မုံရွာမြို့ရာပြည့်ကျောက်စာကျွန်းသာယာတွင်စိုက်ထူထား

မုံရွာမြို့ မြို့ရာပြည့်ကျောက်စာကို အများလေ့လာနိုင်ရန်အတွက် မုံရွာမြို့ ကန်သာယာရှိ ကျွန်းသာယာတွင် စိုက်ထူထိန်းသိမ်းထားရှိ

မုံရွာမြို့ရာပြည့်ကျောက်စာကျွန်းသာယာတွင်စိုက်ထူထား

မုံရွာမြို့၏ သမိုင်းအထောက်အထားပြည့်စုံသည့် မြို့ရာပြည့်ကျောက်စာကို အများလေ့လာနိုင်ရန်အတွက် မုံရွာမြို့ ကန်သာယာရှိကျွန်းသာယာတွင် ခေတ်အဆက်ဆက် ထိန်းသိမ်းလာရာ ၃၄နှစ်သက်တမ်းရှိပြီ ဖြစ်သည်။

“မုံရွာမြို့ မြို့သက်နှစ်တစ်ရာပြည့် (၁၉၈၈) ခုနှစ်က လှေကူးအင်း(ခေါ်) ကန်သာယာအတွင်း ကျွန်းသာယာပေါ်မှာ ရာပြည့်ကပ်ကျော် မင်္ဂလာစေတီတော်နဲ့ မြို့ရာပြည့်ကျောက်စာကို တည်ထားစိုက်ထူခဲ့တာ အခုဆို ၃၄နှစ်ရှိပါပြီ။ မုံရွာမြို့သမိုင်းလေ့လာလိုသူတွေအတွက် ခိုင်ခိုင်မာမာ မှတ်တမ်းတင်ရေးထိုးထားတဲ့ ကျောက်စာဖြစ်ပါတယ်” ဟု မုံရွာမြို့နေ သမိုင်းသုတေသီတစ်ဦး ကပြောသည်။

မုံရွာသည် ၁၂၅၀ ကဆုန်လပြည့်ကျော် ၁ ရက်နေ့ (၁၈၈၈ ဧပြီ ၂၅)တွင် အလုံစီ ရင်စုအတွင်းရှိ ကျေးရွာအဖြစ်မှ အောက်ချင်းတွင်းခရိုင် မြို့တော်ဖြစ်လာခဲ့ကြောင်း ကျောက်စာတွင်ရေးထိုးထားသည်။

မုံရွာမြို့ရာပြည့်ကျောက်စာကျွန်းသာယာတွင်စိုက်ထူထား

“မြို့သက်နှစ်၁၀၀ ပြည့်တဲ့ ရာပြည့်အထိမ်းအမှတ်အဖြစ် ဘေးအန္တရာယ်ကကင်းဝေးပြီး သာယာဖွံ့ဖြိုးတိုးတက်စေဖို့အတွက် နာယကဆရာတော်ကြီးတွေရဲ့ သြဝါဒကိုခံယူပြီး မြို့ရာပြည့်ကျင်းပရေး ဦးစီးကော်မတီက ကမကထပြုပြီး ကန်သာယာထဲက ကျွန်းသာယာပေါ်မှာ ရာပြည့်ကပ်ကျော် မင်္ဂလာစေတီတော်ကို တည်ထားခဲ့ပါတယ်။ မြို့ရာပြည့်ကျောက်စာကိုလည်း ရေးထိုးစိုက်ထူခဲ့ပါတယ်” ဟု မြို့ရာပြည့်ကျင်းပရေးဦးစီး ကော်မတီဝင်တစ်ဦး ကပြောသည်။

မုံရွာ မြို့ရာပြည့် ကျောက်စာတွင် [မုံရွာမြို့နယ်တွင် နှစ်တစ်သန်းခန့်ကပင် လူသားများ ရှိခဲ့သည်။ ရွှေမြင်တင်တောင်တန်းမှ ရှေးလူ၏ မေးရိုးရုပ်ကြွင်း တွေ့ရခြင်းဖြင့် ထင်ရှားသည်။ ပုဂံခေတ်ကျောက်စာတွင် `မုန်ရွာ`ဟုတွေ့ရသည်။ သာလွန်မင်းစစ်တမ်းတွင် မုန်ရွာ ဟုပင်ဖော်ပြသည်။ ကုန်းဘောင်ခေတ်တွင် အလုံမြို့ စီရင်စုအတွင်းရှိ ကျေးရွာဖြစ်သည်။ မုံရွာ ဟုရေးသည်။ ၁၈၈၂ တွင် အင်္ဂလိပ်ပိုင်မီးသင်္ဘော ပခုက္ကူ-မုံရွာ- ကင်းတပ် ရေလမ်းဖွင့်သည်။ ၁၈၈၅ အထက်မြန်မာနိုင်ငံကို အင်္ဂလိပ်တို့သိမ်းသောအခါ မုံရွာနယ်မှလည်း ပြင်းထန်စွာ ခုခံတွန်းလှန်သည်။ ၁၈၈၇ တွင်လယ်တီကျောင်းတိုက် တည်သည်။ ၁၈၈၈ ဇန်နဝါရီတွင် အရေးပိုင်ရုံးကို အလုံမြို့မှ မုံရွာသို့ပြောင်းရွေ့၍ ဧပြီ၂၅(၁၂၅၀ ကဆုန်လပြည့်ကျော် ၁)တွင် မြူနီစပါယ်ဖွဲ့စည်းကာ အောက်ချင်းတွင်းဒိစတြိတ်မြို့တော် ဖြစ်လာသည်။ လူဦးရေ ၂၀၀၀ ခန့်၊ အိမ်ခြေ၃၄၅နှင့် ရပ်ကွက်နှစ်ခုသာရှိသည်။] ဟုရေးထိုးထားသည်။

မြို့ရာပြည့်ကျောက်စာတွင် မုံရွာမြို့၌ မြစ်ကမ်းတာရိုးတည်သည့်နှစ်၊ မီးရထားလမ်းဖွင့်သည့်နှစ်၊ ကျောင်းများဖွင့်သည့်နှစ်၊ လယ်တီကျောက်စာတိုက်နှင့် မိုးညှင်းသမ္ဗုဒ္ဓေစေတီတည်သည့်နှစ်၊ တာရိုးကျိုး၍ မြို့ထက်ဝက် ရေလွှမ်းသည့်နှစ်၊ ဒုတိယကမ္ဘာစစ်အတွင်း မြို့ပြာကျသည့်နှစ်၊ ဗိုလ်ချုပ်အောင်ဆန်း လူထုတရားပွဲ ကျင်းပသည့်နှစ် စသည်တို့ကို မှတ်တမ်းတင် ရေးထိုးထားသည်။

စျာန်ထူးကို

  •  

 

Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/02/23/8d368fc6c4/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 2月 23, 2022 2:51 下午
下一篇 2月 23, 2022 2:52 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....