အညိုရောင်အဆင့်မုန်တိုင်းငယ်ဆက်လက်ရွေ့လျားလျက်ရှိ

Summary : မတ်လ (၂၂)ရက်နေ့ မြန်မာစံတော်ချိန်(၁၇:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့အနီးမှ ရွေ့လျားလျက်ရှိသော အားကောင်းသောမုန်တိုင်းငယ် (Deep Depression)သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားလျက်ရှိပြီး လက်ရှိအခြေအနေအား အညိုရောင်အဆင့် သတ်မှတ်ထားကြောင်း သိရသည်။

အညိုရောင်အဆင့် အားကောင်းသောမုန်တိုင်းငယ် ဆက်လက်ရွေ့လျားလျက်ရှိ

အညိုရောင်အဆင့်မုန်တိုင်းငယ်ဆက်လက်ရွေ့လျားလျက်ရှိ

မတ်လ (၂၂)ရက်နေ့ မြန်မာစံတော်ချိန်(၁၇:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့အနီးမှ ရွေ့လျားလျက်ရှိသော အားကောင်းသောမုန်တိုင်းငယ် (Deep Depression)သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားလျက်ရှိပြီး လက်ရှိအခြေအနေအား အညိုရောင်အဆင့် သတ်မှတ်ထားကြောင်း သိရသည်။

အဆိုပါ အားကောင်းသောမုန်တိုင်းငယ်(Deep Depression)သည် မြောက်- အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် အားလျော့သွားကာ ရခိုင်ကမ်းရိုးတန်းတောင်ပိုင်းအနီးသို့ နောက် (၂၄)နာရီအတွင်း  ရောက်ရှိနိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒ ဦးစီးဌာနက ခန့်မှန်းထားသည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ပြီး မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် (၈)ပေမှ (၁၂)ပေခန့်ရှိနိုင်ကြောင်း ခန့်မှန်းထားပါသည်။

အညိုရောင်အဆင့်မုန်တိုင်းငယ်ဆက်လက်ရွေ့လျားလျက်ရှိ

အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့အနီးမှ ဆက်လက် ရွေ့လျားနေစဉ် ဧရာဝတီတိုင်းဒေသကြီးတွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၄၀)ခန့်နှင့် ရန်ကုန်တိုင်းဒေသကြီးတွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၃၀)ခန့်အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းထားသည်။

မုန်တိုင်းဖြတ်ကျော်စဉ် မုန်တိုင်းဒီရေမှာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ လပွတ္တာခရိုင်၊ မြောင်းမြခရိုင်၊ မအူပင်ခရိုင်၊ ဖျာပုံခရိုင်တို့ရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း (၆)ပေမှ (၈)ပေခန့်အထိ မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းထားသည်ဟု သိရသည်။

ကောင်းကောင်း

Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/03/24/%e1%80%a1%e1%80%8a%e1%80%ad%e1%80%af%e1%80%9b%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%a1%e1%80%86%e1%80%84%e1%80%b7%e1%80%ba%e1%80%99%e1%80%af%e1%80%94%e1%80%ba%e1%80%90%e1%80%ad%e1%80%af%e1%80%84/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 3月 24, 2022 3:17 下午
下一篇 3月 24, 2022 3:22 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....