မင်္ဂလာဒုံစက်ရုံမှလူနာ(၁၀)ဦးတွင်အိုမီခရွန်တွေ့

ရန်ကုန် မင်္ဂလာဒုံမြို့နယ်ရှိ စက်ရုံတစ်ခုမှ ကိုဗစ်အတည်ပြုလူနာ (၁၀) ဦးတွင် အိုမီခရွန်ရောဂါပိုးတွေ့ရှိ

မင်္ဂလာဒုံစက်ရုံမှလူနာ(၁၀)ဦးတွင်အိုမီခရွန်တွေ့

အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာနတွင် (၂-၂-၂၀၂၂) ရက်နေ့က ဓာတ်ခွဲနမူနာ (၁၀) ခုအား ဓာတ်ခွဲစစ်ဆေးခဲ့ရာ ဓာတ်ခွဲနမူနာ အားလုံးတွင် SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုး တွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အဆိုပါ အိုမီခရွန်ရောဂါပိုးတွေ့ရှိသူ (၁၀) ဦးမှာ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ စက်ရုံလုပ်ငန်းတစ်ခုမှ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ (၁၀) ဦး ဖြစ်ပြီး ၎င်းတို့အနက် ရောဂါလက္ခဏာရှိသူ (၃) ဦးအား သတ်မှတ်ဆေးရုံတွင်လည်းကောင်း၊ ကျန်လူနာ (၇) ဦးအား သီးခြားခွဲခြားထားရှိ၍ လည်းကောင်း ကုသစောင့်ရှောက်မှု ဆောင်ရွက်ထားရှိပြီး ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လျက် ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

(၂-၂-၂၀၂၂)နေ့အထိ SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုးတွေ့ရှိသူဦးရေ စုစုပေါင်း (၃၂၀) ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

ကိုခန့်

 

Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/02/23/ac2a3b279c/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 2月 23, 2022 2:45 下午
下一篇 2月 23, 2022 2:46 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....