နိုင်ငံတော်အဆင့် ဇီဝလုံခြုံမှုအဆင့်ဓာတ်ခွဲခန်

Summary : တရုတ်နိုင်ငံ၏ ပံ့ပိုးကူညီမှုဖြင့် တည်ဆောက်နေသည့် နိုင်ငံတော်အဆင့် ဇီဝလုံခြုံမှုအဆင့်ဓာတ်ခွဲခန်းကို ၂၀၂၃ ခုနှစ်အတွင်း အပြီး တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ ပံ့ပိုးကူညီမှုဖြင့် တည်ဆောက်နေသည့် နိုင်ငံတော်အဆင့်ဇီဝလုံခြုံမှုအဆင့်ဓာတ်ခွဲခန်းကို ၂၀၂၃ ခုနှစ်အတွင်း အပြီး တည်ဆောက်မည်

နိုင်ငံတော်အဆင့် ဇီဝလုံခြုံမှုအဆင့်ဓာတ်ခွဲခန်

တရုတ်နိုင်ငံ၏ ပံ့ပိုးကူညီမှုဖြင့် တည်ဆောက်နေသည့် နိုင်ငံတော်အဆင့် ဇီဝလုံခြုံမှုအဆင့်ဓာတ်ခွဲခန်းကို ၂၀၂၃ ခုနှစ်အတွင်း အပြီး တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဓာတ်ခွဲခန်းကို နေပြည်တော်၌ တည်ဆောက်နေခြင်း ဖြစ်ပြီး ဓာတ်ခွဲခန်းအပါအဝင် ကူးစက်ရောဂါထိန်းချုပ်ရေးဗဟိုဌာန (CDC) နှင့် ကျန်းမာရေးဝန်ထမ်းများ လေ့ကျင့်ရေးဌာနလည်း ပါဝင်မည် ဖြစ်သည်။

စီမံကိန်းမှာ နိုင်ငံတကာ အဆင့်မှီ စီမံကိန်းတစ်ခုဖြစ်ပြီး တန်ဖိုး ယွမ်သန်း (၄၀၀)ခန့် ရှိကြောင်း၊ စီမံကိန်းတွင် (၂)ထပ် အုပ်ချုပ်မှုဆောင် (၁)ဆောင်၊ (၃)ထပ် ရောဂါနှိမ်နင်းရေး အဆောက်အဦနှင့် နိုင်ငံတကာအဆင့်မှီ Biosafety level (3) နှင့် Biosafety level (2) ရှိသော ဓာတ်ခွဲခန်းများ၊ (၄)ထပ် သင်တန်းကျောင်းဆောင်တို့ ပါဝင်မည် ဖြစ်သည်။

တရုတ်နိုင်ငံအထောက်အပံ့ဖြင့် တည်ဆောက်သည့် မြန်မာနိုင်ငံ ကူးစက်ရောဂါ ထိန်းချုပ်ရေးဗဟိုဌာန (CDC) နှင့် ကျန်းမာရေးဝန်ထမ်းများလေ့ကျင့်ရေးဌာန စီမံကိန်းမြေဧရိယာသည် စတုရန်းမီတာ ၈ သောင်းခန့်ရှိပြီး အဆောက်အအုံဧရိယာသည် စတုရန်းမီတာ ၁၈၀၀၀ ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်သည်။

နိုင်ငံတော်အဆင့် ဇီဝလုံခြုံမှုအဆင့်ဓာတ်ခွဲခန်နိုင်ငံတော်အဆင့် ဇီဝလုံခြုံမှုအဆင့်ဓာတ်ခွဲခန်နိုင်ငံတော်အဆင့် ဇီဝလုံခြုံမှုအဆင့်ဓာတ်ခွဲခန်

အဆောက်အအုံများအပြင် တရုတ်နိုင်ငံကလည်း နှစ်နှစ်တာ နည်းပညာပူးပေါင်းဆောင်ရွက်မှုလည်း ထောက်ပံ့ပေးပြီး မြန်မာနိုင်ငံအတွက် ကျန်းမာရေးနှင့် နည်းပညာဝန်ထမ်းများ လေ့ကျင့်ပေးမည်ဖြစ်သည်။

လက်ရှိတွင် ယာယီတည်ဆောက်မှု၊ မြေပြန်ဖို့မှုများတည်ဆောက်ပြီးဖြစ်ကာ ဆောက်လုပ်ရေးပိုင်တိုင်နှင့် အခြေခံဆောက်လုပ်ရေးလုပ်ငန်းများကို မေလအတွင်း အပြီး လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်က စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြသုခ

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/03/13/%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%84%e1%80%b6%e1%80%90%e1%80%b1%e1%80%ac%e1%80%ba%e1%80%a1%e1%80%86%e1%80%84%e1%80%b7%e1%80%ba-%e1%80%87%e1%80%ae%e1%80%9d%e1%80%9c%e1%80%af%e1%80%b6/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 3月 10, 2022 3:37 下午
下一篇 3月 13, 2022 10:05 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....