Sinopharm CNBGဆေးဝါးကုမ္ပဏီနှင့် ပူးပေါင်း၍ Myancopharm ထုတ်လုပ်

Summary : ကိုဗစ်၁၉ ရောဂါ ကာကွယ်ဆေးလိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ရေးအတွက် စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါးလုပ်ငန်း အနေဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ Sinopharm CNBG ဆေးဝါးကုမ္ပဏီနှင့် ပူးပေါင်း၍ ပြည်တွင်း၌ပင် ကာကွယ်ဆေးထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ဆေးဝါးလုပ်ငန်းသည် တရုတ်နိုင်ငံ Sinopharm CNBG ဆေးဝါးကုမ္ပဏီနှင့် ပူးပေါင်း၍ ပြည်တွင်း၌ ကိုဗစ်ကာကွယ်ဆေး Myancopharm ထုတ်လုပ်

Sinopharm CNBGဆေးဝါးကုမ္ပဏီနှင့် ပူးပေါင်း၍ Myancopharm ထုတ်လုပ်

ကိုဗစ်၁၉ ရောဂါ ကာကွယ်ဆေးလိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ရေးအတွက် စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါးလုပ်ငန်း အနေဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ Sinopharm CNBG ဆေးဝါးကုမ္ပဏီနှင့် ပူးပေါင်း၍ ပြည်တွင်း၌ပင် ကာကွယ်ဆေးထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ Sinopharm CNBG ဆေးဝါးကုမ္ပဏီမှ ပုလင်းသွင်းဖြည့်တင်းရန်အဆင့် ကာကွယ်ဆေး (RTF Bulk) ဝယ်ယူ၍ မြန်မာ့ဆေးဝါး လုပ်ငန်းမှ ပုလင်းသွင်းဖြည့်တင်းခြင်း (Fill/ Finish) ကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား ထုတ်လုပ်မည့် ဆေးဝါး စက်ရုံခွဲ (ရွာသာကြီး)တွင် ဆောင်ရွက်မည် ဟုဆိုသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Sinopharm CNBG ဆေးဝါး စက်ရုံနှင့် ဆွေးနွေးညှိနှိုင်းမှုများကို ၂၀၂၁ ခုနှစ် ဇူလိုင်လအတွင်း ဆောင်ရွက်ခဲ့ပြီးနောက် ကာကွယ်ဆေးထုတ်လုပ်မှုနည်းပညာဆိုင်ရာ ကိစ္စရပ်များ ဆက်လက်ဆွေးနွေး ညှိနှိုင်းရန်အတွက် ကာကွယ်ဆေးထုတ်လုပ်မှုနည်းပညာဆိုင်ရာ လျှို့ဝှက်ချက် ထိန်းသိမ်းမှု သဘောတူ စာချုပ် (Non Disclosure Agreement) အား ၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်း လက်မှတ်ရေးထိုးခဲ့သည်။

ကာကွယ်ဆေးအား (Fil/Finish) အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် ကာကွယ်ဆေး ထုတ်လုပ်မှု နည်းပညာများကို လွှဲပြောင်းရုံသာမက တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပညာရှင်နှစ်ဦးသည် မြန်မာနိုင်ငံသို့ လာရောက်ပြီး ကာကွယ်ဆေး ထုတ်လုပ်မှုနည်းပညာများကို သင်ကြားလေ့ကျင့်ပေးခြင်းနှင့် ထုတ်လုပ်မှုကို ကြီးကြပ်ကွပ်ကဲခြင်းများ ဆောင်ရွက်ပေးသည်။

ထို့အပြင် ထုတ်လုပ်သည့် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများ၏ အရည်အသွေးအား ဓာတ်ခွဲစမ်းသပ်နိုင်ရန်အတွက်လေ့ကျင့် သင်ကြားပေးခြင်းများကို ဆောင်ရွက်ပေးသည့်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ၏ အာနိသင်အား စမ်းသပ်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

ကောင်းကောင်း

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/03/18/sinopharm-cnbg%e1%80%86%e1%80%b1%e1%80%b8%e1%80%9d%e1%80%ab%e1%80%b8%e1%80%80%e1%80%af%e1%80%99%e1%80%b9%e1%80%95%e1%80%8f%e1%80%ae%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba-%e1%80%95%e1%80%b0/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 3月 18, 2022 9:51 下午
下一篇 3月 18, 2022 9:54 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....