မန္တလေးတွင် စက်သုံးဆီဈေးများ အနည်းငယ်ကျဆင်း

Summary : ပြည်တွင်းစက်သုံးဆီဈေးများသည် မန္တလေးတွင် ဖေဖေါ်ဝါရီလ တတိယပတ်နောက်ပိုင်း တဖြေးဖြေး မြင့်တက်လာခဲ့ရာမှ မတ်လ ၁၁ ရက်နေ့ကစ၍ အကျဘက်ဦးတည်လာခဲ့ပြီး ယနေ့ မတ် ၁၂ ရက်နေ့တွင် တစ်လီတာလျှင် ပျမ်းမျှ ၁၅၀ ကျပ် ဝန်းကျင်ကျဆင်းလာကြောင်း စက်သုံးဆီဈေးကွက် မှ သိရသည်။

မန္တလေးတွင် စက်သုံးဆီဈေးများ အနည်းငယ်ကျဆင်း

မန္တလေးတွင် စက်သုံးဆီဈေးများ အနည်းငယ်ကျဆင်း

ပြည်တွင်းစက်သုံးဆီဈေးများသည် မန္တလေးတွင် ဖေဖေါ်ဝါရီလ တတိယပတ်နောက်ပိုင်း တဖြေးဖြေး မြင့်တက်လာခဲ့ရာမှ မတ်လ ၁၁ ရက်နေ့ကစ၍ အကျဘက်ဦးတည်လာခဲ့ပြီး ယနေ့ မတ် ၁၂ ရက်နေ့တွင် တစ်လီတာလျှင် ပျမ်းမျှ ၁၅၀ ကျပ် ဝန်းကျင်ကျဆင်းလာကြောင်း စက်သုံးဆီဈေးကွက် မှ သိရသည်။

မတ်လ ၁၀ ရက်နေ့က 92 အောက်တိန်းမှာတစ်လီတာလျှင် ၂၂၀၀ ကျပ်ဝန်းကျင်ဖြင့် အမြင့်ဆုံးရောက်ရှိခဲ့ပြီး ကမ္ဘာ့ရေနံဈေး ကျဆင်းမှုကြောင့် ပြည်တွင်းစက်သုံးဆီဈေးကွက်တွင်လည်း အနည်းငယ် ကျဆင်းခဲ့သည်ဟု ဆိုသည်။

“စက်သုံးဆီဈေးက ရန်ကုန်/ မန္တလေးဆိုပြီး အနည်းငယ် ကွာဟတာရှိတယ်။ ကမ္ဘာ့ရေနံစိမ်းဈေးကွက်မှာ ပြီးခဲ့တဲ့ မတ် ၁၀ ရက်လောက်က စပြီး အကျဘက်ရောက်သွားတော့ ပြည်တွင်းမှာလည်း ဈေးကျလာတဲ့ အနေအထားပါ။ ဆိုင်တစ်ဆိုင်နဲ့ တစ်ဆိုင်တော့ ဈေးအနည်းငယ် ကွာဟမှုရှိပါတယ်”ဟု စက်သုံးဆီအရောင်းဆိုင် မန်နေဂျာတစ်ဦးက ပြောသည်။

လက်ရှိတွင် ကမ္ဘာ့ရေနံစိမ်းဈေးကွက်၌ တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၂၇ ဝန်းကျင်မှ ၁၀၇ ဝန်းကျင်သို့ ကျဆင်းလာခြင်း ဖြစ်ပြီး ပြည်တွင်ဈေးကွက်(မန္တလေး)တွင် မတ်လ ၁၀ ရက်နေ့ တစ်လီတာဈေးနှုန်းများမှာ 92 အောက်တိန်း ၂၂၀၀ ကျပ်၊ 95 အောက်တိန်း ၂၃၃၀ ကျပ်၊ ဒီဇယ်ရိုးရိုး ၂၄၇၀ ကျပ်၊ Premium ဒီဇယ် ၂၅၀၀ ကျပ်တို့ ဖြစ်ပြီး မတ် ၁၂ ရက်နေ့တွင် 92 အောက်တိန်း ၂၁၇၀ ကျပ်၊ 95 အောက်တိန်း ၂၃၀၀ ကျပ်၊ ဒီဇယ်ရိုးရိုး ၂၃၄၀ ကျပ်၊ Premium ဒီဇယ် ၂၃၇၀ကျပ်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းသို့ စက်သုံးဆီတင်သွင်းမှု စာရင်းများအရ နှစ်စဉ်တန်ချိန် ၆သန်းခန့်ရှိပြီး လက်ရှိပေါက်ဈေးသည် တစ်နှစ်ကျော်ကာလအတွင်း ၄ ဆခန့်မြင့်တက်လာခဲ့ခြင်းကြောင့် အခြားဆက်စပ်မှုရှိသော ကုန်ထုတ်လုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေးနှင့် အခြေခံစားသုံးသူဈေးကွက်တွင် ဈေးမြင့်တက်လာကြောင်း သိရသည်။

ရွှေနွယ်ကြိုး

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/03/13/%e1%80%99%e1%80%94%e1%80%b9%e1%80%90%e1%80%9c%e1%80%b1%e1%80%b8%e1%80%90%e1%80%bd%e1%80%84%e1%80%ba-%e1%80%85%e1%80%80%e1%80%ba%e1%80%9e%e1%80%af%e1%80%b6%e1%80%b8%e1%80%86%e1%80%ae%e1%80%88%e1%80%b1/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 3月 13, 2022 10:07 下午
下一篇 3月 14, 2022 10:52 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....