မန္တလေးတိုင်း အမရပူရမြို့နယ်တွင် ငွေကျပ် ၂၆ ဒသမ ၉၃ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်တွင် ငွေကျပ် ၂၆ ဒသမ ၉၃ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၁၁ ရက် နံနက် ၅ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ စွယ်တော်ကားဝင်းတွင် သန်းထိုက်(ခ)သံနိုင် (၂၆)နှစ် မောင်းနှင်သည့် ၂၂ ဘီးတွဲကားကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်တွင် ပြောင်းဖူးအိတ်များဖြင့် ဖုံးအုပ်ထားသည့် ဒေသကာလတန်ဖိုး ငွေကျပ် ၂၆ ဒသမ ၉၃ ဘီလီယံ တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖြစ်ကြသည့် အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၁၈ တန်နှင့် ကတ်တမင်း ၁၁၁ ကီလိုတို့ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။
ထိုသို့ ဖမ်းဆီးရမိသည်နှင့်ပတ်သက်၍ ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/03/14/%e1%80%a1%e1%80%99%e1%80%9b%e1%80%95%e1%80%b0%e1%80%9b%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%81%82%e1%81%86-%e1%81%89%e1%81%83%e1%80%98%e1%80%ae%e1%80%9c%e1%80%ae%e1%80%9a%e1%80%b6%e1%80%90%e1%80%94/