မုံရွာကုန်စည်ဒိုင်သို့ တရုတ်ဝယ်လက် ပဲရင်းနီများအမြင့်စျေးဖြင့်ဝင်ရောက်

မုံရွာကုန်စည်ဒိုင်သို့ တရုတ်ဝယ်လက် ပဲရင်းနီများအမြင့်စျေးဖြင့်ဝင်ရောက်

မုံရွာကုန်စည်ဒိုင်သို့ တရုတ်ဝယ်လက် ပဲရင်းနီများအမြင့်စျေးဖြင့်ဝင်ရောက်

မုံရွာကုန်စည်ဒိုင်သို့ ပဲမျိုးစုံလှိုင်လှိုင်ဝင်ရောက်လာပြီဖြစ်ရာ တရုတ်ဝယ်လက် ပဲရင်းနီများ အမြင့်စျေးဖြင့် ဝင်ရောက်နေပြီး အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

“ဒီနှစ် ပဲရင်း အနီလေးတွေ ဝင်လာတယ်။ စျေးက တစ်တင်းကို ၅၀၀၀၀၊ ၅၁၀၀၀ ရှိတယ်။ စျေးကောင်းတယ်။ ကလေးမြို့နဲ့ ဟုမ္မလင်းနယ်ဖက်က ဝင်တာပါ။ ဒီနှစ်များများဝင်လာတယ်။ ပဲရင်းက ပြည်တွင်းမသုံးနိုင်ဘူး။ ပြည်ပလိုင်းသွားကြတယ်။ တရုတ်ကိုပို့ဖို့ ရန်ကုန်သွားတာများတယ်။ တစ်ရက်ကို အိတ် ၄၀၀ လောက် မုံရွာကုန်စည်ဒိုင်ဝင်နေပါတယ်။ ရှေ့အလားအလာက ပဲမျိုးစုံ အဝင်လှိုင်လာပြီး အရောင်းအဝယ်သွက်လာနေပါပြီ” ဟု မုံရွာကုန်စည်ဒိုင် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးတင်ကိုကို ကပြောသည်။

မုံရွာကုန်စည်ဒိုင်သို့ တရုတ်ဝယ်လက် ပဲရင်းနီများအမြင့်စျေးဖြင့်ဝင်ရောက်

မုံရွာကုန်စည်ဒိုင်သို့ ယခုရက်ပိုင်း ပဲစဥ်းငုံ၊ ကုလားပဲအုပ်စု၊ ပဲနီ၊ ထောပတ်ပဲ စသည်တိုပ့ဝင်ရောက်နေရာ တစ်ရက်လျှင် တစ်မျိုး ပိသာ ၃၀ ဝင် တစ်တင်းခွဲအိတ် ၂၀၀၀ ကျော် ၃၀၀၀ ခန့် ဝင်နေကြောင်းသိရသည်။

“ချင်းတွင်းမြစ်အထက်ပိုင်း ဖောင်းပြင်၊ မော်လိုက်၊ ကလေး၊ မင်းကင်း၊ အရာတော်၊ ယင်းမာပင်၊ ပုလဲစသဖြင့် နယ်စုံကဝင်နေတာပါ။ စျေးနှုန်းတွေ နည်းနည်းပြန်တက်ပါတယ်။ ကုလားပဲအုပ်စုတွေလည်း တက်တယ်။ ပဲစဥ်းငုံ၊ မတ်ပဲလည်း စျေးတက်တယ်။ တစ်တင်းကို ၁၅၀၀ နဲ့ ၂၀၀၀ ကြား တက်ပါတယ်” ဟု ဦးတင်ကိုကိုကပြောသည်။

မုံရွာကုန်စည်ဒိုင်သို့ ဝင်လာသမျှ ပဲမျိုးစုံသည် ဝယ်လက်အစုံသို့ သွက်လက်စွာ ပြန်လည်ရောင်းချနေရကြောင်း သိရသည်။ ရန်ကုန်ဝယ်လက်၊ မန္တလေးဝယ်လက်၊ လှောင်လက်သမား၊ စက်သမားများ ဝယ်ယူလျက်ရှိရာ ပဲစဥ်းငုံ၊ မတ်ပဲကို အိန္ဒိယပို့ရန် ဝယ်ကြသလို ကုလားပဲအုပ်စုကို စက်သမား၊ လှောင်လက်များ ဝယ်ကြပြီး ပုဂံပဲ၊ မြေထောက်ပဲများကို တရုတ်သို့ပို့ရန် ရန်ကုန်မှ ဝယ်ယူကြကြောင်း သိရသည်။

Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/03/01/%e1%80%99%e1%80%af%e1%80%b6%e1%80%9b%e1%80%bd%e1%80%ac%e1%80%80%e1%80%af%e1%80%94%e1%80%ba%e1%80%85%e1%80%8a%e1%80%ba%e1%80%92%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%9e%e1%80%ad%e1%80%af%e1%80%b7/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 3月 1, 2022 11:14 上午
下一篇 3月 2, 2022 9:18 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....