ထိုင်းနိုင်ငံမှလှူဒါန်းသည့်Covid-19ဆေး(၅)သိန်းDosesရောက်ရှိ

Summary : ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးလုပ်ငန်းများတွင် အသုံးပြုရန် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှတဆင့် ထိုင်းနိုင်ငံမှ လှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး AstraZeneca အမှတ်တံဆိပ် (၁)သန်း doses အနက် ပထမအသုတ် ကာကွယ်ဆေး(၅)သိန်း Doses နှင့် ဆေးထိုးအပ် (၅)သိန်းသည် မတ်လ (၁၂)ရက်နေ့ နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာကြောင်း သိရသည်။

ထိုင်းနိုင်ငံမှ လှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများအနက် ပထမအသုတ် ကာကွယ်ဆေး(၅)သိန်း Doses နှင့် ဆေးထိုးအပ် (၅)သိန်း ရောက်ရှိ

ထိုင်းနိုင်ငံမှလှူဒါန်းသည့်Covid-19ဆေး(၅)သိန်းDosesရောက်ရှိ

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးလုပ်ငန်းများတွင် အသုံးပြုရန် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှတဆင့် ထိုင်းနိုင်ငံမှ လှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး AstraZeneca အမှတ်တံဆိပ် (၁)သန်း doses အနက် ပထမအသုတ် ကာကွယ်ဆေး(၅)သိန်း Doses နှင့် ဆေးထိုးအပ် (၅)သိန်းသည် မတ်လ (၁၂)ရက်နေ့ နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးများအား လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ အချိန်ပြည့်အလုပ်အမှုဆောင် ဒေါက်တာတင်ညွှန့်၊ အထွေထွေအတွင်းရေးမှူး ပါမောက္ခ ဒေါက်တာထင်ဇော်စိုး၊ ရန်ကုန်တိုင်း ဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာရန်နောင်ထွန်း နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှ Charge d’ affaires, Mrs.Kanokwan Pengsuwan, Minister Counsellor- Ms.Chana Sindhvananda နှင့် First Secretary, Ms.Chalermkwan Worranit နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ထိုင်းနိုင်ငံမှလှူဒါန်းသည့်Covid-19ဆေး(၅)သိန်းDosesရောက်ရှိထိုင်းနိုင်ငံမှလှူဒါန်းသည့်Covid-19ဆေး(၅)သိန်းDosesရောက်ရှိထိုင်းနိုင်ငံမှလှူဒါန်းသည့်Covid-19ဆေး(၅)သိန်းDosesရောက်ရှိ

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုအနေဖြင့် (၁၂-၃-၂၀၂၂) ရက်နေ့ အထိ လူဦးရေ စုစုပေါင်း (၂၄.၇)သန်း အား ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေးနှစ်ကြိမ် အပြည့် ထိုးနှံပြီးစီးသူ (၂၁.၄)သန်း နှင့် ပထမအကြိမ်ထိုးနှံပြီးစီးသူ (၃.၃)သန်း ရှိပြီဖြစ်၍ (၁၂-၃-၂၀၂၂) ရက်နေ့အထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း (၄၇.၀၁) သန်း ထိုးနှံပြီး ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ကိုခန့်

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/03/14/%e1%80%91%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%84%e1%80%b6%e1%80%99%e1%80%be%e1%80%9c%e1%80%be%e1%80%b0%e1%80%92%e1%80%ab%e1%80%94%e1%80%ba/

(1)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 3月 14, 2022 10:55 下午
下一篇 3月 18, 2022 9:49 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....