The9BeijingInternationalArtBiennale တွင်မြန်မာ့အနုပညာလက်ရာပါဝင်

The 9th Beijing International Art Biennale, China တွင် မြန်မာ့အနုပညာလက်ရာနှစ်ခု ပါဝင်

The9BeijingInternationalArtBiennale တွင်မြန်မာ့အနုပညာလက်ရာပါဝင်

တရုတ်နိုင်ငံ ပေကျင်းမြို့ အမျိုးသားအနုပညာပြတိုက်တွင် ကျင်းပလျက်ရှိသည့် The 9th Beijing International Art Biennale, China (BIAB) ၉ ကြိမ်မြောက် ပေကျင်းနိုင်ငံတကာအနုပညာပွဲတော်တွင် မြန်မာနိုင်ငံမှ အနုပညာလက်ရာ နှစ်ခု ပါဝင်ကြောင်း သိရသည်။

အဆိုပါလက်ရာနှစ်မှာ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးနှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနတို့မှ ပူးတွဲစီစဉ်ပေးပို့ခြင်းဖြစ်ပြီး ပါဝင်ပြသထားသောလက်ရာများသည် မြန်မာ့အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများကို အပြည့်အဝဖော်ပြနေပြီး မြန်မာပြည်သူများ၏ ပျော်ရွှင်ချမ်းမြေ့ဖွယ် ဘဝနေထိုင်မှုအပေါ်  လိုလားတောင့်တမှုကို ထုတ်ဖော်ပြသကာ တရုတ်-မြန်မာနှစ်နိုင်ငံနှင့် နိုင်ငံတကာအနုပညာများအကြား ကူးလူးဖလှယ်၊ အပြန်အလှန်လေ့လာအတုယူမှုကို ထိရောက်စွာ မြှင့်တင်ပေးသည်ဟု တရုတ်သံရုံး၏ထုတ်ပြန်ချက်တွင်‌ ဖော်ပြထားသည်။

၂၀၂၂ ခုနှစ် ပေကျင်းဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲ၏ အစီအစဉ်တွင် “ပေကျင်းတွင် ဆုံစည်းခြင်း” အိုလံပစ်ယဉ်ကျေးမှုပွဲတော်နှင့် (၂၂) ကြိမ်မြောက် “ပေကျင်းတွင် ဆုံစည်းခြင်း” နိုင်ငံတကာအနုပညာပွဲတော် ပါဝင်ပြီး “The Light of Life” ဆောင်ပုဒ်ဖြင့် အိုလံပစ်အားကစားစိတ်ဓာတ်နှင့် ကပ်ရောဂါတိုက်ဖျက်ရေး စိတ်ဓာတ်တို့ကို အဓိကထားကာ အသက်၏တန်ဖိုးကို အသိအမှတ်ပြုရန်၊ အထူးသဖြင့် လူသားတို့အသက်၏ ဂုဏ်သိက္ခာ၊ စွမ်းအင်နှင့် တောက်ပမှုတို့ကို ထင်ရှားပေါ်လွင်စေရန် ရည်ရွယ်ကာ ပြုလုပ်ကြောင်း သိရသည်။

The9BeijingInternationalArtBiennale တွင်မြန်မာ့အနုပညာလက်ရာပါဝင်The9BeijingInternationalArtBiennale တွင်မြန်မာ့အနုပညာလက်ရာပါဝင်The9BeijingInternationalArtBiennale တွင်မြန်မာ့အနုပညာလက်ရာပါဝင်

The 9th Beijing International Art Biennale, China (BIAB) ကို ဇန်နဝါရီလ ၂၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိ ကျင်းပလျက်ရှိပြီး ကမ္ဘာ့တိုက်ကြီးငါးတိုက်ရှိ နိုင်ငံနှင့် ဒေသပေါင်း ၁၁၇ ခုမှ အနုပညာရှင် ၅၇၃ ဦး၏ လက်ရာ ၇၀၇ ခု (အုပ်စု) တို့ကို ပြသလျက်ရှိပြီး တစ်ကမ္ဘာလုံး၌ ပါဝင်သည့်နိုင်ငံအရေအတွက် အများဆုံး၊ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း လက်ရာအရေအတွက် အများဆုံးသော အော့ဖ်လိုင်း အပြည်ပြည်ဆိုင်ရာပြပွဲ ဖြစ်ကြောင်း သိရသည်။

မြသုခ

 

Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/02/23/63c07a3c9d/

(1)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 2月 23, 2022 2:46 下午
下一篇 2月 23, 2022 2:47 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....