လျှပ်စစ်ဓာတ်အား(၂၄)နာရီ ဝန်လျှော့ချခြင်းဆောင်ရွက်မည်

Summary : လာမည့် မတ်လ ၁၂ ရက်နေ့မှ မတ်လ ၁၈ ရက်နေ့အထိ ရက်သတ္တပတ်တာကာလ အတွင်း အချို့သောနေရာများတွင် (၂၄)နာရီ ဝန်အားလျှော့ချရခြင်း များအား ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အသိပေးထုတ်ပြန်သည်။

လျှပ်စစ်ဓာတ်အား (၂၄)နာရီ ဝန်အားလျှော့ချခြင်း ဆောင်ရွက်သွားမည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အသိပေးထုတ်ပြန်

လျှပ်စစ်ဓာတ်အား(၂၄)နာရီ ဝန်လျှော့ချခြင်းဆောင်ရွက်မည်

လာမည့် မတ်လ ၁၂ ရက်နေ့မှ မတ်လ ၁၈ ရက်နေ့အထိ ရက်သတ္တပတ်တာကာလ အတွင်း အချို့သောနေရာများတွင် (၂၄)နာရီ ဝန်အားလျှော့ချရခြင်း များအား ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အသိပေးထုတ်ပြန်သည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ကမ်းလွန်ဓာတ်ငွေ့စီမံကိန်းများဖြစ်သော ရတနာ၊ ဇောတိက နှင့် ရွှေကမ်းလွန်စီမံကိန်းများနှင့် ကုန်တွင်းဓာတ်ငွေ့တွင်းများမှ သဘာဝဓာတ်ငွေ့ကို အသုံးပြု၍ သဘာဝ ဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံများဖြင့် ဓာတ်အား (၁၄၅၅) မဂ္ဂါဝပ်ခန့်ကို နိုင်ငံတော်ဓာတ်အားစနစ်သို့ ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိပြီး လက်ရှိအချိန်တွင် ရွှေကမ်းလွန်စီမံကိန်း မှ တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ ကုဗပေသန်းပေါင်း (၁၃၀) သန်းကို အသုံးပြု၍ ဓာတ်အား (၆၆၈) မဂ္ဂါဝပ်ခန့်ကို ထုတ်လုပ်ဖြန့်ဖြူးပေးလျက် ရှိပါသည်။  ယခုအခါ ရွှေကမ်းလွန်စီမံကိန်းတွင် ထပ်မံ တူးဖော်တွေ့ရှိသော တွင်းသစ်(၂)တွင်းမှ သဘာဝ ဓာတ်ငွေ့များကို လက်ရှိပိုက်လိုင်းအတွင်းသို့ ထည့်သွင်းပို့လွှတ်နိုင်ရန်အတွက် ရေအောက်ပိုက်လိုင်း ဆက်သွယ်ခြင်းလုပ်ငန်းများကို  (၁၂-၃-၂၀၂၂) ရက်နေ့မှ (၁၈-၃-၂၀၂၂) ရက်နေ့ထိ ဆောင်ရွက်ရမည်ဖြစ်ပါ သောကြောင့် ထိုသို့ဆောင်ရွက်နေစဉ် အတွင်း ထုတ်လုပ်မှုကို ရပ်ဆိုင်းထားရှိသော်လည်း ပိုက်လိုင်းအတွင်း ကျန်ရှိနေသော ရွှေသဘာဝဓာတ်ငွေ့ကို အသုံးပြု၍ စုစုပေါင်းဓာတ်အား (၃၃၄) မဂ္ဂါဝပ်ခန့်သာ နိုင်ငံတော် ဓာတ်အားစနစ်သို့ ပို့လွှတ်ဖြန့်ဖြူးနိုင်တော့မည်ဖြစ်ပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ရွှေကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်းရှိ တွင်းအသစ်မှထွက်ရှိမည့် သဘာဝ ဓာတ်ငွေ့အား ရယူသုံးစွဲနိုင်ရေး ပိုက်လိုင်းအသစ်ချိတ်ဆက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း ထပ်မံလျော့နည်းသွားမည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု (၃၃၄) မဂ္ဂါဝပ်ခန့်အပါအဝင် စုစုပေါင်း လျော့နည်းသွားမည့် (၁၃၀၄)မဂ္ဂါဝပ်ခန့်အတွက် ဝန်အားထိန်းညှိမှုအရ အချို့သောနေရာများတွင် (၂၄)နာရီ ဝန်အားလျှော့ချရခြင်း များအား ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်သည်ဟုဆိုသည်။

အောင်အောင်မြင့်

Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/03/09/%e1%80%9c%e1%80%bb%e1%80%be%e1%80%95%e1%80%ba%e1%80%85%e1%80%85%e1%80%ba%e1%80%93%e1%80%ac%e1%80%90%e1%80%ba%e1%80%a1%e1%80%ac%e1%80%b8%e1%81%82%e1%81%84%e1%80%94%e1%80%ac%e1%80%9b%e1%80%ae/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 3月 9, 2022 9:11 上午
下一篇 3月 10, 2022 3:28 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....