ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၁,၉၅၉) ဦးရှိ

ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၁,၉၅၉) ဦးရှိ

ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၁,၉၅၉) ဦးရှိ

ကျန်းမာရေးဝန်ကြီးဌာန၏ (၂၇-၂-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီထုတ်ပြန်ချက်အရ ပြီးခဲ့သည့် (၂၄)နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၂၀,၇၂၇) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၁,၉၅၉) ဦး တွေ့ရှိရပြီး ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၉.၄၅) ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၇,၁၀၀,၄၇၂)ခုအားစစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း (၅၈၆,၁၉၈) ဦး ရှိပြီဖြစ်သည်။

ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ (၁,၁၉၃) ဦး ဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း (၅၃၃,၃၉၅) ဦး ဆေးရုံမှ ဆင်းခွင့်ရရှိပြီး ဖြစ်ကာ ယနေ့တွင် COVID-19 ရောဂါဖြင့် ထပ်မံသေဆုံးသူ (၅) ဦးရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း (၁၉,၃၆၅) ဦး ရှိကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၁,၉၅၉) ဦးရှိ

COVID-19 ရောဂါ ကာကွယ်ဆေး ထိုးနှံမှုအနေဖြင့် (၂၆-၂-၂၀၂၂) ရက်နေ့အထိ လူဦးရေ စုစုပေါင်း (၂၃,၅၈၆,၈၂၂) ဦးအား ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေးနှစ်ကြိမ် အပြည့် ထိုးနှံပြီးစီးသူ (၂၀,၉၁၉,၉၃၃) ဦးနှင့် ပထမအကြိမ်ထိုးနှံပြီးစီးသူ (၂,၆၆၆,၈၈၉) ဦး ရှိပြီဖြစ်သည်။ ထို့ကြောင့် (၂၆-၂-၂၀၂၂) ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါကာကွယ်ဆေး အကြိမ်ရေစုစုပေါင်း (၄၄,၅၀၆,၇၅၅) ကြိမ် ထိုးနှံပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/03/01/%e1%80%96%e1%80%b1%e1%80%96%e1%80%b1%e1%80%ac%e1%80%ba%e1%80%9d%e1%80%ab%e1%80%9b%e1%80%ae%e1%80%9c-%e1%81%82%e1%81%87-%e1%80%9b%e1%80%80%e1%80%ba%e1%80%94%e1%80%b1%e1%80%b7%e1%80%90%e1%80%bd%e1%80%84/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 3月 1, 2022 11:06 上午
下一篇 3月 1, 2022 11:10 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....