(အိုမီခရွန်) ရောဂါပိုး BA.2 ကို ဓာတ်ခွဲ နမူနာ (၃၁) ခုတွင် တွေ့ရှိ
ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများ၏ ဓာတ်ခွဲနမူနာများ အနက် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုး တွေ့ရှိနိုင်သည့် သံသယဖြစ်ဖွယ် ဓာတ်ခွဲနမူနာ (၃၁) ခုအား စစ်ဆေးရာ SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုး BA.2 ကို ဓာတ်ခွဲ နမူနာ (၃၁) ခုတွင် တွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက မတ်လ ၁၈ ရက်နေ့တွင် ထုတ်ပြန်သည်။
Omicron (အိုမီခရွန်) ရောဂါပိုး BA.2 တွေ့ရှိသူများအား ကိုဗစ်-၁၉ ရောဂါပိုး ဓာတ်ခွဲ အတည်ပြုခဲ့စဉ်ကပင် သီးခြားထားရှိ ကုသမှုပေးလျက်ရှိပြီး ၎င်းတို့၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိသည် ဟုဆိုသည်။
နိုင်ငံတကာလေ့လာတွေ့ရှိချက်များအရ Omicron (အိုမီခရွန်) မျိုးရိုးဗီဇပြောင်း ရောဂါပိုး BA.2 သည် Omicron (အိုမီခရွန်) မျိုးရိုးဗီဇပြောင်းရောဂါပိုး BA.1 ထက် ကူးစက်မှု ပိုမိုမြန်ဆန်သော်လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးစီးသူများတွင် ရောဂါလက္ခဏာ ပြင်းထန်မှုနှင့် သေဆုံးမှုတို လျော့နည်းကြောင်း တွေ့ရှိကြောင်း သိရသည်။
Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/03/20/%e1%80%a1%e1%80%ad%e1%80%af%e1%80%99%e1%80%ae%e1%80%81%e1%80%9b%e1%80%bd%e1%80%94%e1%80%ba-ba-2-%e1%80%80%e1%80%ad%e1%80%af-%e1%80%93%e1%80%ac%e1%80%90%e1%80%ba%e1%80%81%e1%80%bd%e1%80%b2-%e1%80%94/