မုံရွာတွင်အိမ်ခြံမြေအရောင်းသွက်ပြီးဈေးကောင်းရ

Summary : မုံရွာမြို့ ချမ်းမြဝတီ၊ နန္ဒဝန်နှင့် မြို့သစ်ရပ်ကွက်တို့တွင် နေ့စဉ် အရောင်းအဝယ်ဖြစ်နေကြောင်း မုံရွာမြို့အိမ်ခြံမြေအကျိုးဆောင် ကိုနီလွင် ထံမှသိရသည်။

မုံရွာမြို့တွင် အိမ်ခြံမြေအရောင်းသွက်ပြီး ဈေးကောင်းရနေ

မုံရွာတွင်အိမ်ခြံမြေအရောင်းသွက်ပြီးဈေးကောင်းရ

မုံရွာမြို့ ချမ်းမြဝတီ၊ နန္ဒဝန်နှင့် မြို့သစ်ရပ်ကွက်တို့တွင် နေ့စဉ် အရောင်းအဝယ်ဖြစ်နေကြောင်း မုံရွာမြို့အိမ်ခြံမြေအကျိုးဆောင် ကိုနီလွင် ထံမှသိရသည်။

“လတ်တလော ချမ်းမြဝတီရပ်၊ မြို့သစ်ရပ်၊ နန္ဒဝန်ရပ်တွေက အရောင်းအဝယ်ဖြစ်တာ များပါတယ်။ ကျန်တဲ့ရပ်ကွက်တွေလည်း အသင့်အတင့် အရောင်းအဝယ်ဖြစ်တယ်။ ချမ်းမြဝတီ၊ မြို့သစ်နဲ့ နန္ဒဝန်ရပ်ကွက်တွေမှာ တစ်ရပ်ကွက်ကို ၅ဝင်း၊၆ဝင်းလောက် အရောင်းအဝယ် ဖြစ်နေပါတယ်။ လာဝယ်တဲ့အနေအထားက ငွေကြေးအတိုင်းအတာ မထားချင်တဲ့သူတွေ၊ အခြေချနေထိုင်တဲ့သူတွေနဲ့ ရင်းနှီးမြုပ်နှံမှုအနေနဲ့ ဝယ်ကြတာတွေ ရှိပါတယ်။ လက်ရှိကတော့ တက်စျေးနဲ့ပဲ အရောင်းအဝယ် ဖြစ်နေတယ်။ အရောင်းအဝယ်သွက်တဲ့ ချမ်းမြဝတီ၊ မြို့သစ်နဲ့ နန္ဒဝန်ရပ်တွေမှာ အတက်စျေးနဲ့ ရောင်းဝယ်နေကြပါတယ်” ဟု ကိုနီလွင်ကပြောသည်။

ယခင်နှစ်များက မုံရွာတက္ကသိုလ်နယ်မြေဝန်းကျင် ချမ်းမြဝတီရပ်တွင်သာ အိမ်ခြံမြေအရောင်းအဝယ် သွက်ခဲ့ရာမှ လက်ရှိတွင် မြို့သစ်ရပ်၊ နန္ဒဝန်ရပ်ကွက်များတွင်ပါ နေ့စဥ် အရောင်းအဝယ်သွက်နေခြင်း ဖြစ်သည်။
မုံရွာတွင်အိမ်ခြံမြေအရောင်းသွက်ပြီးဈေးကောင်းရမုံရွာတွင်အိမ်ခြံမြေအရောင်းသွက်ပြီးဈေးကောင်းရ
“လက်ရှိက အဝယ်တွေလိုက်လာပြီး အရောင်းဖက်မှာ စျေးတန်းက ပြောင်းပြောင်းသွားပြီး အရောင်းပိတ်တာမျိုး ရှိပါတယ်။ ပုံမှန်ပေါက်စျေး သိန်း ၃၀၀ တန်တဲ့ဟာက သိန်း ၅၀၀ လောက်ထိ တက်သွားတာ တွေ့ရပါတယ်။ မုံရွာမြို့ရပ်ကွက်ပေါင်းစုံမှာတော့ အိမ်ခြံမြေစျေးကွက်တွေ အရောင်းအဝယ် ဖြစ်နေကြပါတယ်။ အခုအရောင်းအဝယ်ဆိုင်ကြပြီ ဆိုရင် အရောင်းဖက်က စျေးတန်းပြောင်းသွားတာတို့ ငွေကြေးအခြေအနေအရ စျေးတက်သွားတာတို့ ကြုံတွေ့နေရပါတယ်” ဟု မုံရွာမြို့ အိမ်ခြံမြေအကျိုးဆောင် ပန်းရနံ ကိုမျိုး ကပြောသည်။

မုံရွာမြို့ပြ ချဲ့ထွင်မှုသည် မြို့အနောက်ဖက်တွင် ချင်းတွင်းမြစ်ရှိနေသည့်အတွက် မြို့အရှေ့ခြမ်း၊ အကွက်ကျပုံစံကောင်းရှိသည့် မြို့မြောက်ခြမ်းတို့တွင် အရောင်းအဝယ်ဖြစ်နေသည်။

ဝါရင့်အိမ်ခြံမြေအကျိုးဆောင်များ၏ အဆိုအရ လက်ရှိ အဝယ်များနေသော်လည်း ရောင်းသူဖက်မှ အတက်ဖက်စျေးနှုန်းသို့ ပြောင်းလဲမှု၊ အရောင်းပိတ်မှုများကြောင့် ထင်သလောက် လုပ်ရမလွယ်ကြောင်း သိရသည်။

စျာန်ထူးကို

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/03/18/%e1%80%99%e1%80%af%e1%80%b6%e1%80%9b%e1%80%bd%e1%80%ac%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%a1%e1%80%ad%e1%80%99%e1%80%ba%e1%80%81%e1%80%bc%e1%80%b6%e1%80%99%e1%80%bc%e1%80%b1%e1%80%a1%e1%80%9b/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 3月 18, 2022 9:52 下午
下一篇 3月 20, 2022 11:10 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....