တရုတ်နိုင်ငံသို့ပြောင်းတင်ပို့နိုင်ရေး ဆွေးနွေးပွဲ

Summary : မန္တလေးတိုင်းဒေသကြီး ပြောင်းလုပ်ငန်းအသင်းမှ တရုတ်နိုင်ငံသို့ ပြောင်းတင်ပို့နိုင်ရေးအတွက် GACC လက်မှတ် ရရှိရေးနှင့် လိုအပ်ချက်များ ဆွေးနွေးပွဲကို မတ် ၁၅ ရက် မွန်းလွဲ ၁နာရီက မန္တလေးမြို့ အခြေစိုက် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းက ဦးဆောင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံသို့ ပြောင်းတင်ပို့နိုင်ရေး လိုအပ်ချက်များ ဆွေးနွေးပွဲကို မန္တလေးတိုင်း ပြောင်းလုပ်ငန်းအသင်းမှ ဦးဆောင်ကျင်းပ

တရုတ်နိုင်ငံသို့ပြောင်းတင်ပို့နိုင်ရေး ဆွေးနွေးပွဲ

မန္တလေးတိုင်းဒေသကြီး ပြောင်းလုပ်ငန်းအသင်းမှ တရုတ်နိုင်ငံသို့ ပြောင်းတင်ပို့နိုင်ရေးအတွက် GACC လက်မှတ် ရရှိရေးနှင့် လိုအပ်ချက်များ ဆွေးနွေးပွဲကို မတ် ၁၅ ရက် မွန်းလွဲ ၁နာရီက မန္တလေးမြို့ အခြေစိုက် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းက ဦးဆောင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲအား မန္တလေးတိုင်းဒေသကြီး ပြောင်းအသင်းဖွဲ့စည်းခြင်းအခမ်းအနားနှင့် အတူ ကျင်းပခဲ့ခြင်းဖြစ်သည်။

ထိုသို့ဆွေးနွေးရာတွင် တရုတ်နိုင်ငံသို့ ပြောင်းတင်ပို့လိုသည့် လုပ်ငန်းရှင်များ အနေဖြင့် ပို့ကုန်ဆိုင်ရာ စာရွက်စာတမ်းများ၊ ပြောင်းအခြောက်ခံစက်၊ သိုလှောင်ရုံများ ထားရှိရမည့် GACC စံချိန်စံညွှန်းများကို ရှင်းလင်းပြောကြားပြီး အမြန်ဆုံးတင်ပို့နိုင်ရေးအတွက် ပြင်ဆင်ထားကြရန်နှင့် သက်ဆိုင်ရာ စိုက်ပျိုးရေး ဌာန များကို ပြောင်းအသင်းအနေဖြင့် ပေးပို့ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။

မန္တလေးတိုင်းဒေသကြီး ပြောင်းလုပ်ငန်းအသင်းအား ဗဟိုကော်မတီဝင် ၅ ဦး၊ မန္တလေးတိုင်းဒေသကြီး ပြောင်းအသင်း အလုပ်အမှုဆောင်အဖွဲ့ ၁၀ ဦး တို့ဖြင့် ဖွဲ့စည်းခဲ့သည်။

အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး ပြောင်းအသင်းဖွဲ့စည်းနိုင်ရေး အတွက် အဆိုပြု အမှုဆောင်များ၊ ပြောင်းလုပ်ငန်းလုပ်ကိုင်ကြသူများ တက်ရောက်ကြပြီး  မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယ ဥက္ကဌ ဦးကျော်သွင်နှင့် ပွဲစားကုန်သည်စက်ပိုင်များ ကထိန် တော်အသင်း ဥက္ကဌ ဦးသက်တင် တို့က အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ရွှေနွယ်ကြိုး

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/03/18/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%84%e1%80%b6%e1%80%9e%e1%80%ad%e1%80%af%e1%80%b7%e1%80%95%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%ba/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 3月 18, 2022 9:49 下午
下一篇 3月 18, 2022 9:52 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....