Quantitative Researchလေ့ကျင့်ရေးသင်တန်း သင်တန်းဆင်းပွဲ

Summary : ၂၀၂၁ ခုနှစ် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ ထောက်ပံ့မှုဖြင့် ဖော်ဆောင်သည့် “မြန်မာနိုင်ငံ ခရီးသွားလာရေးသုတေသနစင်တာ တည်ဆောက်မှု” စီမံကိန်းပမာဏဆိုင်ရာ သုတေသန (Quantitative Research) လေ့ကျင့်ရေးသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို မတ်လ ၁၀ ရက်နေ့တွင် ကျင်းပကြောင်း သိရသည်။

 “မြန်မာနိုင်ငံ ခရီးသွားလာရေးသုတေသနစင်တာ တည်ဆောက်မှု” စီမံကိန်းပမာဏဆိုင်ရာ သုတေသန (Quantitative Research) လေ့ကျင့်ရေးသင်တန်း သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

Quantitative Researchလေ့ကျင့်ရေးသင်တန်း သင်တန်းဆင်းပွဲ

၂၀၂၁ ခုနှစ် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ ထောက်ပံ့မှုဖြင့် ဖော်ဆောင်သည့် “မြန်မာနိုင်ငံ ခရီးသွားလာရေးသုတေသနစင်တာ တည်ဆောက်မှု” စီမံကိန်းပမာဏဆိုင်ရာ သုတေသန (Quantitative Research) လေ့ကျင့်ရေးသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို မတ်လ ၁၀ ရက်နေ့တွင် ကျင်းပကြောင်း သိရသည်။

Quantitative Researchလေ့ကျင့်ရေးသင်တန်း သင်တန်းဆင်းပွဲ

သင်တန်းဆင်းပွဲအခမ်းအနားသို့ မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၊ မြန်မာနိုင်ငံ ခရီးသွားလာရေးလုပ်ငန်းဆိုင်ရာ ဌာနများနှင့် အသင်းအဖွဲ့ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ခရီးသွားလုပ်ငန်းသည် မြန်မာနိုင်ငံအတွက် နိုင်ငံခြားငွေရရှိစေသည့် အရေးကြီးလုပ်ငန်းဖြစ်ကြောင်း၊ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေမှ စီမံကိန်းအပေါ် ပံ့ပိုးကူညီမှုအတွက် ကျေးဇူးတင်ရှိကြောင်း၊ သင်တန်းသားများမှ သင်ယူလေ့လာခဲ့သည့်ဗဟုသုတများကို ခရီးသွားလုပ်ငန်းနယ်ပယ်တွင် လေ့လာသုတေသနပြုကာ လက်တွေ့အသုံးချနိုင်ပြီး အစိုးရ၏ ဆုံးဖြတ်ချခြင်းနှင့် စီးပွားရေးလုပ်ငန်းလုပ်ကိုင်မှုများအတွက် အကျိုးရှိစွာ မှီငြမ်းနိုင်ရန် မျှော်လင့်ကြောင်း၊ ထိုသို့ဖြင့် အမျိုးသားခရီးသွားလုပ်ငန်း တည်ငြိမ်ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။

စီမံကိန်းပမာဏဆိုင်ရာသုတေသန လေ့ကျင့်ရေးသင်တန်းသည် ၁၅ ရက်ကြာမြင့်ပြီး မြန်မာနိုင်ငံ ခရီးသွားလာရေးလုပ်ငန်းဆိုင်ရာ ဌာနများ၊ ကျောင်းများနှင့် ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်တို့မှ သင်တန်းသား ၅၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြသုခ

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/03/13/quantitative-research%e1%80%9c%e1%80%b1%e1%80%b7%e1%80%80%e1%80%bb%e1%80%84%e1%80%b7%e1%80%ba%e1%80%9b%e1%80%b1%e1%80%b8%e1%80%9e%e1%80%84%e1%80%ba%e1%80%90%e1%80%94%e1%80%ba%e1%80%b8-%e1%80%9e/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 3月 13, 2022 10:03 下午
下一篇 3月 13, 2022 10:07 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....