နယ်ပန်းချီဆရာများ စျေးကွက်ပျောက်နေ

Summary : ခေတ်ကာလအခြေအနေအရပ်ရပ်ကြောင့် နယ်ပန်းချီဆရာများအတွက် ပန်းချီစျေးကွက်ပျောက်နေပြီး တစ်ချို့သောပန်းချီဆရာများ စားဝတ်နေရေး အခက်အခဲများကြုံနေရပြီး မုံရွာမြို့နယ်မှ ပန်းချီဆရာအများစုမှာ အွန်လိုင်းမှ စျေးကွက်ရှာနေရကြောင်း မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး (မုံရွာမြို့နယ်) ဥက္ကဋ္ဌ ဦးဖေခင်ဦးထံမှသိရသည်။

နယ်ပန်းချီဆရာများ စျေးကွက်ပျောက်နေပြီး တစ်ချို့သည် စားဝတ်နေရေးပင် အခက်အခဲဖြစ်နေ

နယ်ပန်းချီဆရာများ စျေးကွက်ပျောက်နေ

ခေတ်ကာလအခြေအနေအရပ်ရပ်ကြောင့် နယ်ပန်းချီဆရာများအတွက် ပန်းချီစျေးကွက်ပျောက်နေပြီး တစ်ချို့သောပန်းချီဆရာများ စားဝတ်နေရေး အခက်အခဲများကြုံနေရပြီး မုံရွာမြို့နယ်မှ ပန်းချီဆရာအများစုမှာ အွန်လိုင်းမှ စျေးကွက်ရှာနေရကြောင်း မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး (မုံရွာမြို့နယ်) ဥက္ကဋ္ဌ ဦးဖေခင်ဦးထံမှသိရသည်။

“ရန်ကုန်ပန်းချီဆရာတွေကတော့ စျေးကွက်ရှိတယ်။ နယ်ပန်းချီဆရာတွေကတော့ ဘာမှမရှိဘူး။ ရန်ကုန်တက်ပြမှပဲရမယ်။ ရန်ကုန်ပန်းချီပြခန်းတွေ ပြလို့ရတယ်။ အစုအဖွဲ့ပြကြတာရှိသလို တစ်ကိုယ်တော်ပြသလို့လည်း ရတယ်။ ခေတ်ကာလအခြေအနေအရ ပန်းချီကားလာကြည့်ဖို့ဆိုတာက အဆင်မပြေဘူး။ ပန်းချီဆရာ အတော်များများအနေကြပ် အစားကြပ် နေကြတယ်။ ပြင်ပမှာ ကိုယ်တတ်ကျွမ်းတဲ့ ဆိုင်းဘုတ်ရေး၊ ပုံတူရေး၊ နောက်ခံကားရေးတဲ့လုပ်ငန်းတွေလည်း အထိုက်အလျောက် အလုပ်ဖြစ်တာပါ။ အမြဲတမ်းအလုပ်ဖြစ်တာမဟုတ်ဘူး။ လာအပ်တဲ့အခါပဲ လုပ်ကြရတာပါ။ တတ်နိုင်သမျှ စွမ်းသလောက် ဖြေရှင်းနေကြရတာပါ”ဟု ဦးဖေခင်ဦးကပြောသည်။

ဝါသနာအလျောက် ရေးဆွဲနေကြသော ပန်းချီဆရာအများစုသည် စီးပွားရေးကြပ်တည်းနေကြပြီး နည်းပညာအခက်အခဲကြောင့် အွန်လိုင်းစျေးကွက်တင် ရောင်းချမှုတွင်လည်း ခက်ခဲမှုကြုံတွေ့နေရကြောင်း သိရသည်။
နယ်ပန်းချီဆရာများ စျေးကွက်ပျောက်နေ
“ပန်းချီဆရာတွေက ကိုယ်ဆွဲထားတဲ့ ပန်းချီကားတွေကို နီးစပ်တဲ့ Online Shopping မှာတင်ပြီး ရောင်းကြဝယ်ကြတာတွေ ရှိတယ်။ မြန်မာနိုင်ငံ ပန်းချီ ပန်းပုအစည်းအရုံး (ဗဟို)က ပန်းချီဆရာတွေဆီက ပန်းချီကားတွေ ပို့ပေးဖို့ဖိတ်ခေါပြီး အွန်လိုင်းကနေတင်ပြီး ရောင်းပေးခဲ့တယ်။ အထိုက်အလျောက် အောင်မြင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ပန်းချီဆရာတွေကပဲ မပေးကြတာလားမသိဘူး။ ပျက်သွားတယ်။ ရောင်းရတာတွေလည်းရှိတယ်”ဟု ဦးဖေခင်ဦးကပြောသည်။

မုံရွာမြို့တွင် ရေဆေးပန်းချီရေးဆွဲသူ ယခင်က ၃၀ ဦးကျော်ရှိခဲ့သော်လည်း လက်ရှိတွင် တစိုက်မတ်မတ် ရေးဆွဲနေသူ ၁၀ ဦးကျော်သာ ရှိတော့ကြောင်းသိရသည်။ ပန်းချီကျောင်းဆင်းအများစုသည် ရေဆေးပန်းချီဆွဲသူ ရှားပါးပြီး အများစုသည် ဆီဆေးနှင့် ရေဆေး-ဆီဆေး ပေါင်းစပ်ရေးဆွဲသူများ ဖြစ်ကြောင်း ချင်းတွင်းရေကြည် ပန်းချီဆရာ ကိုတင်ဇော်(ပန်ရသ) ထံမှသိရသည်။

“ရေဆေးပန်းချီကို တစိုက်မတ်မတ် ရေးဆွဲကြဖို့ ပြောချင်ပါတယ်။ နဂိုက တနင်္ဂနွေ တစ်ရက် အဖွဲ့လိုက် ပန်းချီဆွဲထွက်ကြတယ်။ အခုတော့ မထွက်ဖြစ်တာကြာပါပြီ။ ၁၀လပိုင်းက ကျွန်တော်ကား ၆၀ လောက် ရေးဖြစ်တယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလက ချင်းတွင်းရေကြည် ပန်းချီပြပွဲလုပ်ခဲ့တာ ကျွန်တော့်ကား ၈ကား ရောင်းရတယ်။ အရောင်းအဝယ်က ထိုင်းပါတယ်။ အွန်လိုင်းကရောင်းရတာ ဒီအတိုင်းထက်စာရင် ရောင်းရတယ်။ ကိုယ်ပိုင်ပန်းချီပြခန်းမရှိတော့ ပန်းချီကားရောင်းရ နည်းပါတယ်”ဟု ကိုတင်ဇော်(ပန်ရသ) ကပြောသည်။

စျာန်ထူးကို

Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/03/10/%e1%80%94%e1%80%9a%e1%80%ba%e1%80%95%e1%80%94%e1%80%ba%e1%80%b8%e1%80%81%e1%80%bb%e1%80%ae%e1%80%86%e1%80%9b%e1%80%ac%e1%80%99%e1%80%bb%e1%80%ac%e1%80%b8-%e1%80%85%e1%80%bb%e1%80%b1%e1%80%b8%e1%80%80/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 3月 10, 2022 3:28 下午
下一篇 3月 10, 2022 3:32 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....