COVID-19ကာကွယ်ဆေးနှစ်ကြိမ်အပြည့်ထိုးနှံပြီးသူ (21,803,150) ဦးရှိ

Summary : COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် COVID-19 ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ (၂၆-၃-၂၀၂၂) ရက်နေ့ အထိ လူဦးရေ စုစုပေါင်း (26,473,700) ဦးအား ထိုးနှံပေးပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ်အပြည့် ထိုးနှံပြီးစီးသူ (21,803,150) ဦးနှင့် ထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံပြီးစီးသူ (1,039,636) ဦး ရှိပြီဖြစ်

COVID-19ကာကွယ်ဆေးနှစ်ကြိမ်အပြည့်ထိုးနှံပြီးသူ (21,803,150) ဦးရှိ

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် COVID-19 ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ (၂၆-၃-၂၀၂၂) ရက်နေ့ အထိ လူဦးရေ စုစုပေါင်း (26,473,700) ဦးအား ထိုးနှံပေးပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ကာကွယ်ဆေးထိုးနှံပြီးစီးသူများအနက် ပထမအကြိမ်ထိုးနှံပြီးစီးသူ (4,670,550) ဦး၊ ကာကွယ်ဆေးနှစ်ကြိမ်အပြည့် ထိုးနှံပြီးစီးသူ (21,803,150) ဦးနှင့် ထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံပြီးစီးသူ (1,039,636) ဦး ရှိပြီဖြစ်သဖြင့် (၂၆-၃-၂၀၂၂) ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း (49,316,486) ကြိမ် ထိုးနှံပြီး ဖြစ်ကြောင်း သိရသည်။

(၂၇-၃-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီထုတ်ပြန်ချက်အရ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၃၀) ဦး တွေ့ရှိပြီး ရောဂါ ပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၁.၂၉) ရာခိုင်နှုန်း ရှိသည်။

ယနေ့အထိ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၆၁၀,၈၅၈) ဦး ရှိပြီ ဖြစ်ပြီး ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း (၅၆၈,၃၄၉) ဦး ဆေးရုံမှဆင်းခွင့်ရရှိပြီး ဖြစ်ကာ COVID-19 ရောဂါဖြင့် သေဆုံးသူစုစုပေါင်း (၁၉,၄၃၀) ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

ရှမ်းချန်

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/03/29/covid-19%e1%80%80%e1%80%ac%e1%80%80%e1%80%bd%e1%80%9a%e1%80%ba%e1%80%86%e1%80%b1%e1%80%b8%e1%80%94%e1%80%be%e1%80%85%e1%80%ba%e1%80%80%e1%80%bc%e1%80%ad%e1%80%99%e1%80%ba%e1%80%a1%e1%80%95%e1%80%bc/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 3月 29, 2022 10:13 上午
下一篇 3月 31, 2022 4:32 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....