မြန်မာနိုင်ငံ၏အဓိကကုန်သွယ်ဖက် တရုတ်နိုင်ငံ၏ နယ်စပ်စခန်းအချို့ ပိတ်ထားမှုကြောင့် ကုန်သွယ်မှု ကန်ဒေါ်လာ ၂ ဘီလီယံနီးပါး ထိခိုက်

မြန်မာနိုင်ငံ၏အဓိကကုန်သွယ်ဖက် တရုတ်နိုင်ငံ၏ နယ်စပ်စခန်းအချို့ ပိတ်ထားမှုကြောင့် ကုန်သွယ်မှု  ကန်ဒေါ်လာ ၂ ဘီလီယံနီးပါး ထိခိုက်

မြန်မာနိုင်ငံ၏အဓိကကုန်သွယ်ဖက် တရုတ်နိုင်ငံ၏ နယ်စပ်စခန်းအချို့ ပိတ်ထားမှုကြောင့် ကုန်သွယ်မှု  ကန်ဒေါ်လာ ၂ ဘီလီယံနီးပါး ထိခိုက်
မြန်မာနိုင်ငံ၏ အဓိကကုန်သွယ်ဖက်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံနယ်စပ်ဂိတ်ပိတ်ထားမှုကြောင့် ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁.၉ ဘီလီယံ ထိခိုက်ခဲ့ကြောင်း စီးပွား/ကူးသန်းဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

တရုတ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးစခန်းများ ပိတ်ထားသည့်ကာလအတွင်း မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းများတွင် ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ ၉၉၈ သန်းအထိ ရှိခဲ့ပြီး ထီးခီးကနေလည်း ကန်ဒေါ်လာ ၇၇၆ သန်းဖိုး ကုန်သွယ်နိုင်ခဲ့သည်။

လက်ရှိ မီနီဘတ်ဂျက် ၆ လ ၊ ဖေဖော်ဝါရီ ၁၈ ရက်နေ့အထိ ပြည်ပကုန်သွယ်မှုက ကန်ဒေါ်လာ ၁၁.၉၅ ဘီလီယံရှိခဲ့ပြီး ပြီးခဲ့သည့်နှစ် ကာလတူထက်တော့ ကန်ဒေါ်လာ ၇၆၅.၉ သန်းအထိ သိသိသာသာ ကျဆင်းသွားခဲ့ခြင်းဖြစ်သည်။

ပြည်ပကုန်သွယ်မှုသည် ပြီးခဲ့သည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ကာလတူက အမေရိကန်ဒေါ်လာ ၁၂.၇၂ ဘီလီယံ ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

မြန်မာနိုင်ငံ၏အဓိကကုန်သွယ်ဖက် တရုတ်နိုင်ငံ၏ နယ်စပ်စခန်းအချို့ ပိတ်ထားမှုကြောင့် ကုန်သွယ်မှု  ကန်ဒေါ်လာ ၂ ဘီလီယံနီးပါး ထိခိုက်မြန်မာနိုင်ငံ၏အဓိကကုန်သွယ်ဖက် တရုတ်နိုင်ငံ၏ နယ်စပ်စခန်းအချို့ ပိတ်ထားမှုကြောင့် ကုန်သွယ်မှု  ကန်ဒေါ်လာ ၂ ဘီလီယံနီးပါး ထိခိုက်

နယ်စပ်ကုန်သွယ်မှုကျဆင်းခြင်းသည် ကုန်သွယ်မှုလျော့နည်းခြင်း၏ အဓိက အကြောင်းပြချက်ဖြစ်ခဲ့ပြီး ပင်လယ်ရေကြောင်း ကုန်သွယ်မှုတွင် ကန်ဒေါ်လာ ၁.၁၅ ဘီလီယံ တိုးတက်မှုရှိခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ၏ ပို့ကုန်ကဏ္ဍတွင် စိုက်ပျိုးရေးနှင့် ကုန်ထုတ်ကဏ္ဍအပေါ်  ပိုမိုမှီခိုနေရပြီး စီးပွား/ကူးသန်းအနေဖြင့် ကုန်သွယ်မှုလိုငွေ လျှော့ချရေး၊ ပို့ကုန်မြှင့်တင်ရေး၊ သွင်းကုန်အစားထိုးခြင်းတို့ကို ဆောင်ရွက်နေကြောင်း ကုန်သွယ်မှုမြင့်တင်ရေးအဖွဲ့ အရာရှိတစ်ဦးကပြောသည်။

စီးပွား/ကူးသန်းဝန်ကြီးဌာန၏ စာရင်းများအရ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ ပြည်ပကုန်သွယ်ကတန်ဖိုး အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံနီးပါး ရှိခဲ့ကြောင်းသိရသည်။

Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/03/01/%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%84%e1%80%b6%e1%81%8f%e1%80%a1%e1%80%93%e1%80%ad%e1%80%80%e1%80%80%e1%80%af%e1%80%94%e1%80%ba/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 3月 1, 2022 11:08 上午
下一篇 3月 1, 2022 11:14 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....