ရာသီပေါ်ဇီးသီးများပြည်တွင်းစျေးကွက်တွင် ဈေးကောင်းရ

ယခုနှစ်ထွက်ရှိလာသည့် ရာသီပေါ် ဇီးသီးများ တရုတ်နိုင်ငံသို့ တင်ပို့နိုင်ခြင်းမရှိသော်လည်း ပြည်တွင်းစျေးကွက်တွင် ဈေးကောင်းရရှိနေ

ရာသီပေါ်ဇီးသီးများပြည်တွင်းစျေးကွက်တွင် ဈေးကောင်းရ

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်မှ စတင်ထွက်ရှိလာသည့် ရာသီပေါ် ဇီးသီး(ထိုင်ဝမ်သီး)များ တရုတ်နိုင်ငံသို့ တင်ပို့နိုင်ခြင်းမရှိသော်လည်း ပြည်တွင်းစျေးကွက်တွင် ယခင်နှစ်ကထက် ဈေးကောင်းရရှိနေကြောင်း ဇီးသီးစိုက်ပျိုးသူ တောင်သူများထံ သိရသည်။

လက်ရှိအချိန်တွင် ပြည်တွင်းဈေးကွက်အတွင်းသို့ တင်ပို့ရောင်းချရာတွင် ဇီးသီးအလုံးကြီးရှယ်စ တစ်ဖာလျှင် ငွေကျပ် ၁၂၀၀၀၊ ဒုတိယတန်းစား ဇီးသီးအသေးတစ်ဖာလျှင် ငွေကျပ် ၆၀၀၀ မှ ၈၀၀၀၊ ဇီးသီးအသေးသည် ဆာလာအိတ်ဖြင့် တစ်အိတ်လျှင် ငွေကျပ် ၁၂၀၀၀ နှင့် ဂျပ်ဖာဖြင့် တစ်ဖာလျှင်ငွေကျပ် ၇၀၀၀ ဈေးတို့ဖြင့် ရောင်းချနေရကြောင်း၊ ရောင်းချရာတွင် ဝယ်လက်ပွဲစားများ အပြိုင်လုဝယ်နေကြသည့်အတွက် အရောင်းအဝယ်များ သွက်လက်ကာ ဈေးကောင်းရရှိနေကြကြောင်း ပုသိမ်ကြီးမြို့နယ် ဆည်တော်လေး ကျေးရွာမှ ဇီးသီးစိုက်ပျိုးရောင်းဝယ်ရေးပိုင်ရှင် ဦးမြင့်ဆွေ ကပြောသည်။

“မနှစ်ကတော့ ဒီလိုထွက်ရှိတဲ့ ရာသီမှာ ကိုဗစ်-၁၉ ရောဂါဖြစ်တဲ့အချိန်နဲ့ တိုက်ဆိုင်နေတဲ့အတွက် ရောင်းချမှု ကောင်းကောင်းမလုပ်နိုင်ခဲ့ပါဘူး။ ဒီနှစ်တော့ အထွက်နှုန်းကောင်းပြီး စထွက်ထွက်ခြင်းမှာ ဝယ်လိုအားကောင်းတဲ့အပြင် ဈေးနှုန်းလည်း မနှစ်ကထက် ကောင်းနေတယ်။ ပွဲစားတွေ အပြိုင်လုဝယ်နေပါတယ်။ ဇီးသီးက တစ်နှစ်ပတ်လုံးမှ တစ်ခါပဲ ခူးရပါတယ်။ ဇီးပင်ကို ဇွန်လပိုင်းကစပြီး ပြုပြင်ရပါတယ်။ စက်တင်ဘာလထဲဆိုရင် အပွင့်ဝင်ပါပြီ။ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလဆိုရင် ခူးပြီး ရောင်းချနေရပါပြီ။ တရုတ်ဘက်က ပန်းသီးဝင်ရောက်မှု နည်းသွားတာကြောင့် ပြည်တွင်းစားသုံးသူတွေဟာ ပန်းသီးအစား ဇီးသီးကို ဝယ်ယူစားသုံးမှုများနေကြတော့ ဈေးကောင်းရရှိနေပါတယ်။ ယိုစုံလုပ်ငန်းတွေကလည်း ကျန်တဲ့အသီးတွေကမရှိတော့ ဇီးသီးကို အသုံးပြုတာများလာပါတယ်။ ဒီနှစ်မှာ ဇီးသီးရောင်းချရတာ စျေးကောင်းရတော့ အဆင်ပြေပါတယ်” ဟု ၎င်းကပြောသည်။

ယမန်နှစ်ကတည်းက ကိုဗစ်ကြောင့် တရုတ်နိုင်ငံကိုတင်ပို့မှု အခက်အခဲများရှိခဲ့ပြီး ယခုနှစ်မှာလည်း သယ်ယူပို့ဆောင်စရိတ်ကြီးမြင့်ခြင်းကြောင့် ပြည်တွင်းစျေးကိုသာ အားထားတင်ပို့နေရကြောင်း ဇီးပွဲစားများထံမှ သိရသည်။
ရာသီပေါ်ဇီးသီးများပြည်တွင်းစျေးကွက်တွင် ဈေးကောင်းရ
ယခုနှစ်ထွက်ရှိလာသည့် ထိုင်ဝမ်ဇီးသီးများကို ပြည်တွင်းဈေးကွက်သို့ တစ်နေ့လျှင် ဂျပ်ဖာ ၅၀ နှင့် ဆာလာအိတ် ၂၅ အိတ်မှ အိတ် ၃၀ တို့ကို နေ့စဉ်ခူးပြီး တင်ပို့ရောင်းချနေရကြောင်း၊ တင်ပို့ရောင်းချရာတွင် ရန်ကုန်၊ လားရှိုးနှင့် မန္တလေးမြို့များသို့ ရောင်းချရပြီး၊ ရန်ကုန်နှင့် မြန်မာပြည်အောက်ပိုင်းဒေသများသို့ အဓိက အများဆုံးတင်ပို့ရောင်းချနေရကြောင်း၊ လက်ရှိပေါက်ဈေးမှာ ဇီးသီးအမျိုးအစားပေါ်မူတည်၍ တစ်ဖာလျှင် ၆၀၀၀ ကျပ်မှ ၁၂၀၀၀ ကျပ်ထိရရှိနေကြောင်း၊ ပုသိမ်ကြီးမြို့နယ်အတွင်း ဇီးသီးစိုက်ဧကပေါင်း ၁၀၀ ကျော် ရှိပြီး၊ ဇီးသီးတစ်ဧကလျှင် ငွေကျပ် သိန်း ၂၀ နှင့် ၂၅ သိန်းကြား ရရှိကြကြောင်း သိရသည်။

ရွှေနွယ်ကြိုး

  •  

 

Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/02/23/640db5fbf7/

(1)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 2月 23, 2022 2:52 下午
下一篇 2月 23, 2022 2:53 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....