Passport လျှောက်ထားခြင်းonlineရက်ချိန်းစနစ်ပြောင်းသုံးမည်

Summary : ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် နိုင်ငံကူးလက်မှတ်လျှောက်ထားရာ၌ အွန်လိုင်းရက်ချိန်းရယူပြီးမှသာ ဝင်လျှောက်ထားနိုင်သည့်စနစ်ကို မတ်လ ၂၁ ရက်နေ့စ၍ ပြောင်းလဲကျင့်သုံးသွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်း အွန်လိုင်းရက်ချိန်းစနစ် ပြောင်းလဲကျင့်သုံးမည်

Passport လျှောက်ထားခြင်းonlineရက်ချိန်းစနစ်ပြောင်းသုံးမည်

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် နိုင်ငံကူးလက်မှတ်လျှောက်ထားရာ၌ အွန်လိုင်းရက်ချိန်းရယူပြီးမှသာ ဝင်လျှောက်ထားနိုင်သည့်စနစ်ကို မတ်လ ၂၁ ရက်နေ့စ၍ ပြောင်းလဲကျင့်သုံးသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့အနေဖြင့် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကူးလက်မှတ်ထုတ် ပေးရေးရုံးတွင် နေ့စဉ် နိုင်ငံကူးလက်မှတ်လျှောက်ထားသူ ၂၅ဝဝ ခန့်ကို နေ့စဉ် ဆောင်ရွက်ပေးလျက်ရှိရာ အချိန်ကြာမြင့်စွာတန်းစီစောင့်ဆိုင်းရခြင်း၊ ကိုဗစ်-၁၉ ရောဂါအန္တရာယ်စိုးရိမ်ရခြင်းများ လျော့နည်းလာစေရန်အတွက် အွန်လိုင်းရက်ချိန်းယူသောစနစ်ကို ပြောင်းလဲကျင့်သုံးရခြင်းဖြစ်သည်ဟု ဆိုသည်။

နိုင်ငံကူးလက်မှတ်လျှောက်ထားလိုသူများအနေဖြင့် www.passport.gov.mm ဝက်ဆိုက်ဒ်တွင် Online Appointment စနစ်ဖြင့် Online Booking ရက်ချိန်းရယူရမည်ဖြစ်ပြီး ရက်ချိန်းရယူရန် အမည်၊ အဘအမည်၊ မွေးနေ့ စသည့်အချက်အလက်များကို မှန်ကန်စွာဖြည့်သွင်းရမည်ဖြစ်ကာ အွန်လိုင်းရက်ချိန်းရယူသူ၏ Email သို့ ပြန်လည်ပေးပို့သော Passport Online Appointment Letter အား Print ထုတ်၍သော်လည်းကောင်း အွန်လိုင်းရက်ချိန်းရယူသူ၏ မိုဘိုင်းဖုန်းတွင် QR code ပါရှိသော Screen ကိုသိမ်းကာ ယူဆောင်လာပြီးမှ သာ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးသို့ လာရောက်လျှောက်ထားနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကောင်းကောင်း

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/03/14/passport-%e1%80%9c%e1%80%bb%e1%80%be%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%91%e1%80%ac%e1%80%b8%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8online%e1%80%9b%e1%80%80%e1%80%ba%e1%80%81%e1%80%bb/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 3月 14, 2022 10:52 下午
下一篇 3月 14, 2022 10:56 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....