အနုပညာရှင်အချို့အားလူမှုထူးချွန်တံဆိပ်ပေးအပ်

Summary : မတ်လ(၂၇)ရက်နေ့တွင် ကျရောက်သော (၇၇)နှစ်မြောက် တပ်မတော်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက လူပုဂ္ဂိုလ် ၈၈ဝ ဦးအား ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များကို ချီးမြှင့်အပ်နှင်းရာ အနုပညာရှင်အချို့အားလည်း လူမှုထူးချွန်တံဆိပ်ပေးအပ်ချီးမြှင့်ကြောင်း သိရသည်။

တပ်မတော်နေ့တွင် အနုပညာရှင်အချို့အား လူမှုထူးချွန်တံဆိပ် ပေးအပ်ချီးမြှင့်

အနုပညာရှင်အချို့အားလူမှုထူးချွန်တံဆိပ်ပေးအပ်

မတ်လ(၂၇)ရက်နေ့တွင် ကျရောက်သော (၇၇)နှစ်မြောက် တပ်မတော်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက လူပုဂ္ဂိုလ် ၈၈ဝ ဦးအား ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များကို ချီးမြှင့်အပ်နှင်းရာ အနုပညာရှင်အချို့အားလည်း လူမှုထူးချွန်တံဆိပ်ပေးအပ်ချီးမြှင့်ကြောင်း သိရသည်။

အဆိုပါ ဘွဲ့တံဆိပ်များအနက် အလင်္ကာကျော်စွာဘွဲ့နှင့် လူမှုထူးချွန်တံဆိပ်များတွင် ဂီတပညာရှင်၊ အတတ်ပညာရှင်၊ အနုပညာရှင်၊ ဒါရိုက်တာ၊ ဓာတ်ပုံပညာရှင်၊ အဆိုတော်တို့ကို ထည့်သွင်းပေးအပ်ခဲ့ခြင်း ဖြစ်သည်။

အနုပညာရှင်အချို့အားလူမှုထူးချွန်တံဆိပ်ပေးအပ်အနုပညာရှင်အချို့အားလူမှုထူးချွန်တံဆိပ်ပေးအပ်အနုပညာရှင်အချို့အားလူမှုထူးချွန်တံဆိပ်ပေးအပ်အနုပညာရှင်အချို့အားလူမှုထူးချွန်တံဆိပ်ပေးအပ်အနုပညာရှင်အချို့အားလူမှုထူးချွန်တံဆိပ်ပေးအပ်

အလင်္ကာကျော်စွာဘွဲ့ကို အနုပညာရှင်များဖြစ်သည့် စည်သူဗိုလ်ကလေးတင့်အောင်၊ ဦးညွန့်ဝင်း၊ ဦးဝင်းဦး၊ ကောလိပ်ဂျင်နေဝင်း ၊ ဒါရိုက်တာ ဦးကြည်စိုးထွန်း၊ တေးဂီတပညာရှင် ဂီတလုလင်မောင်ကိုကို တို့ကို ပေးအပ်သည်ဟု ထုတ်ပြန်ထားသည်။

အလားတူ လူမှုထူးချွန်တံဆိပ်အား ဂီတပညာရှင်၊ အတတ်ပညာရှင်၊ အနုပညာရှင်၊ ဒါရိုက်တာ၊ ဓာတ်ပုံပညာရှင်၊ အဆိုတော် ၄၈ ဦးအားပေးအပ်ရာ လူမှုထူးချွန်တံဆိပ် (ပထမဆင့်)တွင် နွဲ့ယဉ်ဝင်း၊ ရန်အောင်၊ မောင်တင်ဦး၊ ကျော်ဟိန်း၊ မို့မို့မြင့်အောင်၊ ချိုပြုံး၊ ဦးကျောက်လုံး၊ ဝါဝါဝင်းရွှေ၊ ခင်သန်းနု၊ ခင်သီတာထွန်း၊ နေအောင်၊ လွင်မိုး၊ ထွန်းအိန္ဒြာဗို၊ နေတိုး၊ ဒေါ်ရီရီသန့်၊ ဦးတင်ဦးလေး အပါအဝင် ၃ဝ ဦး ၊ လူမှုထူးချွန်တံဆိပ် (ဒုတိယဆင့်) တွင် ဒေါ်မြင့်မြင့်ခိုင်၊ ရဲအောင်၊ မြတ်ကေသီအောင်၊ မေသဉ္ဇာဦး၊ စိန်မွတ်တား၊ ခိုင်သင်းကြည်အပါအဝင် ၁၁ ဦး နှင့် လူမှုထူးချွန်တံဆိပ် (တတိယဆင့်) တွင် ခန့်စည်သူ၊ ဖိုးသောကြာ၊ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ ယဉ်လတ်၊ ယုန်လေး အပါအဝင် ၇ ဦးတို့ကို ပေးအပ်ခဲ့ကြောင်း သိရသည်။

တပ်မတော်နေ့တွင် ပေးအပ်သည့် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များတွင် စည်သူဘွဲ့၊ သီရိပျံချီဘွဲ့၊ ဇေယျကျော်ထင်ဘွဲ့၊ ဝဏ္ဏကျော်ထင်ဘွဲ့၊ အလင်္ကာကျော်စွာဘွဲ့၊ သိပ္ပကျော်စွာဘွဲ့၊ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်၊ ရဲဗလတံဆိပ်၊ စီမံထူးချွန်တံဆိပ် (ပထမအဆင့်)၊ စီမံထူးချွန်တံဆိပ်(ဒုတိယအဆင့်)၊ စီမံထူးချွန်တံဆိပ် (တတိယအဆင့်)၊ လူမှုထူးချွန်တံဆိပ် (ပထမဆင့်)၊ လူမှုထူးချွန်တံဆိပ် (ဒုတိယဆင့်) ၊ လူမှုထူးချွန်တံဆိပ် (တတိယဆင့်) ၊ စီးပွားထူးချွန်တံဆိပ် ဝန်ဆောင်စီးပွားထူးချွန်တံဆိပ် (တတိယဆင့်)၊ သိပ္ပံပညာထူးချွန်တံဆိပ် (ဒုတိယဆင့်)၊ သိပ္ပံပညာထူးချွန်တံဆိပ် (တတိယဆင့်)၊ ဝိဇ္ဇာပညာထူးချွန်တံဆိပ် (ပထမဆင့်)၊ ဆေးပညာထူးချွန်တံဆိပ် (ပထမဆင့်)၊ ဆေးပညာထူးချွန်တံဆိပ် (တတိယဆင့်)၊ နည်းပညာထူးချွန်တံဆိပ် (ပထမဆင့်)၊ နည်းပညာထူးချွန်တံဆိပ် (ဒုတိယဆင့်)၊ နည်းပညာထူးချွန် (တတိယဆင့်)၊ အနုပညာထူးချွန်တံဆိပ် (ပထမဆင့်)၊ စာပေပညာထူးချွန်တံဆိပ် (ပထမဆင့်) တို့ပါဝင်ကြောင်း သိရသည်။

ကောင်းကောင်း

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/03/29/%e1%80%a1%e1%80%94%e1%80%af%e1%80%95%e1%80%8a%e1%80%ac%e1%80%9b%e1%80%be%e1%80%84%e1%80%ba%e1%80%a1%e1%80%81%e1%80%bb%e1%80%ad%e1%80%af%e1%80%b7%e1%80%a1%e1%80%ac%e1%80%b8%e1%80%9c%e1%80%b0%e1%80%99/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 3月 27, 2022 12:46 下午
下一篇 3月 29, 2022 10:14 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....