ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲတော် (၁)

စည်းလုံးညီညွတ်သောကမ္ဘာဖြစ်ရေးကိုပုံဖော်၊ ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲတော် (၁)

ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲတော် (၁)

စည်းလုံးညီညွတ်တဲ့ကမ္ဘာကြီးဖြစ်ရေးဆိုတဲ့ ကြီးမားတဲ့မျှော်မှန်းချက်တစ်ရပ်ကို ထည့်သွင်းပုံဖော်ထားတဲ့ ပေကျင်းဆောင်းရာသီပွဲတော်ကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၄ရက်နေ့မှာ စတင်ဖွင့်လှစ်ကျင်းပနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

တကယ်တော့ ဒီဆောင်းရာသီအိုလံပစ်ပွဲတော်ဟာ ဂျပန်နိုင်ငံမှာ လွန်ခဲ့တဲ့ခုနစ်လခန့်က ကျင်းပပြီးစီးခဲ့တဲ့ နွေရာသီအိုလံပစ်ပွဲတော်အပြီး ဆက်လက်ကျင်းပနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာနွေရာသီအိုလံပစ်အားကစားပွဲတော်ကို ၂၀၂၀ပြည့်နှစ်ကတည်းကကျင်းပဖို့ စီစဥ်ထားခဲ့ပေမယ့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပြန့်နှံ့မှု မြင့်မားခဲ့တာကြောင့် ဂျပန်အိုလံပစ်ပွဲတော်ကို ၂၀၂၁ခုနှစ် ဇူလိုင်လ မှာ ပြောင်းရွေ့ကျင်းပခဲ့ရတာပဲ ဖြစ်ပါတယ်။ အခုကျင်းပတဲ့ ပေကျင်းဆောင်းရာသီအိုလံပစ်ကာလမှာလည်း ကိုဗစ်-၁၉ ရောဂါဟာ အကင်းမသေသေးဘဲ ကူးစက်ပြန့်နှံ့နေဆဲဖြစ်ပါတယ်။ သို့ပေမယ့် ပြိုင်ပွဲတာဝန်ရှိသူတွေ၊ အားကစားသမားတွေဟာ ကိုဗစ်စည်းကမ်းချက်တွေနဲ့အညီ စနစ်တကျ လိုက်နာဆောင်ရွက်ခဲ့လို့ ဒီပြိုင်ပွဲကြီးကို အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တာပဲဖြစ်ပါတယ်။     

ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲတော် (၁)ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲတော် (၁)ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲတော် (၁)

ပေကျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ပေကျင်းမြို့ရဲ့ အထင်ကရအားကစားရုံကြီးဖြစ်တဲ့ အမျိုးသားအားကစားရုံကြီး (ငှက်သိုက်အားကစားရုံကြီး)မှာ ကျင်းပခဲ့ပါတယ်။ အဲဒီအားကစားရုံကြီးဟာ ၂၀၀၈ခုနှစ် ပေကျင်းနွေရာသီအိုလံပစ်ပွဲတော် ကျင်းပခဲ့ရာ ထင်ရှားတဲ့အားကစားကွင်းကြီးတစ်ခုပဲ ဖြစ်ပါတယ်။ ဒီငှက်သိုက်အားကစားကွင်ကြီး တည်ဆောက်မှုဟာ လက်ရာမြောက်လှပါတယ်။ တာဝန်ရှိသူတွေရဲ့အဆိုအရ အဲဒီအားကစားကွင်းကြီးမှာ ဖွင့်ပွဲနဲ့ပိတ်ပွဲကိုသာ ကျင်းပမယ်လို့သိရပါတယ်။

ဖွင့်ပွဲအခမ်းအနားမှာ ထူးခြားချက်တစ်ရပ်ကတော့ ဆောင်းရာသီရဲ့ သင်္ကေတဖြစ်တဲ့ နှင်းပွင့်လေးတွေကို ပုံဖော်တဲ့ပြကွက်ပဲ ဖြစ်ပါတယ်။ ညအမှောင်မှာ နိုင်ငံအလိုက်ကိုယ်စားပြုတဲ့ နှင်းပွင့်ငယ်လေးတွေဟာ လေပေါ်ပျံဝဲတက်လာပြီး အားလုံးပေါင်းစည်းပြီးနောက် နှင်းပွင့်ကြီးတစ်ပွင့်အဖြစ် စုစည်းပေါ်ထွက်လာတာပဲ ဖြစ်ပါတယ်။ အလွန်လှပတဲ့မြင်ကွင်းဖြစ်သလို ကမ္ဘာ့နိုင်ငံများရဲ့ ပေါင်းစည်းညီညွတ်ခြင်းကို ပီပြင်စွာ သရုပ်ဖော်နိုင်တာ တွေ့ရပါတယ်။

အခမ်းအနားကို တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်က ဖွင့်လှစ်ပေးခဲ့ပြီး အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ Mr.Bach ကအဖွင့်မိန့်ခွန်းပြောကြားခဲ့ပါတယ်။

အိုလံပစ်ကော်မတီဥက္ကဋ္ဌရဲ့အဖွင့်မိန့်ခွန်းမှာ-
 “မတူကွဲပြားမှုတွေ၊ ပဋိပက္ခတွေ၊ မယုံကြည်မှုတွေ မြင့်တက်ပြီး ပျက်စီးလွယ်တဲ့ ယနေ့ကမ္ဘာကြီးမှာ တစ်ချိန်တည်းမှာပဲ ဒီပြိုင်ပွဲဟာ နိုင်ငံအချင်းချင်း၊ အားကစားသမားအချင်းချင်း စည်းလုံးညီညွတ်စွာ၊ ငြိမ်းချမ်းစွာ၊ အပြန်အလှန်လေးစားမှုရှိစွာနဲ့ ပြိုင်ပွဲကို အားကြိုးမာန်တက် ယှဥ်ပြိုင်နိုင်ကြတယ်ဆိုတာ ကမ္ဘာကို ပြသနိုင်မယ့်ပွဲပဲ ဖြစ်ပါတယ်။

ဒီလိုငြိမ်းချမ်းစွာအတူတကွယှဥ်ပြိုင်ခြင်းဖြင့် အချင်းချင်းစည်းလုံးညီညွတ်မှုကို ဖော်ပြနိုင်တယ်ဆိုတဲ့အချက်ဟာ ဒီအိုလံပစ်ပြိုင်ပွဲရဲ့ ရည်မှန်းချက်ပဲ ဖြစ်ပါတယ်။ ကျွန်ုပ်တို့တစ်တွေဟာ အမြဲတမ်းပေါင်းကူးတံတားတွေပဲ တည်ဆောက်ကြမယ်၊ ဘယ်တော့မှ ပိုင်းခြားတဲ့နံရံတွေမစိုက်ထူ၊ မတည်ဆောက်ဘူး၊ ကျွန်ုပ်တစ်တွေဟာ ဘယ်လိုပင်မတူကွဲပြားနေကြပါစေ၊ ဒီပြိုင်ပွဲကတစ်ဆင့် လူသားတွေပေါင်းစည်းနိုင်တယ်ဆိုတာ ကမ္ဘာကိုပြသနိုင်ဖို့ပဲ ဖြစ်ပါတယ်”လို့ ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။

တကယ်တော့ ပေကျင်းဆောင်းရာသီအိုလံပြိုင်ပွဲမှာ ဖော်ပြပါထူးခြားချက်ဝိသေသရှိရုံတင်မက အခြားထူးခြားချက်တစ်ခုလည်း ရှိပါသေးတယ်။ ဒီပြိုင်ပွဲမှာအသုံးပြုတဲ့ မီးရှုးတိုင်တွေ၊ လောင်စာတွေကတစ်ဆင့် ထွက်ပေါ်လာမယ့် ကာဗွန်ဒိုင်အောက်ဆိုဒ်ကို လျှော့ချနိုင်ခြင်းပဲဖြစ်ပါတယ်။ ဒီအိုလံပစ်အားကစားပွဲတော်ရဲ့ လက်ဆင့်ကမ်းလှုပ်ရှားမှုမှာ အသုံးပြုတဲ့မီးရှုးတိုင်တွေမှာ လောင်စာအဖြစ် ဟိုက်ဒြိုဂျင်ကိုအသုံးပြုထားတာပဲ ဖြစ်ပါတယ်။ ဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲသမိုင်းမှာ မီးရှုးတိုင်းရဲ့သုညကာဗွန်ထုတ်လွှတ်မှုကို ပထမဆုံးအကြိမ် အကောင်အထည်ဖော်နိုင်တာဖြစ်တယ်လို့ သိရပါတယ်။ ၎င်းမီးရှုးတိုင်မျိုးဟာ အဆင့်၁၀ဆင့်ရှိတဲ့ လေပြင်း၊ သုညအောက်၄၀ဒီဂရီစင်တီဂရိတ်ရှိတဲ့ လေထုအပူချိန်၊ မိုးသည်းထန်းစွာရွာသွန်းမှုနဲ့ ပင်လယ်ရေပြင်အထက် မီတာ၅၀၀၀အမြင့်ရှိတဲ့နေရာ စတဲ့ဆိုးရွားသဘာဝအခြေအနေမျိုးမှာတောင် တည်ငြိမ်စွာ လောင်ကျွမ်းနိုင်တယ်လို့ ဆိုပါတယ်။ ဒါတင်မက ဟိုက်ဒြိုဂျင်လောင်စာသုံး ဘတ်စကားတွေနဲ့ လျှပ်စစ်ယာဥ်တွေဟာ အိုလံပစ်ပွဲမှာ ဝန်ဆောင်မှုပေးတဲ့ယာဥ်တွေ စုစုပေါင်းရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းရှိတယ်လို့ ဆိုပါတယ်။

ပြောရရင် ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲတော် ဖြစ်ပေါ်လာခြင်းရဲ့အစဟာ ၂၀၁၃ခုနှစ်ကလို့ ဆိုရမှာဖြစ်ပါတယ်။ ၂၀၂၂ခုနှစ် ဆောင်းရာသီအိုလံပစ်တော်အတွက် ကျင်းပမယ့်မြို့ကို နိုင်ငံများက ၂၀၁၃ခုနှစ် နိုဝင်ဘာ၁၄ရက် နောက်ဆုံးထားပြီး လျှေက်ထားကြရပါတယ်။ လျှောက်ထားမှုတွေကို အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီက စိစစ်ရွေးချယ်ပါတယ်။

အပိုင်း(၂)ဆက်လက်ဖတ်ရှုပါရန် –

မြင့်ဝေလှိုင်

  •  

 

Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/02/24/0c0eec2b28/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 2月 23, 2022 2:54 下午
下一篇 2月 28, 2022 1:42 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....