တရုတ်သို့ မြန်မာ့ပြောင်းဆံ တရားဝင် တင်ပို့ခွင့်ရပြီ

တရုတ်နိုင်ငံသို့ မြန်မာ့ပြောင်းဆံ တရားဝင် တင်ပို့ခွင့်ရပြီ

တရုတ်သို့ မြန်မာ့ပြောင်းဆံ တရားဝင် တင်ပို့ခွင့်ရပြီ

တရုတ်နိုင်ငံကို ပြောင်းဆံ တရားဝင်တင်ပို့နိုင်ဖို့ စစ်ဆေးခြင်းနှင့် ပိုးမွှားကင်းစင်ရေး သဘောတူညီချက် (SPS Protocol)ကို ပြီးခဲ့သည့် ဇန်နဝါရီ ၃၁ ရက်နေ့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန (မြန်မာ) နှင့် အရည်အသွေးစစ်ဆေးရေးနှင့် ကွပ်ကဲရေးအာဏာပိုင်အဖွဲ့-AQSIQ(တရုတ်)တို့ လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။

အဆိုပါသဘောတူညီချက်အရ မြန်မာ့ပြောင်းဆံကို ပင်လယ်ရေကြောင်းနှင့် နယ်စပ်လမ်းကြောင်းတို့မှ တရားဝင် တင်ပို့ရောင်းချနိုင်မည်ဖြစ်ပြီး တရုတ်-မြန်မာနှစ်နိုင်ငံအကြား တရားဝင် စိုက်ပျိုးရေးကုန်သွယ်မှုကို မြှင့်တင်ပေးကာ ပြောင်းစိုက်တောင်သူများ၏ အကျိုးစီးပွားပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်းသိရသည်။

SPS Protocol သည် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန်များကို အဓိက ကုန်သွယ်ဖက်ဖြစ်သည့် တရုတ်နိုင်ငံကို တရားဝင် တင်ပို့နိုင်ရေးအတွက် မရှိမဖြစ် လိုအပ်ချက်တစ်ခုလည်း ဖြစ်သည်။ MoALI နှင့် GACC တာဝန်ရှိသူတို့က ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခဲ့သည့် တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ခရီးစဉ်အတွင်း ဆန်နှင့် ဆန်ကွဲတင်ပို့မှုဆိုင်ရာ SPS Protocol အတွက် လိုအပ်သည့် သဘောတူညီချက်များကို လက်မှတ်ရေးထိုးထားသည်။

လက်ရှိတွင် ကျွဲ၊ နွားအရှင်များ တရားဝင်ရောင်းဝယ်မှု ဆက်လက်ပြုလုပ်နိုင်ရန် သက်ဆိုင်ရာ နယ်စပ်ကုန်သွယ်ရေးစခန်းများ၌ တိရစ္ဆာန်များ၏ ကျန်းမာရေးစစ်ဆေးရေးအဖွဲ့များကို ဖွဲစည်းဆောင်ရွက်နေပြီး ကွတ်ခိုင်မြို့နယ်တွင် စစ်ဆေးရေးစခန်းတစ်ခု တည်ဆောက်ထားကြောင်း သိရသည်။

လတ်တလောတွင် ပဲပုပ်၊ ပီလောပီနံနှင့် ကန်စွန်းဥအတွက် MoALI နှင့် တရုတ်လုပ်ဖော်ကိုင်ဖက်တို့အကြား ညှိနှိုင်းမှုများ ဆက်တိုက်ပြုလုပ်နေပြီး နာနတ်သီး၊ ထောပတ်သီး၊ ကျွဲကော၊ သံပုရာသီးနှင့် ကွမ်းသီစေ့တွေ တရားဝင် တင်ပို့နိုင်ရေး SPS Protocol အစီအမံတွေကို ညှိနှိုင်းနေဆဲဖြစ်ကြောင်းသိရသည်။

၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံက လယ်ယာထွတ်ကုန်များ၊ မွေးမြူရေးနှင့် ရေထွက်ပစ္စည်းတန်ဖိုး အမေရိကန်ဒေါ်လာ ၅.၄၂၇ ဘီလီယံကို တရုတ်နိုင်ငံကို တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း စီးပွား/ကူးသန်းဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

ရွှေနွယ်ကြိုး

  •  

 

Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/02/23/c7d9e4b4ff/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 2月 23, 2022 2:38 下午
下一篇 2月 23, 2022 2:40 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....