ကုန်းဘောင်ခေတ် အမျိုးသားအမျိုးသမီးဝတ်စားဆင်ယင်မှုပုံဖြင့် ၂၀၀ ကျပ်တန်စာပို့တံဆိပ်ခေါင်း နှစ်မျိုးရောင်းချမည်

ကုန်းဘောင်ခေတ် အမျိုးသားအမျိုးသမီးဝတ်စားဆင်ယင်မှုပုံဖြင့် ၂၀၀ ကျပ်တန်စာပို့တံဆိပ်ခေါင်း နှစ်မျိုးရောင်းချမည်

ကုန်းဘောင်ခေတ် အမျိုးသားအမျိုးသမီးဝတ်စားဆင်ယင်မှုပုံဖြင့် ၂၀၀ ကျပ်တန်စာပို့တံဆိပ်ခေါင်း နှစ်မျိုးရောင်းချမည်

ကုန်းဘောင်ခေတ် အမျိုးသားအမျိုးသမီးဝတ်စားဆင်ယင်မှုပုံဖြင့် ၂၀၀ ကျပ်တန် စာပို့ဆံဆိပ်ခေါင်း နှစ်မျိုး ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

ပို့ဆောင်ရေးနှင့်ဆယ်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ ကုန်ဘောင်ခေတ် အမျိုးသား၊အမျိုးသမီး ဝတ်စားဆင်ယင်မှုပုံဖြင့် အထူးထုတ်စာပို့တံဆိပ်ခေါင်းသစ် ၂၀၀ ကျပ်တန်နှစ်မျိုးအား မတ် ၂ ရက် တောင်သူလယ်သမားနေ့တွင် နံနက်၉ နာရီခွဲ မှ စတင်၍ နေပြည်တော်စာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး၊ပြည်နယ်များရှိ စာတိုက်ကြီးများတွင် ရောင်းချပေးသွားမည်ဖြစ်သည်။

အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် မတ် ၂ ရက်နေ့တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ်အသားရိုက်နှိပ်ပေးမည်ဖြစ်ကြောင်း သိရသည်။

ပျုခေတ်၊ အင်းဝခေတ်နှင့် ပြည်ထောင်စုနေ့အထိမ်းအမှတ် အထူးဆံဆိပ်ခေါင်းများကို ယခုနှစ် ဇန်နဝါရီလ မှ စတင်ရောင်းချခဲ့ပြီး ယခု ကုန်ဘောင်ခေတ်အထိမ်းအမှတ် အထူးတံဆိပ်ခေါင်း ရောင်းချပေးခြင်း ဖြစ်ကာ ရတနာပုံခေတ် တံဆိပ်ခေါင်းကိုလည်း ဆက်လက်ရောင်းပေးမည်ဖြစ်ကြောင်း သိရသည်။

Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/03/01/%e1%80%80%e1%80%af%e1%80%94%e1%80%ba%e1%80%b8%e1%80%98%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%81%e1%80%b1%e1%80%90%e1%80%ba-%e1%80%a1%e1%80%99%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%9e%e1%80%ac/

(1)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 3月 1, 2022 11:10 上午
下一篇 3月 1, 2022 11:16 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....