တရုတ်-မြန်မာနယ်စပ် ကျင်စန်းကျော့ဂိတ် ပြန်ဖွင့်မည်

ကိုဗစ်ပိုးတွေ့သဖြင့် ယာယီပိတ်ထားသည့် တရုတ်-မြန်မာနယ်စပ် ကျင်စန်းကျော့ဂိတ် ပြန်ဖွင့်မည်

တရုတ်-မြန်မာနယ်စပ် ကျင်စန်းကျော့ဂိတ် ပြန်ဖွင့်မည်

ကိုဗစ်-၁၉ ကပ်ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ခြင်းကြောင့် ယာယီပိတ်ထားသည့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ကျင်စန်းကျော့ဂိတ်ကို မတ်လ ၄ ရက်နေ့တွင် ပြန်လည် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်းသိရသည်။

တရုတ်ဘက်ခြမ်းက အကောက်ခွန်ဝန်ထမ်း၊ ကျန်းမာရေးဆေးစစ်ဝန်ထမ်းနှင့် ရှန်တိန်ယာဉ်မောင်းတို့တွင် ပိုးတွေ့ရှိခဲ့ခြင်းကြောင့် ယာဉ်အဝင်/အထွက်များ ယာယီပိတ်ခဲ့ခြင်းဖြစ်ကြောင်း မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေးကုန်သည်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးစိုင်းခင်မောင်က ပြောသည်။

တရုတ်နိုင်ငံဘက်က ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်ရန် အကြောင်းပြချက်ဖြင့် ကုန်သွယ်ရေးဂိတ်များကို ၂၀၂၁ ဇူလိုင်လဆန်းပိုင်းက ပိတ်ထားခဲ့ပြီးနောက် ကျင်စန်းကျော့ဂိတ်ကို နိုဝင်ဘာ ၂၆ ရက်နေ့တွင် စမ်းသပ်ဖွင့်လှစ်မှုနှင့်အတူ ကုန်သွယ်မှု ပြန်လည်စတင်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

အဆိုပါဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံကို ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ၊ ဆီးသီးခြောက်၊ ရော်ဘာနဲ့ စားသောက်ကုန်များကို တင်ပို့ရောင်းချပြီး တရုတ်ဘက်ခြမ်းမှ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ အိမ်သုံးပစ္စည်းနှင့် စက်မှုလုပ်ငန်းသုံး ပစ္စည်းများကို တင်သွင်းလျက်ရှိသည်။

အောက်တိုဘာတွင် စတင်ခဲ့သည့် ၂၀၂၁-၂၀၂၂ ကြားကာလ ဘဏ္ဍာရေးနှစ် ဖေဖော်ဝါရီ ၁၈ ရက်နေ့အထိ နယ်စပ်ဂိတ်များကတစ်ဆင့် တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့် ကန်ဒေါ်လာ ၂.၆၇ ဘီလီယံကျော် ကုန်သွယ်မှုရှိခဲ့ကြောင်း စီးပွား/ကူးသန်းဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

နောက်ဆုံးရရှိထားသည့် အချက်အလက်များအရ တရုတ်၏ နယ်စပ်ဂိတ်များ ပိတ်ထားမှုကြောင့် ပြည်ပကုန်သွယ်မှုက ဒေါ်လာ ၂ ဘီလီယံနီးပါး ထိခိုက်ခဲ့ရသကဲ့သို့ ပြီးခဲ့သည့်နှစ်ကာလတူထက် ဒေါ်လာသန်း ၇၇၀ နီးပါး ဆုံးရှုံးမှုရှိခဲ့ကြောင်း သိရသည်။

ရွှေနွယ်ကြိုး

Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/03/06/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba-%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac%e1%80%94%e1%80%9a%e1%80%ba%e1%80%85%e1%80%95%e1%80%ba-%e1%80%80%e1%80%bb%e1%80%84%e1%80%ba%e1%80%85/

(1)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 3月 2, 2022 9:19 上午
下一篇 3月 6, 2022 8:26 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....