အိုမီခရွန် ရောဂါပိုးကို ဓာတ်ခွဲနမူနာ (၃၇) ခုတွင် ထပ်မံတွေ့ရှိကြောင်း ထုတ်ပြန်
ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာများမှ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများ၏ ဓာတ်ခွဲနမူနာများအနက် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုး တွေ့ရှိနိုင်သည့် သံသယ ဖြစ်ဖွယ် ဓာတ်ခွဲနမူနာများအား ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇ စစ်ဆေးခြင်းကို (၂၄-၁-၂၀၂၂) ရက်နေ့က ဆောင်ရွက်ခဲ့ရာ SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုးကို ဓာတ်ခွဲနမူနာ (၃၇) ခုတွင် တွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
အဆိုပါ အိုမီခရွန်ရောဂါပိုးတွေ့ရှိသူ မြန်မာနိုင်ငံသား (၃၆) ဦးနှင့် နိုင်ငံခြားသား (၁) ဦးမှာ Relief Flight များဖြင့် ဝင်ရောက်လာသူများဖြစ်ပြီး ယူအေအီးနိုင်ငံမှ (၁၅) ဦး၊ မလေးရှားနိုင်ငံမှ (၇) ဦး၊ အိန္ဒိယနိုင်ငံမှ (၆) ဦး၊ ကိုရီးယားနိုင်ငံမှ (၄) ဦး၊ စင်ကာပူနိုင်ငံမှ (၃) ဦး၊ ထိုင်းနိုင်ငံမှ (၁) ဦးနှင့် ရုရှားနိုင်ငံမှ (၁) ဦးတို့ ဖြစ်သည်။
(၂၄-၁-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအချိန် ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၉၂) ဦး တွေ့ရှိရပြီး ယနေ့အထိ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၅၃၄,၁၆၃) ဦး ရှိပြီ ဖြစ်ကာ ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း (၅၁၂,၃၃၁) ဦး၊ သေဆုံးသူစုစုပေါင်း (၁၉,၃၁၀) ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
ရှမ်းချန်
Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/02/23/c74c83b858/