ချင်းတွင်းမြစ်ရေလမ်းကြောင်းကောင်းမွန်စေရေး

ချင်းတွင်းမြစ် ရေလမ်းကြောင်း ကောင်းမွန်စေရေး ဆောင်ရွက်လျက်ရှိ

ချင်းတွင်းမြစ်ရေလမ်းကြောင်းကောင်းမွန်စေရေး

ကျပ်သန်း(၄၉၀)ကျော်အသုံးပြု၍ ချင်းတွင်းမြစ်ရေလမ်းကြောင်း ကောင်းမွန်စေရေးဆောင်ရွက်နေကြောင်း စစ်ကိုင်းတိုင်းဒေသကြီး‌ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

“ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒေသ(၆)၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့အနေနဲ့ ချင်းတွင်းမြစ် ရေလမ်းကြောင်းကောင်းမွန်ရေးလုပ်ငန်းများကို နှစ်စဉ်ဆောင်ရွက်ပေးလျက် ရှိပါတယ်။ ယခုဘဏ္ဍာနှစ်မှာ မော်လိုက်မြို့နယ်နဲ့ မုံရွာမြို့နယ်တို့မှာ ရေလမ်းကြောင်း ကောင်းမွန်စေရေး အတွက် နှစ်တန်းသွားရေကာနဲ့ ရေကာအဟောင်းပြုပြင်တာတွေ၊ လျှိုပေါက်အတွင်းမှာရှိတဲ့ သဲနုန်းဖမ်းတဲ့ လုပ်ငန်းတွေကို ဒီဇင်ဘာလ နောက်ဆုံးအပတ်က စတင် ဆောင်ရွက်နေတာဖြစ်ပါတယ်”ဟု လက်ထောက်ညွှန်ကြာရေးမှူး ဦးထက်‌ဇော်ဦး ကပြောသည်။

ချင်းတွင်းမြစ် ရေလမ်းကြာင်းကောင်းမွန်ရေးအတွက် မော်လိုက်မြို့နယ်တွင် နှစ်တန်းသွားတိုင်မျောကြီး ရေကာ အလျား(၁၈၀၀)ပေ နှင့် ရေကာဟောင်း (၃၀၀)ပေ ဆက်ခြင်းလုပ်ငန်းကို ငွေကျပ်(၁၉၇.၁၂၂)သန်းဖြင့် လည်းကောင်း၊ မုံရွာမြို့နယ်တွင် နှစ်တန်းသွားထန်းလုံး ရေကာ အလျား (၁၅၀၀)ပေ၊ ကျိုးပေါက်နေသည့် ရေကာဟောင်းပြန်လည်ပြုပြင်ခြင်းနှင့် လျှိုပေါက်အတွင်းရှိ သဲနုန်းဖမ်း Porcupine အခု(၃၀၀) ချထား ခြင်းလုပ်ငန်းကို ရန်ပုံငွေ(၂၉၆.၁၅၅)သန်းဖြင့်လည်းကောင်း အကုန်အကျခံကာ လုပ်ငန်းများကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလနောက်ဆုံးအပတ်မှစတင် ဆောင်ရွက်နေခြင်းဖြစ်သည်။

ချင်းတွင်းမြစ်ရေလမ်းကြောင်းကောင်းမွန်စေရေးချင်းတွင်းမြစ်ရေလမ်းကြောင်းကောင်းမွန်စေရေး

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ချင်းတွင်းမြစ်ကြောင်းကို အသုံးပြုကာ ကူးသန်းရောင်းဝယ်နေသည့် ခရီးသည်တင်ရေယာဉ်အသင်း ၄၆ အသင်း၊ အစီးရေ ၃၄၆ စီးနှင့် ကုန်တင်ရေယာဉ်အသင်း ၁၉ အသင်း၊ အစီးရေ ၆၀၄ စီးရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

စျာန်ထူးကို

  •  

 

Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/02/23/1de3a9a540/

(1)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 2月 23, 2022 2:53 下午
下一篇 2月 24, 2022 6:25 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....