ယခုရက်ပိုင်းမုံရွာစျေးကွက်သို့ဆီးချဥ်သီးများဝင်

ယခုရက်ပိုင်း မုံရွာစျေးကွက်သို့ ဆီးချဥ်သီးများ ဝင်ရောက်၊ ဆီးဆံများစုဆောင်း၍ မူဆယ်မှတဆင့်တရုတ်နိုင်ငံသို့ နှစ်စဥ်တင်ပို့

ယခုရက်ပိုင်းမုံရွာစျေးကွက်သို့ဆီးချဥ်သီးများဝင်

ယခုရက်ပိုင်းမုံရွာစျေးကွက်သို့ ဆီးချဥ်သီးများ အရာတော်နယ်နှင့်ဘုတလင်နယ်မှ အများဆုံးဝင်နေကြောင်း ဆီးချဥ်သီး အရောင်းအဝယ်လုပ်သူ ကိုဇော်မင်း ကပြောသည်။

“အရာတော်နယ်က အများဆုံး ဝင်ပါတယ်။ စျေးကတစ်တင်းကို ၄၃၀၀ကျပ်နဲ့ ၄၅၀၀ ကျပ်စျေးရှိတယ်။ ဒီရက်တွေက အဝင်လှိုင်တယ်။ မုံရွာကိုတစ်ရက် တင်း၃၀၀၀ လောက်ဝင်ပါတယ်။ အရာတော်နယ်၊ ဘုတလင်နယ်ဖက်က မုံရွာစျေးကွက်သို့ဝင်နေပြီး ဘုတလင်နယ်က ဆီးပုလဲသီး၊ ဆီးချဥ်သီး ဝင်ပါတယ်။ ချင်းတွင်းမြစ်အနောက်ဖက်ဒေသတွေကလည်းဝင်တယ်”ဟု ကိုဇော်မင်း ကပြောသည်။

ယခုရက်ပိုင်းမုံရွာစျေးကွက်သို့ဆီးချဥ်သီးများဝင်

ဒေသထွက်ဆီးသီးများကို ဆီးသီးကုန်စည်ဒိုင်များမှ ဝယ်ယူစုဆောင်းပြီး ဆီးသီးခွဲစက်ဖြင့်ခွဲကာ ဆီးမှုန့်၊ ဆီးဖတ်၊ ဆီးခွဲခြမ်း၊ ဆီးဆံများ သီးခြားစီခွဲထုတ်ကာ ဆီးဆံများကိုစုဆောင်း၍ မူဆယ်မှတဆင့် တရုတ်နိုင်ငံသို့ နှစ်စဥ်တင်ပို့နေရကြောင်းသိရသည်။

“ဆီးသီးထဲကဆီးဆံကို တရုတ်နိုင်ငံ၊ မလေးရှားနိုင်ငံနှင့် ကိုရီးယားနိုင်ငံတွေကို ပြန်ရောင်းကြတယ်။ အခု ဆီးဆံတစ်ပိသာ ၂၃၀၀၀ ကျပ်စျေးလောက်ရှိတယ်။ ဆီးဆံစျေးပေါ်မူတည်ပြီး ဆီးသီးအလုံးစျေး ဖြစ်တာပါ။ အဓိက ဆီးဆံကိုပဲ စျေးကွက်ကြိုက်ပြီး အသုံးများတာပါ။ ဆီးသီးထဲကအနှစ်က ယိုထိုးတဲ့သူတွေသုံးသလို ဆီးခွဲခြမ်းအခွံကို လောင်စာအဖြစ် သုံးကြတယ်။ ဆီးချဥ်ဖတ်တွေကို ဆိတ်စာအဖြစ်သုံးတာပါ”ဟု ကိုဇော်မင်း ကပြောသည်။
ပြီးခဲ့သည့် ၁၀ နှစ်ခန့် ၂၀၁၀ ခုနှစ် ဧပြီလကုန်က တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး၏ အချက်အချာ မူဆယ် ၁၀၅မိုင် လမ်းကြောင်းမှ တင်ပို့သည့် မြန်မာ့ပို့ကုန်များထဲတွင် နံပါတ်တစ် ပို့ကုန်အများဆုံးမှာ  ဆီးသီးခြောက်များ ဖြစ်ခဲ့ကြောင်းသိရသည်။ ထိုကာလက ၂ရက် ၃ရက်အတွင်း တစ်ရက်လျှင် အနည်းဆုံး ဆီးသီးခြောက်တန်ချိန် ၂၀၀ ကျော်မှ တန်ချိန် ၃၆၀ အထိရှိခဲ့ကြောင်း စျေးကွက်မှတ်တမ်းများမှ သိရသည်။ ထိုကာလက ဆီးဆံတစ်တန်လျင် ဒေါ်လာ ၄၇၀၅ ဒေါ်လာ၊ မြန်မာငွေအားဖြင့် သိန်း ၄၀ အထိ တန်ဖိုးသတ်မှတ် အခွန် ပေးဆောင်ရသည့်ကုန်စည် ဖြစ်ကြောင်းသိရသည်။

စျာန်ထူးကို

Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/03/06/%e1%80%9a%e1%80%81%e1%80%af%e1%80%9b%e1%80%80%e1%80%ba%e1%80%95%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%99%e1%80%af%e1%80%b6%e1%80%9b%e1%80%bd%e1%80%ac%e1%80%85%e1%80%bb%e1%80%b1%e1%80%b8/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 3月 6, 2022 8:25 上午
下一篇 3月 6, 2022 8:28 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....