မြန်မာကောင်စစ်ဝန်ချုပ် ကျန့်ကျန်းသို့သွားရောက်

တရုတ်နိုင်ငံတွင် ထိန်းသိမ်းခံရသည့် မြန်မာနိုင်ငံသားကိစ္စရပ်များ ဆောင်ရွက်ရန် မြန်မာကောင်စစ်ဝန်ချုပ်နှင့်အဖွဲ့ ကွမ်တုန်းပြည်နယ်၊ ကျန့်ကျန်းမြို့သို့ သွားရောက်


မြန်မာကောင်စစ်ဝန်ချုပ် ကျန့်ကျန်းသို့သွားရောက်

တရုတ်နိုင်ငံ နန်နင်းမြို့၊ မြန်မာ ကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးကျော်စိုးသိန်းနှင့် အဖွဲ့သည် ဇန်နဝါရီလ (၂၃) ရက်နေ့မှ (၂၅) ရက်နေ့အထိ ကွမ်တုန်း ပြည်နယ်၊ ကျန့်ကျန်းမြို့သို့ သွားရောက်ပြီး ထိန်းသိမ်းခံရသည့် မြန်မာနိုင်ငံသားကိစ္စရပ်များ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


တရုတ်နိုင်ငံသို့ တရားမဝင် ဝင်ရောက်မှု၊ နေထိုင်မှု၊ အလုပ်လုပ်ကိုင်မှုတို့ဖြင့် ကွမ်တုန်းပြည်နယ်၊ ပြည်သူ့လုံခြုံရေးဌာနအောက်ရှိ ထိန်းသိမ်းရေးစခန်းများတွင် ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသည့် မြန်မာနိုင်ငံသားဟု ထွက်ဆိုသူများအား မြန်မာနိုင်ငံသို့ ဆောလျင်စွာ ပြန်လည်ပို့ဆောင်နိုင်ရေး အတွက် နိုင်ငံသားစိစစ်ရေးကိစ္စရပ်များ ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

မြန်မာကောင်စစ်ဝန်ချုပ် ကျန့်ကျန်းသို့သွားရောက်

ကျန့်ကျန်းမြို့၊ ပြည်သူ့လုံခြုံရေး ဌာနတွင် တပ်ဆင်ထားသည့် ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ဟွေ့ကျိုးမြို့နှင့် ကွမ်ကျိုးမြို့ရှိ ထိန်းသိမ်းရေး စခန်းများတွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားဟု ထွက်ဆိုသူ (၃၉၀)ဦးအား ဗွီဒီယို အင်တာဗျူး ပြုလုပ်ခဲ့သည်။

ကောင်စစ်ဝန်ချုပ်နှင့် အဖွဲ့သည် ဇန်နဝါရီလ (၂၃) ရက်နေ့ နံနက်ပိုင်းတွင် ကျန့်ကျန်းမြို့၌ ကွမ်တုန်းပြည်နယ်၊ ပြည်သူ့လုံခြုံရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံသား စိစစ်ရေးနှင့်ပတ်သက်ပြီး ဖြစ်ပေါ်တိုးတက်မှုများ၊ အခက်အခဲများ၊ နောင်ပူးတွဲလုပ်ဆောင်မည့် လုပ်ငန်းစဉ်တို့ကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကောင်းကောင်း

Photo: MOFA



Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/02/23/be0cc16428/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 2月 18, 2022 1:05 下午
下一篇 2月 23, 2022 2:36 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....