အားကောင်းသောမုန်တိုင်းငယ်လိမ္မော်ရောင်အဆင့်သတ်မှတ်

အားကောင်းသောမုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းအနီးမှ ဧရာဝတီမြစ်ဝကျွန်းပေါ်သို့ ဦးတည် ရွေ့လျားမည့် အခြေအနေဖြစ်ပါသဖြင့် လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်

အားကောင်းသောမုန်တိုင်းငယ်လိမ္မော်ရောင်အဆင့်သတ်မှတ်

မိုးဇလ၏ မတ်လ(၂၁)ရက်နေ့ ညနေ(၅)နာရီအချိန်ထုတ်ပြန်ချက်အရ အားကောင်းသောမုန်တိုင်းငယ် (Deep Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းအနီးမှ ဧရာဝတီမြစ်ဝကျွန်းပေါ်သို့ ဦးတည် ရွေ့လျားမည့် အခြေအနေဖြစ်ပါသဖြင့် လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်ကြောင်း သိရသည်။

အဆိုပါ အားကောင်းသောမုန်တိုင်းငယ်(Deep Depression)သည် မြန်မာစံတော်ချိန်(၁၅:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု(၁၃.၂)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု(၉၃.၉)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၁၀၀၀)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၄၅)မိုင်နှုန်းခန့် ဖြစ်သည်။

အားကောင်းသောမုန်တိုင်းငယ်လိမ္မော်ရောင်အဆင့်သတ်မှတ်

မြန်မာစံတော်ချိန်(၁၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောမုန်တိုင်းငယ် (Deep Depression)သည် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ တောင်-အရှေ့တောင်ဘက် ရေမိုင်(၆၀)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ တောင်ဘက် ရေမိုင်(၁၇၀)မိုင်ခန့်၊ ပုသိမ်မြို့၏ တောင် -အနောက်တောင်ဘက် ရေမိုင်(၂၂၀)မိုင်ခန့်၊ သံတွဲမြို့၏ တောင်ဘက် ရေမိုင်(၃၁၅)မိုင်ခန့်၊ ထားဝယ်မြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင်(၂၅၅)မိုင်ခန့်၊ မော်လမြိုင်မြို့၏ အနောက်တောင်ဘက် ရေမိုင်(၂၉၀)မိုင်ခန့်၊ ရန်ကုန်မြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၂၅၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ နီကိုးဘားကျွန်း(Nicobar Islands)၏ မြောက်ဘက် ရေမိုင်(၃၁၀)မိုင်ခန့်နှင့် ပို့ပလဲယား(Port Blair)၏ အရှေ့‌မြောက်ဘက် ရေမိုင်(၁၁၅) မိုင်ခန့်အကွာပင်လယ်ပြင်ကို ဗဟိုပြုနေသည်။

အဆိုပါ အားကောင်းသောမုန်တိုင်းငယ်(Deep Depression)သည် နီကိုးဘားကျွန်း(Nicobar Islands)နှင့် ကပ္ပလီပင်လယ်ပြင်ကမ်းလွန်တစ်လျှောက် မြောက်ဘက်သို့ ရွေ့လျား ပြီး၊ နောက်(၁၂)နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။

အဆိုပါ အားကောင်းသောမုန်တိုင်းငယ်(Deep Depression)သည် လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းအနီးမှ မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ (၂၂.၃.၂၀၂၂)ရက်နေ့ မွန်းလွဲပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းအနီးသို့လည်းကောင်း၊ (၂၃.၃.၂၀၂၂)ရက်နေ့ နံနက်ပိုင်းတွင် ရခိုင်ကမ်းရိုးတန်းကို သံတွဲမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

ကောင်းကောင်း

  •  

 

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/03/22/140f30fc0e/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 3月 20, 2022 11:10 下午
下一篇 3月 24, 2022 3:17 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....