တိုင်းရင်းသားထုတ်ကုန်မြှင့်တင်ပွဲCapital Mallတွင်ကျင်းပမည်

တိုင်းရင်းသားထုတ်ကုန်မြှင့်တင်ပွဲ မန္တလေးမြို့ရှိ Capital Mall တွင်ကျင်းပမည်

တိုင်းရင်းသားထုတ်ကုန်မြှင့်တင်ပွဲCapital Mallတွင်ကျင်းပမည်

မြန်မာတောင်သူလယ်သမားနေ့ကို ဂုဏ်ပြုသည့် အထိမ်းအမှတ်အဖြစ် တိုင်းရင်းသားထုတ်ကုန်မြှင့်တင်ပွဲကို မတ် ၂ ရက်မှ ၆ ရက်နေ့ထိ နံနက် ၉နာရီမှ ညနေ ၆ နာရီထိ မန္တလေးမြို့ လမ်း ၈၀၊ ၂၇လမ်းနှင့် ၂၈လမ်းကြား ရှိ The Capital Mall ၏ ဒုတိယထပ်တွင် ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

မန္တလေးမြို့မှ အဓိကထုတ်ကုန်များအပြင် တိုင်းရင်းသားဒေသအစုံမှ ထုတ်ကုန်များဖြစ်သည့် တန်ဖိုးမြင့်ထုတ်ကုန်များ၊ မီးဖိုချောင်သုံးဟင်းခက်အမယ်များ၊ သဘာဝတိုင်းရင်းဆေးအနွယ်ဝင်များ ၊ သြဂဲနှစ်အစားအသောက်ထုတ်ကုန်များ၊ ကယားခေါင်ရည်နှင်ကယားဝက်အူချောင်များ စသည့် တိုင်းရင်းသားဒေသစုံမှ ထုတ်ကုန်များကို ခင်းကျင်းပြသသွားမည်ဖြစ်သည်။

သွားလာရန်ခက်ခဲသည့် တိုင်းရင်းသားဒေသအချို့နေရာများမှလွဲ၍ ကျန်ဒေသစုံမှ လာရောက်ပြသကြမည် ဖြစ်မည်ဖြစ်ပြီး လာရောက်လည်ပတ်ကြည့်ရှုသူများအနေဖြင့် မြန်မာတစ်နိုင်ငံလုံးက တိုင်းရင်းသားဒေသများဆီ ရောက်ရှိသွားသလိုခံစားရမည်ဖြစ်ကာ တိုင်းရင်းသားများ၏ ထုတ်ကုန်များကို လေ့လာမြည်းစမ်းနိုင်မည် ဖြစ်ကြောင်းသိရသည်။

Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/03/02/%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%84%e1%80%ba%e1%80%b8%e1%80%9e%e1%80%ac%e1%80%b8%e1%80%91%e1%80%af%e1%80%90%e1%80%ba%e1%80%80%e1%80%af%e1%80%94%e1%80%ba%e1%80%99/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 3月 1, 2022 11:16 上午
下一篇 3月 2, 2022 9:19 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....