ဒေါ်အောင်ဆန်းစုကြည်အပေါ် ထပ်မံအမှုဖွင့်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် ထပ်မံအမှုဖွင့်

ဒေါ်အောင်ဆန်းစုကြည်အပေါ် ထပ်မံအမှုဖွင့်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၅)နယ် မြေရဲစခန်းတွင် ဖေဖော်ဝါရီ (၃) ရက်၌ ပထမ သတင်းပေးတိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆိုအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ သတင်းရရှိသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် နိုင်ငံရေး ရာထူးလက်ရှိဖြစ်ခဲ့စဉ် ပုဂ္ဂလိကလုပ်ငန်းရှင်တစ်ဦးက ဆောင်ရွက်လျက်ရှိသော စီးပွားရေးလုပ်ငန်း များနှင့်စပ်လျဉ်း၍ လုပ်ငန်းများအဆင်ပြေစေရန်အတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း လှူဒါန်းငွေအဖြစ် အကြောင်းပြ၍ ပေးအပ်သည့် အမေရိကန်ဒေါ်လာ ၅၅၀,၀၀၀ (ငါးသိန်းငါးသောင်း)ကို ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်အတွင်း လေးကြိမ်ခွဲ၍ ရာထူးတာဝန်ကို အလွဲသုံးစားပြုကာ တံစိုးလက်ဆောင်အဖြစ် လက်ခံရယူခဲ့ခြင်း သည် အဂတိလိုက်စားမှု ကျူးလွန်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခင်အမှုမှာလည်း ဇွန်လက တရားစွဲဆိုခဲ့ပြီး နေပြည်တော်သီးသန့်တရားရုံးတွင် ရုံးထိုင်စစ်ဆေးလျက်ရှိကာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည် အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ အရလည်းကောင်း၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန်ဟောင်း ဒေါက်တာမျိုး အောင်၊ ဒုတိယမြို့တော်ဝန် ဟောင်း ဦးရဲမင်းဦးနှင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင်ဟောင်း ဦးမင်းသူ တို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅/၆၃ အရလည်းကောင်း မန္တလေးတိုင်း ဒေသကြီး တရားလွှတ်တော်သို့ တရားစွဲတင်ပို့ခဲ့ခြင်းဖြစ်သည်။

ကောင်းကောင်း

  •  

 

Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/02/23/08079302e3/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 2月 23, 2022 2:43 下午
下一篇 2月 23, 2022 2:44 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....