တရုတ်စျေးကွက်ကိုမျှော်မှန်းကာစိန်တလုံးစိုက်ပျိုး

တရုတ်စျေးကွက်ကိုမျှော်မှန်းကာ စိန်တလုံးသရက် စိုက်ပျိုးလျက်ရှိ

တရုတ်စျေးကွက်ကိုမျှော်မှန်းကာစိန်တလုံးစိုက်ပျိုး

တရုတ်မူဆယ်စျေးကွက်၌ စိန်တလုံးသရက်သီးများ ထွက်သမျှ ဖြုန်းအားရှိသဖြင့် ပြည်ပစျေးကွက်ကို မျှော်မှန်းကာ စိန်တလုံးသရက်ကို စိုက်ပျိုးထားကြခြင်းဖြစ်ကြောင်း ကန့်ဘလူမြို့၊ စိုက်ပျိုးရေးဦးစီးဌာန ဥယျာဥ်ခြံဦးစီးအရာရှိ ဦးသန်းထွန်းဦးထံမှသိရသည်။

“ပြည်တွင်းစျေးကွက်မှာ အများကြီး မဖြုန်းနိုင်ဘူး။ တရုတ်မူဆယ်စျေးကွက်မှာက သရက်သီးထွက်သလောက် ဖြုန်းအားရှိတယ်။ ဝယ်လိုအားရှိတယ်။ ပြည်တွင်းစျေးကွက်က မန္တလေး၊ ရန်ကုန်မှာ နည်းနည်းပဲ ဖြုန်းနိုင်တာပါ။ ပြည်တွင်းစျေးကွက်ကို အားကိုးလို့မရပါဘူး။ ပြည်ပစျေးကွက်ကို မျှော်မှန်းစိုက်ကြရတာပါ” ဟုဦးသန်းထွန်းဦးကပြောသည်။

တရုတ်စျေးကွက်ကိုမျှော်မှန်းကာစိန်တလုံးစိုက်ပျိုး

ကိုဗစ်ကြောင့် တရုတ်ပြည်သို့တင်ပို့ရာတွင် မလိုလားအပ်သည့် ကြန့်ကြာမှုများဖြစ်ခဲ့သည့်အတွက် အသီးအရည်အသွေးတွေကျပြီး စျေးကောင်းမရခြင်းများကို ပြီးခဲ့သည့်နှစ်က ကြုံခဲ့ကြရကြောင်း သိရသည်။

“စျေးကွက် အနေအထားက ကိုဗစ်-၁၉ ပေါ် မူတည်နေတာပါ။ ဒီနှစ်လည်း ကိုဗစ်-၁၉ က ဘယ်လိုဆက်ဖြစ်ဦးမယ် မသိဘူး။ တရုတ်ကထွက်သလောက် ယူပေမယ့် ကိုဗစ်-၁၉ ကြောင့် လမ်းခရီးအဟန့်အတားတွေရှိတော့ ၅ရက်လောက်ကြာမှာ ရောက်တယ်” ဟု စိန်တလုံးသရက် စိုက်ပျိုးသူတစ်ဦးကဆိုသည်။

အီကွေတာနှင့်နီးခြင်းဝေးခြင်းပေါ်မူတည်၍ သရက်သီးအချိန်စောသီးခြင်း နောက်ကျသီးခြင်းမှာ ကွာခြားမှုများရှိသည်ဟုဆိုသည်။

“မော်လမြိုင်၊ တနင်္သာရီဖက်က သရက်တွေက အစောဆုံးပေါ်တယ်။ အီကွေတာနဲ့နီးလေ သရက်သီးက စောပေါ်လေဆိုတော့ အီကွေတာနဲ့ နီးတဲ့ မြန်မာနိုင်ငံအောက်ပိုင်းက အရင်ဆုံးပေါ်တာပေါ့။ ပြီးရင် ရန်ကုန်တိုင်း၊ ပြီးရင်မန္တလေးတိုင်း၊ ပြီးရင်အလယ်ပိုင်း စစ်ကိုင်းတိုင်း၊ ပြီးမှအထက်ပိုင်း မြစ်ကြီးနား၊ ကသာဒေသတွေမှာ သရက်ပေါ်တာပါ။ အီကွေတာနဲ့အနီးအဝေးပေါ် မူတည်တယ်။ ပုံမှန်ကတော့ မေလ ၁၅ ရက်ကနေ ဇွန်လ ၁၅ ရက်အထိ ကန့်ဘလူဒေသမှာ သရက်သီးပေါ်ပါတယ်”ဟု ဦးသန်းထွန်းဦးကပြောသည်။

စျာန်ထူးကို

  •  

 

Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/02/28/5cc601403b/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 2月 24, 2022 6:25 上午
下一篇 3月 1, 2022 11:06 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....