အရာရှိကြီးများ၊ အစိုးရမဟုတ်သောအသင်းအဖွဲ့များနှင့် ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် ဂုဏ်ပြု အခမ်း အနားကျင်းပမည့်ဥပစာရင်ပြင်ရှိ အလေးပြုခံစင်မြင့်သို့ရောက်ရှိရာ အမြောက်တပ်ဖွဲ့က အမြောက်(၂၁)ချက် ပစ်ဖောက်ဂုဏ်ပြုပြီး စစ်ကြောင်းတပ်ခွဲများနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများက အလေးပြုကြသည်။

(၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ဂုဏ်ပြုအခမ်းအနား(၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ဂုဏ်ပြုအခမ်းအနား

ထို့နောက် “ပြည်ထောင်စုအလံတော်”ကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင် ဦးဆောင်၍ တပ်မတော် (ကြည်း၊ ရေ၊ လေ)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အလံစောင့်အဖွဲ့နှင့် တိုင်းရင်းသား တိုင်းရင်းသူများခြံရံကာ နေပြည်တော် မြို့တော် ခန်းမမှ အခမ်းအနားကျင်းပမည့် ဥပစာ ရင်ပြင်သို့ ပြည်ထောင်စုလှေဖြင့် သယ်ဆောင် ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က စိန်ရတု ပြည်ထောင်စု နေ့ ဂုဏ်ပြုအခမ်းအနား ကျင်းပရေးကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းထံ “ပြည်ထောင်စု အလံတော်”ကိုလွှဲပြောင်း ပေးအပ်ပြီးနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက “ပြည်ထောင်စု အလံတော်” အား စင်မြင့်ထက်ရှိ ငွေဖလား၌ စိုက်ထူသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် စစ်ကြောင်းတပ်ခွဲများ၊ အခမ်းအနားသို့ တက်ရောက်လာကြသူများက “ပြည်ထောင်စု အလံတော်”ကို အလေးပြုကြပြီး (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ သစ္စာ အဓိဌာန် ရွတ်ဆိုကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ မိန့်ခွန်းပြောကြားသည်။

ထို့နောက် စိန်ရတု ပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနား ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်ထံ “ပြည်ထောင်စုအလံတော်”ကို လွှဲပြောင်း ပေးအပ်ပြီး “ပြည်ထောင်စု အလံတော်”ကို တစ်နှစ်တာ ရပ်နားမည့် နေပြည်တော်မြို့တော်ခန်းမသို့ တပ်မတော် (ကြည်း၊ ရေ၊ လေ)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အလံစောင့်အဖွဲ့နှင့် တိုင်းရင်းသား တိုင်းရင်းသူ များခြံရံ၍ ပြည်ထောင်စုလှေဖြင့် ပြန်လည်သယ်ဆောင်ကြကြောင်း သိရသည်။

ရှမ်းချန်

  •  

 

Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/02/18/91675ee535/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 1月 15, 2022 8:46 上午
下一篇 2月 23, 2022 2:34 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....