ပြောင်းဈေး ၁၇ ရာခိုင်နှုန်းအထိ မြင့်တက်လာ

ထိုင်းနိုင်ငံသို့ ပြောင်းပြန်လည်တင်ပို့ချိန် ယခင်နှစ်ထက် ပြောင်းဈေး ၁၇ ရာခိုင်နှုန်းအထိ မြင့်တက်လာ

ပြောင်းဈေး ၁၇ ရာခိုင်နှုန်းအထိ မြင့်တက်လာ

ထိုင်းနိုင်ငံက ပြောင်းတင်ပို့မှုကို အကောက်ခွန်သက်သာခွင့်ပေးလိုက်သည့်အတွက် တင်ပို့မှုများလာပြီး ပြီးခဲ့တဲ့နှစ်နဲ့ နှိုင်းယှဉ်ပါက ၁၇ ရာခိုင်နှုန်းထိမြင့်တက်လာကြောင်း သိရသည်။

ပြောင်းစေ့များကို တရုတ်နိုင်ငံမှဝယ်ယူမူများရှိနေသည့်အပြင် ထိုင်းနိုင်ငံကုန်သွယ်ရေးမူအရ နှစ်စဥ် ဖေဖော်ဝါရီလ(၁)ရက်နေ့ မှ သြဂုတ်(၃၁)ရက်အထိကို အကောက်ခွန်သက်သာခွင့် သုညရာခိုင်နှုန်းဖြင့် ပြန်လည်တင်သွင်းခွင့် ရရှိနေခြင်းကြောင့် မြ၀တီနယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် ထိုင်းနိုင်ငံသို့ ပြောင်းဆန်များကို စတင်တင်ပို့နေပြီဖြစ်ကြောင်း ကုန်သည်များထံက သိရသည်။

“ရောင်းလိုအားက ပုံမှန်ဖြစ်တယ်။ စျေးနှုန်းကတော့ အမြင့်စျေးမှာရှိတယ်။ အဓိက ဟိုဘက်က ဝယ်လိုအားပေါ့။ ထိုင်းကလဲ ဖေဖော်ဝါရီ ၁ရက်နေ့ကစပြီး တင်ပို့နေရပြီ၊ နောက်ပြီး တရုတ်ဘက်ကလဲ စပြီး ဝယ်တဲ့အချိန်ဖြစ်တော့ ဝယ်လိုအားများပြီး စျေးနှုန်းကတက်သွားတယ်” ဟု မြန်မာနိုင်ငံပြောင်းလုပ်ငန်း အသင်း မှ တာဝန်ရှိသူတစ်ဦး ကပြောသည်။

ပြီးခဲ့သည့်နှစ်က ပြောင်း တစ်ပိဿာလျှင် ၆၀၀ကျော် သာရှိခဲ့ပြီး ယခုနှစ် ပြောင်းတင်ပို့ချိန်တွင် ပြောင်းတစ်ပိဿာလျှင် ၈၇၅ကျပ် ဝန်းကျင်ထိ မြင့်တက်နေကြောင်းသိရသည်။ လက်ရှိ ထိုင်နိုင်ငံသို့  တစ်ရက်လျှင် ကားအစီးရေ နှစ်ရာ မှ သုံးရာကြားထိတင်ပို့နေပြီး တန်ချိန်အားဖြင့် ၅,၀၀၀ မှ ၇,၀၀၀ ကြား တင်ပို့နေကြောင်းသိရသည်။

“ထိုင်းကိုတင်ပို့နေတာ မနှစ်က ၁၀၃ဘတ်ပေါ့ မြန်မာငွေနဲ့တွက် ရင် ၆၀၀ မှ ၇၀၀ ကြားသာရှိတယ်။ ၂၀၂၂ က စျေးအစဖွင့်ချိန်က ၈၄၅ကျပ် နဲ့စဖွင့်တာ အခုဆို တစ်ပိဿာ ကို ၈၇၅ကျပ်တို့ ၈၈၈ကျပ်တို့ ဖြစ်နေပြီ။ မနှစ်ကထက် ၁၇ရာခိုင်နှုန်းအထိမြင့်လာတယ်” ဟု ပြောင်းလုပ်ငန်းရှင်တစ်ဦးကပြောသည်။

နှစ်စဉ် ပြည်တွင်းမှာစိုက်ပျိုးထုတ်လုပ်သည့် ပြောင်းတန်ချိန်တစ်နှစ်ကို ၂သန်းခွဲ၀န်းကျင်ရှိသည်ဟု သိရပြီး ထိုင်းနှင့်တရုတ်သို့ အဓိကတင်ပို့ကာ ပင်လယ်ရေကြောင်းမှတဆင့် ပုံမှန်ကုန်သွယ်မှု အနေဖြင့် အိန္ဒိယနှင့် ဗီယမ်နမ် ဘက်သို့အနည်းငယ်သာ တင်ပို့နေကြောင်းလည်းသိရသည်။

ထို့အပြင် တရုတ်နိုင်ငံသို့ပြောင်းစေ့အပြင် တိရိစ္ဆာန်အစာအဖြစ် ပြောင်းချဉ်ပတ်များကိုလည်း တင်ပို့ရန် စမ်းသပ်တင်ပို့ဖို့ သဘောတူစာချုပ် လက်မှတ်ရေးထိုးကြောင်းပြီး သဘောတူညီမှုများအရ မြန်မာနိုင်ငံက ပြောင်းနှင့်တိရစ္ဆာန်အစာ ပြောင်းချဉ်ဖတ်များကို တရုတ်နိုင်ငံကို ပင်လယ်ရေကြောင်း နှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှတဆင့် တရားဝင်တင်ပို့နိုင်မည်ဖြစ်ကြောင်း သိရသည်။

ရွှေနွယ်ကြိုး

  •  

 

Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/02/24/bc784a29d8/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 2月 23, 2022 2:54 下午
下一篇 2月 28, 2022 1:42 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....