ချောင်းဦးမြို့တွင် စိုက်ပျိုးရေးနည်းပညာပေးသင်တန်းနှင့် GAP သီးနှံ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပြပွဲကျင်းပ
မတ်လ(၂) ရက်နေ့တွင် ကျရောက်သည့် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မုံရွာခရိုင် ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးနည်းပညာပေးသင်တန်းနှင့် GAP သီးနှံ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပြပွဲ ဖွင့်ပွဲကို မတ်လ(၁)ရက် နံနက်ပိုင်းက အဆိုပါဌာန၏ အနော်ရထာခန်းမတွင် ကျင်းပသည်။
စိုက်ပျိုးရေးနည်းပညာပေးသင်တန်းပို့ချရာတွင် အစားအစာနှင့် အာဟာရဓာတ်တန်ဖိုး ဆက်နွယ်မှုအကြောင်း၊ အိမ်ခြံမြေအတွင်း စိုက်ပျိုးနည်းပညာများအကြောင်းကို မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးက ဆွေးနွေးပို့ချသည်။
ဟင်းသီးဟင်းရွက်သစ်သီးဝလံပြပွဲသို့ ချောင်းဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ ဝင်များ၊ ချောင်းဦးမြို့ အထက်တန်းကျောင်းများမှ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများ လာရောက်လေ့လာခဲ့ကြကြောင်း သိရသည်။
Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/03/02/%e1%80%81%e1%80%bb%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%a5%e1%80%ae%e1%80%b8%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%85%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%95%e1%80%bb%e1%80%ad/