မုံရွာစာရေးဆရာအသင်းဝင်(၂)ဦး၏စာအုပ်မိတ်ဆက်ပွဲ

မုံရွာမြို့နယ်စာရေးဆရာအသင်းဝင်(၂)ဦး၏ စာအုပ်(၂)အုပ်မိတ်ဆက်ပွဲကျင်းပ

မုံရွာစာရေးဆရာအသင်းဝင်(၂)ဦး၏စာအုပ်မိတ်ဆက်ပွဲ

မုံရွာမြို့နယ်စာရေးဆရာအသင်းဝင်(၂)ဦး၏ စာအုပ်(၂)အုပ်မိတ်ဆက်ပွဲကို ဇန်နဝါရီလ(၂၉)ရက် နံနက်(၁၀)နာရီက မုံရွာမြို့ ရှိ မုံရွာခရိုင်ပြန်ဆက်ရုံးတွင် ကျင်းပသည်။

မဲခေါင်စာပေဆုရ ဆရာနေမင်းသန်း ပြုစုသည့် ဘဝတွက်တာ အရေးပါ ကဗျာသံပေါက်များနှင့် ဆရာမ မဥ္ဇူသက ရေးသားသည့် နှလုံးသွေးနဲ့ရေးတဲ့မှတ်တမ်း(၂)ဆောင်းပါးများ မိတ်ဆက်ပွဲနှင့် လှုဒါန်းပွဲကို ကျင်းပခြင်းဖြစ်သည်။

“မြန်မာ့စာပေသမိုင်းမှာ သံပေါက်ကဗျာနဲ့ပတ်သက်လို့ အရင်ကပညာရှင်တွေ မှတ်တမ်းတင်ရေးဖွဲ့ထားတာ တွေ့ ပေမယ့် မျက်မှောက်ခေတ်မှာ စာတစ်စောင်ပေတစ်ဖွဲ့ တစ်ခုတ်တစ်ရ မတွေ့ရဘဲ နည်းပါးလှပါတယ်။ အဲဒီကွက်လပ်ကိုဖြည့်တဲ့အနေနဲ့ ကဗျာသံပေါက်စာအုပ်ကို ပြုစုခဲ့တာဖြစ်ပါတယ်”ဟု ဆရာနေမင်းသန်း ကပြောသည်။

မုံရွာစာရေးဆရာအသင်းဝင်(၂)ဦး၏စာအုပ်မိတ်ဆက်ပွဲ

အခမ်းအနားတွင် မဲခေါင်စာပေဆုရ ဆရာနေမင်းသန်းက ကဗျာသံပေါက်များစာအုပ် ပြုစုဖြစ်ပုံကို မိတ်ဆက်ဆွေးနွေးပြီး နှလုံးသွေးနဲ့ရေးတဲ့မှတ်တမ်းစာအုပ်နှင့်ပတ်သက်၍ ဆရာမ မဥ္ဇူသက ကမိတ်ဆက်ဆွေးနွေးသည်။

“ဒုတိယမြောက်မှတ်တမ်းတင်ဖြစ်တဲ့ စာအုပ်ဖြစ်ပါတယ်။ ရင်ထဲက ခံစားချက်တွေကို စာအဖြစ် မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။ လောကဖန်တီးရှင်လူသားတွေကို မွေးဖွားပေးတဲ့ မိခင်တွေရဲ့ အလှတရားတွေကို သတိမူ မြင့်တွေ့ ခံစားနိုင်ခဲ့ရင် မှတ်တမ်းရေးဖွဲ့ရတာ တန်ဖိုးတစ်ခုရလိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟု ဆရာမမဥ္ဇူသက ကပြောသည်။

အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ သံပေါက်ကဗျာနှင့် နှလုံးသွေးနဲ့ရေးတဲ့မှတ်တမ်းစာအုပ်(၄၀)စီ၊ စစ်ကိုင်းတိုင်းဒေသကြီး စာကြည့်တိုက်များ ဖောင်ဒေးရှင်းသို့ (၂၀)စီ လှူဒါန်းကြောင်း သိရသည်။

စျာန်ထူးကို

  •  

 

Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/02/23/0ad6b61b1d/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 2月 23, 2022 2:46 下午
下一篇 2月 23, 2022 2:48 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....