ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲတော် (၂)

စည်းလုံးညီညွတ်သောကမ္ဘာဖြစ်ရေးကိုပုံဖော်၊ ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲတော် (၂)

ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲတော် (၂)

လျှောက်ထားတဲ့နိုင်ငံအချို့မှ အိုလံပစ်ကော်မတီတို့ဟာ ပြိုင်ပွဲကျင်းပစရိတ်များပြားခြင်း၊ ဒေသတွင်းထောက်ပံမှုအားနည်းခြင်းတို့ကြောင့် နှုတ်ထွက်သွားခဲ့ကြပြီး ၂၀၁၄ခုနှစ် ဇူလိုင်လ ၇ရက်နေ့ ရွေးချယ်မှုအပြီးမှာ နော်ဝေနိုင်ငံ အော်စလိုမြို့၊ တရုတ်နိုင်ငံ ပေကျင်းမြို့နဲ့ ကာဇက်စတန်နိုင်ငံ အာမာတီမြို့တို့သာ ဆန်ခါတင်ကျန်ခဲ့ပါတယ်။ သို့သော် နော်ဝေနိုင်ငံအိုလံပစ်ကော်မတီဟာ ကုန်ကျမည့်စရိတ်ကို လွှတ်တော်သို့တင်ရာပယ်ချခံရသဖြင့် ပြိုင်ပွဲကျင်းပရန် လျှောက်ထားခြင်းမှ နှုတ်ထွက်သွားခဲ့ပါတယ်။ သို့နှင့် ၂၀၁၅ခုနှစ် ဇူလိုင်၃၁ရက်နေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကျင်းပတဲ့ နောက်ဆုံးရွေးချယ်ပွဲမှာ တရုတ်နိုင်ငံ ပေကျင်းမြို့က ၄မှတ်အသာဖြင့်အနိုင်ရပြီး ရွေးချယ်ခံခဲ့ရခြင်းဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် ပေကျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲမှာ အားကစားနည်းခုနစ်မျိုး ပွဲစဥ်ပေါင်း၁၀၉ခု ပါဝင်ကျင်းပခဲ့ပါတယ်။ ဒေသတွင်းနဲ့နိုင်ငံပေါင်း ၉၀ခန့်က ပြိုင်ပွဲဝင်ပေါင်းသုံးထောင်ခန့် ပါဝင်ယှဥ်ပြိုင်ခဲ့ကြပါတယ်။ ပြိုင်ပွဲကျင်းပတဲ့နေရာအတော်များများဟာ ၂၀၀၈ နွေရာသီအိုလံပစ်ပြိုင်ပွဲ ကျင်းပတဲ့နေရာတွေကို စနစ်တကျ ပြန်လည်ပြုပြင်ပြီး အသုံးပြုခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။ တကယ်တော့ ပြိုင်ပွဲကျင်းပတဲ့နေရာကြီးဟာ သုံးနေရာပဲရှိပါတယ်။ ဒါတွေကတော့ ပေကျင်းဇုံ၊ Zhangjiakou ဇုံနဲ့ ရန်ချန်းဇုံ ဆိုတဲ့အားကစားရွာတို့ပဲ ဖြစ်ပါတယ်။

ပေကျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲဟာ (၂၄)ကြိမ်မြောက် ပြိုင်ပွဲဖြစ်ပါတယ်။ ပထမအကြိမ်အိုလံပစ်ကို ၁၉၂၄ခုနှစ်မှာ ပြင်သစ်နိုင်ငံက စတင်ကျင်းပခွင့်ရခဲ့တာ ဖြစ်ပါတယ်။ ဆောင်းရာသီအိုလံပစ်သမိုင်းကိုပြန်ကြည့်ရင် ဒုတိယအကြိမ်ကို ဆွစ်ဇာလန်(၁၉၂၈)၊ အဲဒီနောက် အမေရိကန်(၁၉၃၂)၊ ဂျာမဏီ(၁၉၃၆)၊ ဂျပန်(၁၉၄၀လျာထားချက်)၊ အီတလီ(၁၉၄၄လျာထားချက်)၊ ဆွစ်ဇာလန်(၁၉၄၈)၊ နော်ဝေ(၁၉၅၂)၊ အီတလီ(၁၉၅၆)၊ အမေရိကန်(၁၉၆၀)၊ သြစတြီးယား(၁၉၆၄)၊ ပြင်သစ်(၁၉၆၈)၊ ဂျပန်(၁၉၇၂)၊ သြစတြီးယား(၁၉၇၆)၊ အမေရိကန်(၁၉၈၀)၊ ယူဂိုဆလားဗီးယား(၁၉၈၄)၊ ကနေဒါ(၁၉၈၈)၊ ပြင်သစ်(၁၉၉၂)၊ နော်ဝေ(၁၉၉၄)၊ ဂျပန်(၁၉၉၈)၊ အမေရိကန်(၂၀၀၂)၊ အီတလီ(၂၀၀၆)၊ ကနေဒါ(၂၀၁၀)၊ ရုရှား(၂၀၁၄)၊ တောင်ကိုရီးယား(၂၀၁၈)၊ တရုတ်(၂၀၂၂)တို့မှာ ကျင်းပခဲ့တာ လေ့လာတွေ့ရှိရပါတယ်။

ပေကျင်းမှာကျင်းပတဲ့ ဆောင်းရာသီအိုလံပစ်ပွဲတော်ဟာ ဖေဖော်ဝါရီ ၂၂ရက်အထိ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်တွေထဲမှာ အရှေ့တောင်အာရှကနိုင်ငံအချို့အပါအဝင် ကမ္ဘာ့တိုက်ကြီးလေးတိုက်က အားကစားသမားတွေ ပါဝင်ယှဥ်ပြိုင်ခဲ့ပါတယ်။
ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲတော် (၂)ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲတော် (၂)ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲတော် (၂)ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲတော် (၂)ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲတော် (၂)
တစ်ကယ်တော့ ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲတော်ကို “ကမ္ဘာကိုရှေးရှုခြင်း၊ အနာဂတ်ကိုရှေးရှုခြင်း၊ ခေတ်မီရေးကိုရှေးရှုခြင်း”စတဲ့ခံယူချက်တွေနဲ့အညီကျင်းပတာလို့ တာဝန်ရှိသူတွေကဆိုပါတယ်။ “စည်းလုံးညီညွှတ်သောကမ္ဘာဖြစ်ရေး”ဆိုတဲ့ဆောင်ပုဒ်ကို ထားရှိဖော်ဆောင်တယ်လို့လည်း ဆိုပါတယ်။ ဒီဆောင်ပုဒ်နဲ့အညီ အားကစားသမားတစ်ဦးချင်း၊ တစ်နိုင်ငံချင်းစီဟာ စည်းလုံးညီညွတ်စွာနဲ့ တစ်လှေတည်းစီး တစ်ခရီးတည်းသွား မိသားစုပမာ စည်းလုံးညီညွတ်စွာ ခရီးဆက်ယှဥ်ပြိုင်နိုင်ခဲ့ကြပါပြီ။ တစ်နည်းအားဖြင့်ဆိုရသော် ပေကျင်းဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲကြီးဟာ ကမ္ဘာ့နိုင်ငံများအကြား စည်းလုံးညီညွတ်ရေးကို ပုံဖော်နိုင်တဲ့ အားကစားပွဲကြီးဖြစ်ပါကြောင်းဖော်ညွှန်းရေးသားလိုက်ရပါတယ်။   ။


မြင့်ဝေလှိုင်

ကိုးကားမှတ်တမ်း
-CRIသတင်းဌာန
-ဆင်ဟွာသတင်းဌာန

  •  

 

Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/02/28/5dad5762f7/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 2月 24, 2022 6:25 上午
下一篇 3月 1, 2022 11:06 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....