လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု ခရီးသွားလာရေးသုတေသနစင်တာ တည်ဆောက်မှုစီမံကိန်း စတင်

လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု ခရီးသွားလာရေးသုတေသနစင်တာ တည်ဆောက်မှုစီမံကိန်း စတင်

လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု ခရီးသွားလာရေးသုတေသနစင်တာ တည်ဆောက်မှုစီမံကိန်း စတင်

ကပ်ရောဂါအလွန် ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာမှုကို အထောက်အကူပြုစေမည့် ခရီးသွားလာရေးသုတေသနစင်တာ တည်ဆောက်မှုစီမံကိန်း စတင်ခြင်း အခမ်းအနားနှင့် စီမံကိန်းပမာဏဆိုင်ရာသုတေသန (Quantitative Research) လေ့ကျင့်ရေးသင်တန်း ဖွင့်လှစ်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai တက်ရောက်ခဲ့ပြီး ၂၀၂၁ ခုနှစ် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ ထောက်ပံ့မှုဖြင့် ဖော်ဆောင်သည်ဟု တရုတ်သံရုံးက ထုတ်ပြန်သည်။

အခမ်းအနားတွင် သံအမတ်ကြီး Mr. Chen Hai က လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု စတင်ဖော်ဆောင်ကတည်းက ပြည်သူများနှင့် တစ်သားတည်းဖြစ်ခြင်း၊ ဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ခြင်း၊ ပြည်သူလူနေမှုဘဝအကျိုးပြုသည့် စီမံကိန်းဖြင့် လန်ချန်း-မဲခေါင်ဒေသ နိုင်ငံများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူလူနေမှုဘဝ ကောင်းမွန်လာစေရေးအတွက် အကျိုးထမ်းဆောင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် အထူးရန်ပုံငွေထောက်ပံ့မှုရရှိသည့် စီမံကိန်းပေါင်း ၇၃ ခု ရှိပြီးဖြစ်ကာ စိုက်ပျိုးရေး၊ သိပ္ပံနည်းပညာ၊ လူ့စွမ်းအားအရင်းအမြစ်၊ ယဉ်ကျေးမှု၊ ခရီးသွားလာရေးစသည့်ကဏ္ဍမျိုးစုံ ပါဝင်ကြောင်း၊ ခရီးသွားလာရေးသုတေသနစင်တာ တည်ဆောက်ခြင်းသည် ရန်ပုံငွေကထောက်ပံ့ထားသည့် ခရီးသွားလာရေးကဏ္ဍတွင်အရေးပါစီမံကိန်းဖြစ်ပြီး မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုသုတေသနနှင့် ခေတ်မီခရီးသွားရေးစနစ် တည်ဆောက်မှုကို ထိရောက်စွာဖော်ဆောင်ပြီး ကပ်ရောဂါအလွန် ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာမှုကို အထောက်အကူပြုမည်ဟုယုံကြည်ကြောင်း ပြောကြားခဲ့သည်။

လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု ခရီးသွားလာရေးသုတေသနစင်တာ တည်ဆောက်မှုစီမံကိန်း စတင်လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု ခရီးသွားလာရေးသုတေသနစင်တာ တည်ဆောက်မှုစီမံကိန်း စတင်လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု ခရီးသွားလာရေးသုတေသနစင်တာ တည်ဆောက်မှုစီမံကိန်း စတင်

ဆက်လက်ပြီး မိမိတို့သည် မြန်မာနိုင်ငံနှင့်အတူ ခရီးသွားလာရေးကဏ္ဍ ကပ်ရောဂါကာကွယ်ရေးနှင့် ပြန်လည်ဦးမော့လာရေး အတွေ့အကြုံကိုမျှဝေလိုပြီး မူဝါဒညှိနှိုင်းမှုနှင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ကာ နှစ်နိုင်ငံနှင့် လန်ချန်း-မဲခေါင်နိုင်ငံ လူမှုရေးနှင့် ယဉ်ကျေးမှုခရီးသွားလာရေး ပူးပေါင်းဆောင်ရွက်မှုကို အတူတကွဖော်ဆောင်သွားလိုကြောင်း ပြောကြားခဲ့သည်။

လွန်ခဲ့သည့်နှစ်နှစ်အတွင်း တရုတ်-မြန်မာက လန်ချန်း-မဲခေါင်ခရီးသွားမြို့တော် ပူးပေါင်းဆောင်ရွက်မှုမဟာမိတ်၊ တရုတ်-မြန်မာခရီးသွားဖိုရမ် စသည့်မူဘောင်အောက်တွင် ထိရောက်သည့်ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှုဖော်ဆောင်ခဲ့သည်။

မြန်မာဘက်က တရုတ်နိုင်ငံသည် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေဖြင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအား ထောက်ခံအားပေးမှုကို ကျေးဇူးတင်ရှိကြောင်း၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်းနိုင်ငံနှင့်ပြည်သူများကို လက်တွေ့ကျသောအကျိုး ဖြစ်ထွန်းစေကြောင်း၊ လေ့ကျင့်ရေးစင်တာတည်ဆောက်မှုသည် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း သက်ဆိုင်ရာဘက်အသီးသီးကို အကျိုးပြုမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံပညာရှင်များ ပါဝင်မှုသည်လည်း မြန်မာနိုင်ငံခရီးသွားလာရေး သုတေသနလုပ်ငန်း အဆင့်အတန်းမြှင့်တင်မှုအတွက်လည်း အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

ခရီးသွားလာရေးသုတေသနစင်တာ တည်ဆောက်ခြင်းစီမံကိန်းကာလသည် တစ်နှစ်ဖြစ်ပြီး သုတေသနစင်တာနှင့် သုတေသနအဖွဲ့ ဖွဲ့စည်းတည်ဆောက်ကာ ခရီးသွားလုပ်ငန်းဆိုင်ရာ အသိပညာဗဟုသုတ၊ ဆော့ဖ်ဝဲလ်နှင့် လေ့ကျင့်မှု ထောက်ပံ့သွားမည်ဖြစ်ပြီး ယူနန်ဘဏ္ဍာရေးတက္ကသိုလ် ခရီးသွားလာမှုစီမံခန့်ခွဲမှုပညာရှင် ပါရဂူ Ms. Zhang Min က ပြည်ပအတိုင်ပင်ခံပညာရှင်အနေဖြင့် စီမံကိန်းတွင် ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ကောင်းကောင်း

Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/03/01/%e1%80%9c%e1%80%94%e1%80%ba%e1%80%81%e1%80%bb%e1%80%94%e1%80%ba%e1%80%b8-%e1%80%99%e1%80%b2%e1%80%81%e1%80%b1%e1%80%ab%e1%80%84%e1%80%ba%e1%80%95%e1%80%b0%e1%80%b8%e1%80%95%e1%80%b1%e1%80%ab%e1%80%84/

(1)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 2月 28, 2022 1:42 上午
下一篇 3月 1, 2022 11:08 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....