သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်မည်

Summary : ၂၀၂၁−၂၀၂၂ ပညာသင်နှစ် (၁)နှစ်ပတ်လုံး ပိတ်ထားခဲ့သည့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များကို ယခု ၂၀၂၂−၂၀၂၃ ခု ပညာသင်နှစ်တွင် ပြန်လည် ဖွင့်လှစ်သင်ကြားမည် ဖြစ်ကြောင်း သီတဂူသင်ကြားစီမံ ဆရာတော်များ၏ အစည်းအဝေးက ဆုံးဖြတ်ကြောင်းသိရသည်။

တစ်နှစ်ကြာပိတ်ထားသည့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်မည်

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်မည်

၂၀၂၁−၂၀၂၂ ပညာသင်နှစ် (၁)နှစ်ပတ်လုံး ပိတ်ထားခဲ့သည့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များကို ယခု ၂၀၂၂−၂၀၂၃ ခု ပညာသင်နှစ်တွင် ပြန်လည် ဖွင့်လှစ်သင်ကြားမည် ဖြစ်ကြောင်း သီတဂူသင်ကြားစီမံ ဆရာတော်များ၏ အစည်းအဝေးက ဆုံးဖြတ်ကြောင်းသိရသည်။

တက္ကသိုလ်ဝင်ခွင့် စည်းကမ်းများမှာ ယခင်နှစ်များကဲ့သို့ ဖြစ်သော်လည်း တက္ကသိုလ်အတွင်း နေထိုင်ခွင့် အသက်ကို ယခင်က ၂၈ နှစ်အထိသာ သတ်မှတ်ခွင့်ပြုခဲ့သော်လည်း ယခုနှစ်တွင်မူ အသက် ၃၀ အထိ လက်ခံမည် ဖြစ်ကြောင်း အစည်းအဝေးက ဆုံးဖြတ်သည်။

သင်တန်းလျှောက်လွှာများနှင့် တက္ကသိုလ်အတွင်းနေခွင့်လျှောက်လွှာများကို မတ်လ၂၁ရက်မှ မေလ၂၂ရက်အထိတင်သွင်းရမည်ဖြစ်ပြီး သီတဂူဗုဒ္ဓတက္ကသိုလ်အားလုံး၏လျှောက်လွှာပိတ်ရက်သည် မေလ၂၃ရက်ဖြစ်ကာ ထိုရက်နောက်ပိုင်း တင်သွင်းလာသော လျှောက်လွှာများကို ပယ်ချပြီးဖြစ်ကြောင်း သိရသည်။

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်မည်

အဆောင်နေဝင်ခွင့် ရေးဖြေစာမေးပွဲကို မေလ၂၅ရက် မွန်းလွဲ ၂နာရီတွင် စစ်ကိုင်းမြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တွင် ကျင်းပမည်ဖြစ်ပြီး စာမေးပွဲလူတွေ့စစ်ဆေးခြင်းကို သီတဂူအဓိပတိဆရာတော်ကြီးပေးသည့်ရက်တွင် စစ်ကိုင်းမြို့သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တွင် ကျင်းပမည် ဖြစ်သည်။

ဒီပလိုမာအတန်းဝင်ခွင့်စာမေးပွဲကို မေလ၂၆ရက် မွန်းလွဲ ၂နာရီတွင် သီတဂူဗုဒ္ဓတက္ကသိုလ်အားလုံး၌ တပြိုင်တည်းကျင်းပမည်ဖြစ်ပြီး B.A&M.A First Semester ဝင်ခွင့်စာမေးပွဲကို မေလ ၂၇ရက် မွန်းလွဲ ၂နာရီတွင် သီတဂူဗုဒ္ဓတက္ကသိုလ်အားလုံး၌ တပြိုင်တည်းကျင်းပမည်ဖြစ်ပြီး Fresher Welcome Ceremony ကို သီတဂူအဓိပတိဆရာတော်ပေးသည့်ရက်တွင် သက်ဆိုင်ရာတက္ကသိုလ်များ၌ ကျင်းပမည်ဖြစ်သည်။
စစ်ကိုင်းမြို့၊ မန္တလေးမြို့၊ ရန်ကုန်မြို့၊ တောင်ငူမြို့နှင့် သန်လျင်မြို့တို့တွင် တည်ရှိသော သီတဂူဗုဒ္ဓတက္ကသိုလ်များတွင် သင်တန်းများကို ၂၀၂၂ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် စတင်သင်ကြားမည်ဖြစ်ကြောင်း သိရသည်။

စျာန်ထူးကို

Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/03/24/%e1%80%9e%e1%80%ae%e1%80%90%e1%80%82%e1%80%b0%e1%80%80%e1%80%99%e1%80%b9%e1%80%98%e1%80%ac%e1%80%b7%e1%80%97%e1%80%af%e1%80%92%e1%80%b9%e1%80%93%e1%80%90%e1%80%80%e1%80%b9%e1%80%80%e1%80%9e%e1%80%ad/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 3月 22, 2022 1:30 下午
下一篇 3月 24, 2022 3:20 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....