စစ်ကိုင်းတိပိဋကဆရာတော်၏အန္တိမအဂ္ဂိစျာပနကျင်းပ

ဒွါဒသမ စစ်ကိုင်းတိပိဋကဆရာတော်၏ အန္တိမအဂ္ဂိစျာပနကျင်းပ

စစ်ကိုင်းတိပိဋကဆရာတော်၏အန္တိမအဂ္ဂိစျာပနကျင်းပ

ရန်ကုန်မြို့ ၊ သဒ္ဓမ္မမာနိတာရုံကျောင်းတိုက် ဦးစီးပဓာနနာယက၊ မုံရွာမြို့ သဒ္ဓမ္မဇောတက သုဗောဓာရုံကျောင်းတိုက် နာယက ဒွါဒသမတိပိဋကဆရာတော်၏ အန္တိမအဂ္ဂိစျာပနကို ဖေဖော်ဝါရီလ(၁၃)ရက် မွန်းလွဲပိုင်းက မုံရွာမြို့ သဒ္ဓမ္မဇောတက သုဗောဓာရုံကျောင်းတိုက်တွင် ကျင်းပသည်။

အန္တိမအဂ္ဂိစျာပနပူဇာအခမ်းအနားကို အစီအစဥ်(၂)ပိုင်းဖြင့်ကျင်းပရာ ပထမပိုင်းအခမ်းအနားကို သဗ္ဗေသင်္ခါရာ အနိစ္စာ အစရှိသော သံဝေဂဂါထာ(၃)ဂါထာရွတ်ပွား၍ ဖွင့်လှစ်သည်။ ထို့နောက် မဟာသုဗောဓာရုံ ကျောင်းတိုင်ကြီး၏ တွဲဖက်ဦးစီးနာယက မတ္တရာဆရာတော်ကြီးထံမှ သရဏဂုံ သီလခံယူ ဆောက်တည်ကြပြီး ပါမောက္ခချုပ်ဆရာတော်ကြီးမှ ပေးပို့သော သံဝေဇနိယနှင့် ဥယောဇနကထာကို ဖတ်ကြားသည်။ ပထမပိုင်းကို အစီအစဥ်(၈)ရပ်ခွဲကျင်းပခဲ့ပြီး ဒုတိယပိုင်းတွင် အစီအစဥ်(၆)ရပ်ဖြင့်ကျင်းပခဲ့သည်။

စစ်ကိုင်းတိပိဋကဆရာတော်၏အန္တိမအဂ္ဂိစျာပနကျင်းပစစ်ကိုင်းတိပိဋကဆရာတော်၏အန္တိမအဂ္ဂိစျာပနကျင်းပ

ဆရာတော်၏ရုပ်ကလာပ်တော်ကို ကြေးစည်တီး၊ သာသနာ့အလံကိုင်၊ ပန်းအိုးကိုင်၊ ပရိက္ခရာကိုင်၊ ဓာတ်ပုံနှင့်ဘွဲ့တံဆိပ်တော်ကိုင်၊ ထီးမိုးနှင့် နတ်ဗြဟ္မာ(၄)ဦးတို့ ခြံရံပင့်ဆောင်ကာ လောင်တိုက်သို့ ပို့ဆောင်ကြသည်။ ထို့သို့ပို့ ဆောင်ရာတွင် ဆရာတော်၏ရုပ်ကလာပ်တော်ကို တပည့်သံဃာများ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဆွေတော်မျိုးတော်များ၊ ကရုဏာမြင့်မိုရ်အသင်းသားများ၊ မုံရွာ စစ်ကိုင်း မန္တလေး ရန်ကုန် တို့မှ တပည့်ဒါယကာဒါယိကာမများ၊ ရဟန်းဒါယကာ ဒါယိကာမများနှင့် တပည့်သံဃာတော်များက အဆင့်ဆင့်ပင့်ဆောင်ကာ လောင်တိုက်တာဝန်ခံ ကရုဏာမြင့်မိုရ်အသင်းသားများထံ ဆရာတော့် ရုပ်ကလာပ်ကို အပ်နှံသည်။

ထို့နောက်ဆရာတော်၏ ရုပ်ကလာပ်တော်ကို စတီးသံငွေရောင် ခေါင်းတလားတွင် ကရုဏာမြင့်မိုရ်အသင်းသားများက စနစ်တကျပြင်ဆင်၍ အဂ္ဂိစျာပနမီးပူဇော်ခွင့်ပြုရန် ခွင့်တောင်းလွှာရွတ်ဖတ်ပြီး မီးပူဇော်ခဲ့သည်။ မီးပူဇော်စဥ် သံဃာတော်များက အနိစ္စာဝတ သင်္ခါရာ(၃) ဂါထာရွတ်ဆိုပွားများကာ အဂ္ဂိစျာပနအစီအစဥ်ပြီးဆုံးခဲ့ကြောင်း သိရသည်။

စျာန်ထူးကို

  •  

 

Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/02/18/b77407923c/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 1月 15, 2022 8:46 上午
下一篇 2月 23, 2022 2:34 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....