Myancopharmစတင်ထုတ်လုပ်ခြင်းအခမ်းအနားကျင်းပ

Summary : တရုတ်နိုင်ငံ Sinopharm (CNBG) နှင့် မြန်မာနိုင်ငံ စက်မှုဝန်ကြီးဌာန တို့အတူ တရုတ်-မြန်မာ ပူးပေါင်းထုတ်လုပ်သော Myancopharm ကိုဗစ်-၁၉ Vaccine စတင်ထုတ်လုပ်မှု အခမ်းအနားကို မတ်လ ၂၃ ရက်နေ့တွင် ကျင်းပကြောင်း သိရသည်။

တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်သော Myancopharm ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထုတ်လုပ်ခြင်း အခမ်းအနား ကျင်းပ

Myancopharmစတင်ထုတ်လုပ်ခြင်းအခမ်းအနားကျင်းပ

တရုတ်နိုင်ငံ Sinopharm (CNBG) နှင့် မြန်မာနိုင်ငံ စက်မှုဝန်ကြီးဌာန တို့အတူ တရုတ်-မြန်မာ ပူးပေါင်းထုတ်လုပ်သော Myancopharm ကိုဗစ်-၁၉ Vaccine စတင်ထုတ်လုပ်မှု အခမ်းအနားကို မတ်လ ၂၃ ရက်နေ့တွင် ကျင်းပကြောင်း သိရသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai ၊ မြန်မာနိုင်ငံ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသိန်း၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး စီးပွားရေးသံမှူး Mr. Tan Shufu ၊ မြန်မာနိုင်ငံသို့လာရောက်သော Sinopharm ကျွမ်းကျင်ပညာရှင်အဖွဲ့တို့ တက်ရောက်ကြပါသည်။

Myancopharmစတင်ထုတ်လုပ်ခြင်းအခမ်းအနားကျင်းပMyancopharmစတင်ထုတ်လုပ်ခြင်းအခမ်းအနားကျင်းပ

မြန်မာနိုင်ငံတွင် စတုတ္ထလှိုင်းအနေနှင့် ကိုဗစ်-၁၉ ရောဂါ ဗိုင်းရပ်စ်မျိုးကွဲ အိုမီခရွန် ပျံ့နှံ့နေဆဲဖြစ်ကြောင်း၊ Vaccine ထိုးနှံရမည့်သူ အားလုံး၏ ၁၀၀% ပြည့်မီအောင် ထိုးနှံနိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဖြင့် ပြည်သူလူထုကျန်းမာရေးအတွက် အာမခံချက်ရှိစေပြီး နိုင်ငံတော်၏ စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် Sinopharm Group ပူးပေါင်းထုတ်လုပ်သည့် Myancopharm ကိုဗစ်-၁၉ Vaccine ကို ယနေ့တွင် တရားဝင် စတင်ထုတ်လုပ်နိုင်ခြင်းသည် မြန်မာပြည်သူအားလုံး Vaccine ထိုးနှံနိုင်ရေးနှင့် ကာကွယ်ဆေးစွမ်းအားမြှင့် “Booster Dose” ထိုးနှံနိုင်ရေးအတွက် အရေးကြီးကြောင်း၊ Sinopharm Group က ထုတ်လုပ်မှုနည်းစဉ်များနှင့် အရည်အသွေးစမ်းသပ်စစ်ဆေးမှုနည်းစဉ်များကို သင်ကြားလေ့ကျင့်ပေးသည့်အတွက် မြန်မာနိုင်ငံထုတ် Vaccine သည် အရည်အသွေးကောင်းမွန်၍ စိတ်ချရကြောင်း၊ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ ဆက်လက်ကြိုးပမ်း၍ အခြား Vaccineများကိုလည်း ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက အမှာစကားပြောကြားရာတွင် ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး သံအမတ်ကြီး Mr. Chen Hai က အမှာစကားပြောကြားရာ၌ Sinopharm (CNBG) နှင့် မြန်မာနိုင်ငံတို့ ပူးပေါင်းထုတ်လုပ်သည့် ကိုဗစ်-၁၉ Vaccine တရားဝင်စတင်ထုတ်လုပ်နိုင်ခြင်းသည် တရုတ်-မြန်မာနှစ်နိုင်ငံ Vaccine မထုပ်ပိုးရသေးသောအရည် (RTF Bulk) ပူးပေါင်းဆောင်ရွက်မှုမှ ရလဒ်ကောင်းရရှိခြင်းကို ဖော်ပြနေကြောင်း၊ နှစ်နိုင်ငံ ကပ်ရောဂါတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ ဆေးဝါးကျန်းမာရေးပူးပေါင်းဆောင်ရွက်ရေး တို့အတွက် အရေးပါအနက်အဓိပ္ပာယ်ဆောင်နေကြောင်း၊ Sinopharm Group နှင့် မြန်မာနိုင်ငံ၏ Vaccine RTF Bulk ပူးပေါင်းထုတ်လုပ်မှုစက်ရုံသည် Sinopharm Group က အာရှ-ပစိဖိတ်ဒေသ၌ ပထမဆုံးတရားဝင်ထုတ်လုပ်သည့် ကိုဗစ်-၁၉ Vaccine စက်ရုံဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ Vaccine စသည့် ဇီဝထုတ်ကုန်များ မိမိဘာသာ ထုတ်လုပ်နိုင်မှုစွမ်းရည်ကို မြှင့်တင်ပေးပြီး ပြည်တွင်း Vaccine လိုအပ်ချက်ကို တစ်ဆင့်တိုးဖြည့်တင်းပေးကာ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ဆေးဝါး စက်မှုလုပ်ငန်း အဆင့်အတန်းကို မြှင့်တင်ပေးမည်ဖြစ်ကြောင်း ပြောကြားပါသည်။

Myancopharm ကိုဗစ်-၁၉ ကာကွယ်ဆေးကို ၂၀၂၂-၂၀၂၃ အတွင်း ၁၀ သန်းအထိ ထုတ်လုပ်ရန် ရည်ရွယ်ထားပြီး လာမည့် ဧပြီလတွင် ကျန်းမာရေးဝန်ကြီးဌာနသို့ လွှဲပြောင်း ဖြန့်ဖြူးပေးသွားမည် ဖြစ်ကြောင်း သိရသည်။

Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/03/27/myancopharm%e1%80%85%e1%80%90%e1%80%84%e1%80%ba%e1%80%91%e1%80%af%e1%80%90%e1%80%ba%e1%80%9c%e1%80%af%e1%80%95%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%a1%e1%80%81%e1%80%99%e1%80%ba/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 3月 24, 2022 3:24 下午
下一篇 3月 27, 2022 12:45 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....