မုံရွာကုန်စည်ဒိုင်သို့ပဲတီစိမ်း၊နှမ်းအဝင်များ

မုံရွာမြို့ မုံရွာကုန်စည်ဒိုင်သို့ ပဲတီစိမ်း၊ နှမ်းမျိုးစုံနှင့် ပဲစဉ်းငုံ အဝင်များနေ

မုံရွာကုန်စည်ဒိုင်သို့ပဲတီစိမ်း၊နှမ်းအဝင်များ

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ မုံရွာကုန်စည်ဒိုင်သို့ ပဲတီစိမ်း၊ နှမ်းမျိုးစုံ နှင့် ပဲစဉ်းငုံ အဝင်များနေကြောင်း မုံရွာကုန်စည်ဒိုင်ပြန်ကြားရေးတာဝန်ခံ ဦးတင်ကိုကို ထံမှသိရသည်။

“ပဲတီစိမ်းအသေးနဲ့အကြီးက တစ်ရက်ကို ၁၉ပိသာတစ်တင်း အိတ် ၂၀၀၀ လောက် ဝင်ပါတယ်။ ပဲစဥ်းငုံက တစ်ရက်ကို အိတ်ရေ ၇၀၀၀ လောက်ဝင်ပါတယ်။ ပဲတီစိမ်းအသေးစျေးက ၄၄၅၀၀ ကျပ်၊ အကြီးက ၃၇၀၀၀ ကျပ်ကနေ ၄၀၀၀၀ ကျပ်အထိ ရှိပါတယ်။ ပဲတီစိမ်းက စျေးတန့်နေတယ်။ ပဲတီစိမ်းက ချင်းတွင်းမြစ်အနောက်ဖက် ယင်းမာပင်၊ ပုလဲနယ်၊ယောနယ်၊ ကလေးနယ်၊ ဘုတလင် စတဲ့ဒေသတွေက ဝင်နေတာပါ။ ပဲစဥ်းငုံက တစ်တင်းကို ၄၂၃၀၀ ကျပ်စျေးပါ။ ၄၄၅၀၀ ကျပ် ကနေ စျေးပြန်ကျသွားတာပါ။ ပဲစဥ်းငုံက မုံရွာမြို့ဝန်းကျင် ဘုတလင်နယ်၊ ယင်းမာပင်နယ်၊ တောင်ဖက်နယ်တွေက ဝင်နေပါတယ်”ဟု ဦးတင်ကိုကို ကပြောသည်။

မုံရွာကုန်စည်ဒိုင်သို့ နေ့စဥ် ဝင်နေသော ပဲစဥ်းငုံနှင့်ပဲတီစိမ်းအသေးကို ရန်ကုန်ဝယ်လက်မှ ပြန်ဝယ်နေပြီး ပဲတီစိမ်းအကြီးကို မန္တလေးဝယ်လက်က တရုတ်နိုင်ငံသို့ ပို့ရန်ဝယ်ယူနေသည်။ လတ်တလောတွင် ပဲတီစိမ်းစျေးကကျနေပြီး ပဲစဥ်းငုံစျေးကတောက်လျှောက်တက်လာပြီးမှ ယခုပြန်ကျသွားကြောင်းသိရသည်။
မုံရွာကုန်စည်ဒိုင်သို့ပဲတီစိမ်း၊နှမ်းအဝင်များမုံရွာကုန်စည်ဒိုင်သို့ပဲတီစိမ်း၊နှမ်းအဝင်များ
မုံရွာကုန်စည်ဒိုင်သို့ နှမ်းအုပ်စု တစ်ရက်လျှင် ၁၉ပိသာတစ်တင်းအိတ်ရေ ၂၀၀၀ ကျော်ဝင်နေပြီး တရုတ်နိုင်ငံသို့ပို့နေသည့် နှမ်းနက်နှင့် ဂွနှမ်းများ ထွက်နေကြောင်းသိရသည်။

“နှမ်းကနယ်စုံဝင်ပါတယ်။ မုံရွာရဲ့မြောက်နယ်၊ အနောက်နယ်၊ အရှေ့နယ်တို့က တစ်ရက်ကိုအိတ် ၂၀၀၀ ကျော်လောက် ဝင်နေပါတယ်။ နှမ်းနက်နဲ့ဂွနက်က အဝင်များသလို တရုတ်ကို အထွက်များတယ်”ဟု ဦးတင်ကိုကို ကပြောသည်။

မုံရွာနယ်နှင့်ဝန်းကျင်တွင် ပြောင်းဖြူနှင့်ပြောင်းနီများ ပေါ်လာပြီဖြစ်ပြီး တစ်တင်းလျှင် ကျပ်၂၀၀၀ခန့် စျေးတက်နေသည်။ ပြောင်းဖြူ၊ ပြောင်းနီများ နယ်စုံကဝင်နေပြီး မန္တလေးစျေးကွက်သို့ထွက်သလို တိရစ္ဆာန်အစာလိုင်း စျေးကွက်သို့လည်း စီးဆင်းကြောင်းသိရသည်။

မုံရွာကုန်စည်ဒိုင် ဖွင့်ထားသော်လည်း ကုန်သည်၊ စက်ပိုင်နှင့် ပွဲစားများလာရောက်မှုမရှိဘဲ အွန်လိုင်းမှသာ အရောင်းအဝယ်ပြုလုပ်နေကြသကဲ့သို့ ဆိုင်ရာလက်ဖက်ရည်ဆိုင်တွင် စုဖွဲ့၍ အရောင်းအဝယ် လုပ်ကြကြောင်း သိရသည်။

စျာန်ထူးကို

  •  

 

Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/02/23/f4fa5bc34b/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 2月 23, 2022 2:48 下午
下一篇 2月 23, 2022 2:50 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....