၂၀၂၂ ခုနှစ် ဆောင်းရာသီ အိုလံပစ် အားကစားပွဲတော်ကြီးနှင့်ပတ်သက်ပြီး မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း ဗဟိုအလုပ်အမှုဆောင် ဦးစိန်ညွန့် က သူ၏အမြင်ကို ယခုလိုပြောပါတယ်။
“တကယ်တော့ အိုလံပစ်ပွဲတော်ဆိုတာ အပြန်အလှန် နားလည်လေးစားမှု၊ ချစ်ခင်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှု၊ တရားမျှတစွာယှဉ်ပြိုင်မှု တို့ကိုဖော်ဆောင်တာဖြစ်ပြီးတော့ အားကစားပြိုင်ပွဲမှာ နိုင်ငံရေးတွေ ရောယှက်နေတာမျိုးတော့ မဖြစ်သင့်ဘူးလို့ ထင်ပါတယ်။ သို့သော်လည်း ရှေးယခင်ကတည်းက အိုလံပစ်ပွဲတော်မှာ ယခုလိုပဲ အားကစားနဲ့မဆိုင်တဲ့ ပြသနာမျိုးတွေ ဖြစ်ခဲ့ပါတယ်။ ယခင်မြူးနစ်အိုလံပစ်မှာ ဆိုလည်း အားကစားသမားတွေ လုပ်ကြံသတ်ဖြတ်ခံရတာမျိုး အခုလိုပဲ သပိတ်မှောက်တာမျိုး ထွက်ခွာသွားတာမျိုးတွေလည်း တွေ့ကြုံခဲ့ရတာရှိပါတယ်။ ဒီနှစ် ဆောင်းရာသီ အိုလံပစ်ပွဲတော်ကြီးမှာ ထူးထူးခြားခြား သတိပြုမိတာကတော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အလေးထားတယ်ဆိုတာပါပဲ။ အစဉ်အလာအရ သယ်ဆောင်တဲ့ အိုလံပစ် မီးရှူးတိုင်ဟာ ဒီနှစ်မှာ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ကို အသုံးပြုတဲ့အတွက် ကာဗွန်ထွက်ရှိမှုမရှိဘူးဆိုတာ တွေ့ရပါတယ်။ အလားတူပဲ အားကစားရွာတွေမှာ အလင်းရောင်ပေးတာနဲ့ အအေးဓာတ်ပေးတဲ့နေရာမှာ Green Energy လို့ခေါ်တဲ့ နေစွမ်းအင်၊ လေစွမ်းအင်အသုံးပြုတာကို ပထမဆုံးအကြိမ် တွေ့ရှိရပါတယ်။ တစ်ခါ ဖွင့်ပွဲအခမ်းအနားကို ကြည့်ခဲ့ရပြီးနောက် တရုတ်နိုင်ငံအနေနဲ့ ကြီးကျယ်ခမ်းနားစွာ ဖော်ဆောင်နိုင်ပြီး စွမ်းအားပြည့်အသုံးချနိုင်တာကိုလည်း တွေ့ရှိရပါတယ်။ ဒါကတော့ ကျွန်တော့်ရဲ့ ပုဂ္ဂလိက အမြင်ပါပဲ။”
Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/02/24/8fcedc2552/