တရုတ်သံရုံးက လှူဒါန်းထားသည့် ကိုယ်အပူချိန်စမ်းသပ်ရေးနှင့် လုံခြုံရေးစစ်ဆေးမှုတို့ ပေါင်းစပ်ထားသော စက်ပစ္စည်းများ စတင်အသုံးပြု
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသည် အမျိုးသားပြတိုက်၊ အမျိုးသားစာကြည့်တိုက် အပါအဝင် အရေးပါယဉ်ကျေးမှုအဖွဲ့အစည်းများသို့ လှူဒါန်းထားသော ကိုယ်အပူချိန်စမ်းသပ်ရေးနှင့် လုံခြုံရေးစစ်ဆေးမှုတို့ ပေါင်းစပ်ထားသော စက်ပစ္စည်းများ ယခုရက်ပိုင်းတွင် စတင်အသုံးပြုပြီ ဖြစ်ကြောင်း သံရုံး၏ထုတ်ပြန်ချက်အရ သိရသည်။
တရုတ်သံရုံးသည် ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် နေပြည်တော် အမျိုးသားပြတိုက်၊ ရန်ကုန်အမျိုးသားပြတိုက်၊ ရန်ကုန်အမျိုးသားစာကြည့်တိုက်၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) သို့ ကိုယ်အပူချိန်စမ်းသပ်ရေးနှင့် လုံခြုံရေးစစ်ဆေးမှုတို့ပေါင်းစပ်ထားသော စက်ပစ္စည်းတစ်စုံစီ လှူဒါန်းခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင်တပ်ဆင်ပြီးစီး၍ စတင်အသုံးပြုခြင်းဖြစ်သည်။
အဆိုပါအဖွဲ့အစည်းများ ကိုဗစ်-၁၉ ကပ်ရောဂါကာလတွင်း အများပြည်သူများအတွက် ဘေးကင်း၍ စနစ်တကျဖွင့်လှစ်ရေး၊ တရုတ်-မြန်မာယဉ်ကျေးမှု ကူးလူးဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ရေးအတွက် ယခုကဲ့သို့ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြသုခ
Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/03/24/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%80%9e%e1%80%b6%e1%80%9b%e1%80%af%e1%80%b6%e1%80%b8%e1%80%9c%e1%80%be%e1%80%b0%e1%80%91%e1%80%ac%e1%80%b8%e1%80%9e%e1%80%8a%e1%80%b7%e1%80%ba%e1%80%85/