COVIDဖြစ်ပွားမှုကျဆင်းလာသဖြင့်လူ၄၀၀ထိစုဝေးခွင့်ပြု

Summary : ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်ဖြစ်ပွားမှုအခြေအနေပေါ်မူတည်ပြီး လူစုဝေးခွင့်ပြုသည့် အရေအတွက်ကို သတ်မှတ်ကြေညာခဲ့ရာ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ ၂၁ ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ မတ်လ ၁၅ ရက်က အမိန့်အမှတ်၊ ၅၆/၂၀၂၂ ဖြင့် လူ ၄၀၀ ထိ စုဝေးနိုင်ကြောင်း ထုတ်ပြန်သည်။

ကိုဗစ်ဖြစ်ပွားမှုအခြေအနေ ကျဆင်းလာသဖြင့် လူ ၄၀၀ ထိ စုဝေးခွင့်ပြု

COVIDဖြစ်ပွားမှုကျဆင်းလာသဖြင့်လူ၄၀၀ထိစုဝေးခွင့်ပြု

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်ဖြစ်ပွားမှုအခြေအနေပေါ်မူတည်ပြီး လူစုဝေးခွင့်ပြုသည့် အရေအတွက်ကို သတ်မှတ်ကြေညာခဲ့ရာ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ ၂၁ ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ မတ်လ ၁၅ ရက်က အမိန့်အမှတ်၊   ၅၆/၂၀၂၂ ဖြင့် လူ ၄၀၀ ထိ စုဝေးနိုင်ကြောင်း ထုတ်ပြန်သည်။

ယခုအခါတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေများအပေါ် သုံးသပ်ချက်များအရ ကိုဗစ်-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ်တွေ့ရှိမှု၊ ပိုးတွေ့နှုန်းနှင့် သေဆုံးမှုနှုန်းတို့မှာ သိသာ စွာကျဆင်းလာကြောင်း တွေ့ရှိရသဖြင့် ခြွင်းချက်ပြုဖော်ပြထားသော ကိစ္စရပ်များမှအပ လူ ၄၀၀ ဦးအထိ ၁၆-၃-၂၀၂၂ ရက်နေ့မှစ၍ စုဝေးခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

COVID-19 ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်စေရန်အတွက် လူ ၅၀ ဦးအစား လူ ၁၀၀ ဦးထက်ပို၍ စုဝေးခြင်းမပြုရန် ၂၉-၁၀-၂၀၂၁ ရက်စွဲပါ အမိန့်အမှတ် ၄၇၉/၂၀၂၁ ဖြင့်လည်းကောင်း၊ ဘာသာရေးဆိုင်ရာအခမ်းအနားများနှင့် သာရေး/နာရေး ဆိုင်ရာ ကိစ္စရပ်များအတွက် လူ ၂၀၀ ဦးအထိ စုဝေးခွင့်ပြုကြောင်း ၃၀-၁၂-၂၀၂၁ ရက်စွဲပါအမိန့်အမှတ် ၅၃၈/၂၀၂၁ ဖြင့်လည်း ကောင်း ထုတ်ပြန်ခဲ့သည်။

ကိုဗစ်-19 ရောဂါနှင့်စပ်လျဉ်း၍ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန တို့က ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်ပါက တည်ဆဲ ဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် အသိပေးထားသည်။

ကောင်းကောင်း

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/03/18/covid%e1%80%96%e1%80%bc%e1%80%85%e1%80%ba%e1%80%95%e1%80%bd%e1%80%ac%e1%80%b8%e1%80%99%e1%80%be%e1%80%af%e1%80%80%e1%80%bb%e1%80%86%e1%80%84%e1%80%ba%e1%80%b8%e1%80%9c%e1%80%ac%e1%80%9e%e1%80%96/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 3月 14, 2022 10:56 下午
下一篇 3月 18, 2022 9:51 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....